Showing posts with label Atee's Personal Facts. Show all posts
Showing posts with label Atee's Personal Facts. Show all posts

Monday, September 16, 2013

on 1 comment

အတီး ဘင်္ဂလီ၊ ဘင်္ဂလီ အတီး၊

ကျွန်တော့ အကြောင်း သိပ်သိချင်နေသူများ အတွက် လူလွန့်မသားတစ်ယောက်ကို အကြောင်းပြု၍ဒီ စတေးတပ်ကို ရေး၍တင်ရသည်။သိပြီးသူများလဲ သိပြီးသားဖြစ်မှာပါ၊ တကယ်တော့ ဒီ အကောင့်ဟာ ကိုယ်ပိုင် မျက်ခွက်ကြီးကို မတင်တာက လွဲ၍ ဘာ အချက်အလက်မှ လိမ်ပြီး တင်ထားတာမပါပါခင်မျာ။ အတီး ဘယ်သူဖြစ်တယ်၊ ဘယ်မှာနေတယ် ဆိုတာလဲ အတော်များများသိပြီးသားဖြစ်လို့ ရှည်ရှည်ဝေးဝေး ဘာမှ ထပ်မရှင်းပြတော့ပါဘူး၊ ပြောထားတာကိုလဲ ကြည့်ဦး။

De Nial Zaw
(ဒီ ဂရုထဲမှာရှိနေသော ( အတီး ၀ါးလုံးရှည် ) https://www.facebook.com/profile.php?id=100005176029811 ဆို တဲ့ သူဟာ ပြည်ပရောက် မွတ်စလင် လူမျိုးဖြစ်ပြီး ။ မြန်မာ့ သမိုင်းကို လေ့လာကာ သမိုင်း၏ ယိုကွက် ၊ ဟာကွက်များ ၊ အိပ်ယာဝင် ပုံပြင်များ ၏ အားနည်းချက် ၊ များတွင် ကုလား ဇာတ်များအတင်း သွတ်သွင်းပြီး မြန်မာသည် ကုလားမျိုးမှ ဆင်းသက်လာသည့် ၊ မြန်မာ စာပေသည် ကုလားစာပေမှ ဆင်းသက်လာသည် ။ ရိုဟင်ဂျာ ဆိုသည့် ကုလားမျိုးသည့် ရှေးယခင်ကပင် ရှိခဲ့ဟန်ဖြင့် လီဆည် လှည့်ဖြား ပြီး ၊ သမိုင်းအတုများ ဖန်တီးကာ ၊ ကုလား ဇာတ်သွင်းနေသည့် ပြည်ပရောက် ဘင်္ဂလီ မွတ်စလင် တစ်ယောက်ဖြစ်ပါသည် ။ )

အတီး ပြည်ပမှာ နေတယ်ဆိုမှာ မင်းပြောမှ မဟုတ်ဘူး၊ လူတိုင်းသိတဲ့ ကိစ္စကြီး၊ အဟက် မွတ်စလင် လူမျိုးပါတဲ့ ခင်မျာ၊ မွတ်စလင် ဆိုတာ လူမျိုးမဟုတ်ဘူး ဟ၊ဘာလဲ ဆိုတာ အင်တာနက်မှာ အရင်လိုက်ရှာ၊ မတွေ့ရင် ဗလီရှေ့မှာမှာ ဆောင့်ကြောင့်ထိုင်ပြီး သွားမေး၊ ကံကောင်းရင် အသပြာလေး ဘာလေးတောင် အဆင်ပြေလာနိုင်သေးတယ်၊

မြန်မာစာပေ ဆိုတာ ကုလား စာပေက မဆင်းသက်လာလို့ မင်း ဘိုးအေ အနော်ရထာမင်းကြီးက ခြင်ထောင် ထဲမှာ ရေးပြီး တီထွင်ခဲ့တာလား? မင်း ပထွေး ကျန်စစ်သား က မင်းသမီးတွေကို စာလိုက်ပေး အငယ်အနှောင်း စမော ကီပင်လေးတွေကို လက်စွပ်ပေး ရင်တွင်းဖြစ်တွေ ရေးချရာက စကားလုံးတွေ စဖြစ်ပေါ်လာတာလား? တကယ်တော့ မြန်မာ စာပေက ကုလားစာပေ က ဆင်းသက်သက်၊ တရုတ် ကပဲ ကူးချချ ဘာမှာမှ ရှက်စရာမှ မရှိတာပဲ၊ ရခိုင်၊မြန်မာ၊ ကမ္ဘောဒီးယား စတဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ စာပေက ဒီ ကုလားစာကပဲ ဆင်းသက်လာခဲ့လို့ ဘာမှ ရှက်စရာ မရှိပါဘူး။ ငြင်းချင်ရင်တော့ လာခဲ့ပါ။ အထောက်အထားနဲ့တကွ ကြိုဆိုနေပါ့မယ်၊ ယဉ်ကျေးစွာ ဆွေးနွေးနိုင်မယ် ဆိုရင်ပေါ့၊

ငါရဲ့ အဖေ ဘက်က ကရင်လူမျိုး၊ အဖိုးရော အဖွားရော၊ ကရင်ပြည်နယ်မှာပဲ မွေးတယ်၊ ငါ့အ မေဘက်က အဘိုး စစ်ကိုင်းသား၊ အဘွား မွန်လူမျိုး ရေမရောဘူး၊ ဘီလူးကျွန်းဇာတိစစ်စစ် ရေမရောဘူး။ မင်းပြောသလို ဘင်္ဂလီ ဆိုတာ လက်လှမ်းမှီသလောက် အထက် သုံးလေးဆက် မှာ တစ်ယောက်မှ မပါဘူး၊ ဒီထက် အရင်တော့ ငါလဲမသိသလို ဘယ်သူမှ မသိနိုင်တော့ဘူး။ နို့ နေစမ်းပါဘူး၊ ဘင်္ဂလီ သွေးပါတော့ကော ဘာဖြစ်မှာမို့လို့လဲ၊ လောကမှာ ဘယ်လူမျိုးကမှ နောက်တစ်မျိုးထက် မြင့်မြတ်တာတို့၊ နိမ့်ကျတာတို့မှ မရှိတာ၊ ကိုယ့်ဟာကို နေရင်း ထိုင်ရင်း အသားလွတ် မြန်မာလူမျိုးဖြစ်လို့၊ ဗုဒ္ဓဘာသာဖြစ်လို့၊ မွတ်စလင်ဖြစ်လို့ ဆိုပြီး ဘုမသိ ဘမသိနဲ့ ဂုဏ်ယူနေကြတာကြီးကမှ သောက်တလွဲ ရှက်ဖို့ ကောင်းရမှာ။

ငါ့ အဘိုးလေး(အဘွားရဲ့မောင်) ကျောင်းထိုင် ဆရာတော် အခုထိ သက်တော်ထင်ရှား ရှိသေးတယ်၊ ဖူးချင်ရင်ပြောလိုက်ပို့ပေးမယ်။ အမျိုးထဲမှာ ခရစ်တော်ကို ယုံကြည်သလို၊ မင်းကြီး၊ မင်းလေး၊ ကိုကြီးကျော်၊အမေ နံကရိုင်း ကိုးကွယ် ဆည်းကပ်သူတွေလဲရှိတယ်။သူတို့ဟာသူတို့ ယုံကြည်လို့ ငါတို့ မျိုးရိုး ဂုဏ်သိက္ခာ ဘာမှ ထိခိုက်စရာ မရှိပါ။ အတီး ငယ်ငယ်တုန်းက ရိုးရာပါလို့ တီရှပ် အနက်ရောင် မဝတ်ရ၊ ငါးရံ့ မစားရ ဘူးလို့ အဖွားက ထိန်းချုပ်ဖူးတယ်၊ အတီးကလဲ လိမ္မာပါတယ်။ အဝတ်အစား ဝတ်ရင် အောက်က ဖိုက်အိုဝမ်း ဘောင်းဘီပင်ကျပ် အမည်းနဲ့ အပေါ်က ဗန်ရှပ် အမည်း အောဘလက်လောက်ဝတ်မှ လှတယ်လို့ ထင်တတ်တာ။

ငယ်ငယ်တုန်း အတီး နေမကောင်းဖြစ်ပြီး နာလန်ထခါစ အဖွားက ဘာဟင်းစားချင်လဲလာမေးတော့ အတီး အကြိုက်ဆုံး ငါးရံ့နဲ့ ရဲယိုရွက် ချက်ပေးပါလားလို့ပြောလိုက်တာ၊ ခွေးမသားလူပါးဝလို့ဆိုပြီး အဖိုးက တံမြက်စည်းထဆွဲပြီး လိုက်တာ အပြေးကောင်းပြီး နာလန်ထခါစ အတီး ချောင်းသာထိရောက်တဲ့ အထိပါပဲ။ အခုတော့ အဖိုးကော အဖွားကောမရှိတော့ပြီ၊ အတီးစားချင်တာလဲ စားလို့ ရနေပေမဲ့ ဘယ်သူမှ ချက်မက္ဈေးလို့ ဘာမှ မစားရသလို့ ချောင်းသာလဲ မရောက်ဖြစ်တာ အတော်တောင် ကြာနေပါပြီ။

သမိုင်းကို ဝါသနာပါလို့ လေ့လာတယ်၊ အမြင်မတော်တာ ရှိရင် ဝင်ပြောတယ်၊ ဒီလိုပြောလို့ ဆရာကြီးလုပ်တယ် မထင်နဲ့၊ ငါကိုယ်တိုင်လဲ ဘာမှ မတတ်သေးဘူး၊ ဆွေးနွေးချင်ရင်တော့ အထောက်အထားနဲ့တကွလာခဲ့ပါ၊ ငါ့အကြောင်း မဟုတ်က ဟုတ်ကတွေ ဟိုမှာလျှောက်ရေး ဒီမှာ လျှောက်ရေး လုပ်မနေနဲ့၊ ပင်ပန်းတယ်၊ နာမည်တပ်ပြီး ဒဲ့လာရှင်းပါ၊ကြိုတော့ ပြောထားပါ့မယ်၊ ကိုယ့်အိမ်ကိုယ်မီး ပြန်ရှို့တယ် ဆိုတဲ့ လှိမ့်လုံးလောက်ကို ယုံတဲ့ ဦးနှောက်လောက်နဲ့တော့ တက်မလာပါနဲ့၊ အချိန်ကုန်ခံပြီး အကြောင်းပြန်မှာတော့ မဟုတ်ပါ။

ဒီနေရာမှာ ကြုံလို့ တခါတည်းပြောလိုက်ပါ့မယ်၊ ရိုဟင်ဂျာသည် တိုင်းရင်းသား ဟုတ်မဟုတ်ကို တခါမှလည်း လော်ဘီ မလုပ်ဖူးသလို အားလဲ မပေးဖူးပါ၊ သူတို့ အလုပ်သူတို့ လုပ်နေတာပဲဖြစ်လို့ ဘာမှပြောစရာ မရှိတာပဲ၊ ရိုဟင်ဂျာကို ဘင်္ဂလီသွားခေါ်လို့ လဲ ဘာမှ ယုတ်ညံ့နစ်နာစရာမရှိပါ၊ တကယ်တော့ ဒီလူတွေဟာ တိုင်းရင်းသားဆိုတဲ့ စံသတ်သတ်မှတ်မှတ် မရှိသေးတဲ့ နိုင်ငံတစ်ခုမှာ သွားတောင်းနေလို့ တကယ် တိုင်းရင်းသားဖြစ်လာရင်တောင် နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားမမှူ မရှိသေးသ၍ ဒီပြဿနာ တွေက ပြီးဆုံး သွားမှာမှမဟုတ်တာနဂို တိုင်းရင်းသား ဖြစ်တဲ့ ကချင်၊ ကရင်တွေတောင်မှ မထင်ရင် မထင်သလို ရွာမီးရှို့၊ အမြှောက်နဲ့ ထုခံနေရတာပဲ။ ဒီလိုပြောပြန်လို့ စစ်တပ်မကောင်းဘူးချည်းပဲ ထိုင်ဆဲမယ်လို့တော့ မထင်နဲ့၊ သွားလေသူ ငါ့အဖိုး က ဗိုလ်မှူး ၊ ငါ့ အဖေ ကိုယ်တိုင်လဲ စစ်မှူးထမ်းဟောင်းတစ်ယောက်ပဲ၊ ငယ်ငယ်လေးထဲက အရိုက်ကြမ်းတဲ့အဖေ့ရဲ့ တသွေးတသံ တမိန့်အောက်မှာ ကြီးပြင်းလာခဲ့ရသလို့ ရာထူးနဲ့ တံစိုးလက်ဆောင် ဆက်စပ်မှူတွေ၊ စစ်တပ် အသိုင်းအဝိုင်း အချင်းချင်းကြားက ဖြုတ်ထုတ်သတ်တွေ အကြောင်း အတော်များများသိတယ်။

ဆောရီးပါ၊ ပါစင်နယ်တွေ အရမ်းများသွားပြီ။တော်လောက်ပြီ၊ ကဲဘာသိချင်ကြသေးလဲ။

အတီး (ဝါးလုံးရှည်)


on Leave a Comment

ဆပ်ပြာကျလို့ ကုန်းကောက်တာမှ ဖင်ကြီးပါထပ်ပြောင်သွားတဲ့ ပဲခူးတိုင်း ဝန်ကြီးချုပ်ရဲ့ဖြစ်စဉ်


Photo Credit: Internet 

မြွေနဂါးတောင် မကြောက်ဘူး ဆိုတဲ့ ပဲခူးတိုင်းဝန်ကြီးချူပ် ပေမဲ့ အွန်လိုင်းက ငဖွတွေရဲ့ ရန်ကိုတော့ ကြောက်ရှာသား။့ သူ့ခမျာ နောက်တစ်ရက်မှာ ရေထဲထပ်ဆင်း၊ပုဆိုးကြီးမပြီး ဓာတ်ပုံ အရိုက်ခံရရှာတယ်။ 

ဟီးဟီး၊ လိမ်ချင်ရင်လဲ ပိပိရိရိလေးတော့ လိမ်ပါ ဝန်ကြီးရယ်။ တိုက်ပုံလေး တူအောင်ပြန်ဝတ်ပြီး အရင်နေ့က မျက်နှာငယ်လေးတွေနဲ့ လှေတွန်းပေးရတဲ့ လူတွေပြန်ရှာ၊ အဲဒီလူတွေမရရင်တောင်မှ အခြားပြည်သူလို့ ထင်ရတဲ့ တွေ့ကရာ လူတွေထည့်ရိုက်လိုက်ပြီးတာပါပဲ၊ ပြီးစလွယ် နဲနဲနဲ့ ကျဲကျဲဝိုင်းလိုက်တော့ အရှက်ကွဲတာပြန်ဆယ်ပါတယ် ဆိုပါမှ ဆပ်ပြာကျလို့ ကုန်းကောက်တာကို ပုဆိုးကျွတ်ကျပြီး ဖင်ပြောင်ကြီးဖြစ်ကာ တစ်ရှက်က နှစ်ရှက်ကွဲရတော့တာပါပဲ။ နောက်ရက်ဆိုရင်တော့ လက်ပစ်ကူးတို့၊ ခွေးကူးကူးနေတဲ့ ပုံတွေပါ တက်လာမလားတော့ မပြောတတ်ပါ။

ဘာပဲဖြစ်ဖြစ် အပြုသဘောမြင်ရရင်တော့ ကောင်းပါတယ်။ အောက်ခြေကပြည်သူတွေ အတွက်တော့ ထားရာနေ၊စေရာသွား အာဏာရှင် လုပ်သမျှခံနေရတဲ့ ဘဝကနေ အာဏာရှင်တွေရဲ့ အမှားကို ပြန်ထောက်ပြ ၊ပြောပြလုပ်နိုင်တဲ့လက်နက်တစ်ခုရသွားတာပေါ့လေ။ အွန်လိုင်းရဲ့ ဖော်ပြမှုတွေကို အရေးစိုက်လာရတဲ့သဘောလည်းသက်ရောက်သွားတာပေါ့။ အတိုက် အခံကောင်းမှန်ရင် အစိုးရက မှားတာလုပ်နေရင် ရဲရဲကြီးကို ထောက်ပြနိုင်ရပါတယ်၊ ဒါမှသာလျှင် တကယ့်အတိုက်အခံ စစ်စစ်ဟု ပီသစွာ ခေါ်ဆိုနိုင်မည်ဖြစ်ပါတယ်။

အခုတော့ ဒီလိုမဟုတ်ပါ၊ အတိုက်အခံ ပါတီက အစိုးရကို ထောက်ပြနိုင်ဖို့ နေနေသာသာ ၊အမှန်တရားကို ထုတ်ပြောမိတာနဲ့ ကိုယ်ရတဲ့နေရာလေးပျောက်သွားမှာစိုးရိမ်ရလို့ လို့ နှုတ်ပိတ်နေရတဲ့ဘဝ။ တကယ်က အွန်လိုင်းက ပြောမှ ပြုတာထက် မိမိကိုယ်ကို လူစိတ်ရှိအောင် မွေးနိုင်ကြရင် အဆင်ပြေပြီ။ ကျွန်တော်ကတော့ အဲဒီလို ပြည်သူတွေအပေါ် အစစ်အမှန် မေတ္တာမရှိတဲ့ အာဏာရှင်တွေအနေနဲ့ ရေကြီးတဲ့နေရာကို လှေနဲ့ပဲသွားသွား၊ ပုဆိုးခါးတောင်းကျိုက်ပြီးပဲသွားသွား၊ ခွေးကူးပဲကူးပြီးသွားသွား စိတ်မဝင်စားဘူးခင်မျ။ ရေဘေးဒါဏ်ခံနေရတဲ့ အောက်ခြေကပြည်သူတွေရဲ့ ဒုက္ခရောက်နေတဲ့အခြေအနေ ဘယ်လောက်တိုးတက်သွားပြီလည်း ရေဘယ်လောက်ကျသွားပြီလည်း ဆိုတာပဲ စိတ်ဝင်စားတယ်။

ဒီနေရာမှာ ဒီလို အစိုးရလို့ မသုံးပဲ အာဏာရှင် လို့ သုံးရတဲ့ အတွက်လည်း ကိုယ့်လိပ်ပြာကိုယ်သန့်တယ်။ အကြောင်းကတော့ ဘယ်ပြည်သူမှလဲ မထောက်ခံပဲကိုယ့် ဟာကို ခပ်တည်တည်နဲ့ အဝတ်အစားလဲပြီး လွှတ်တော် အအေးခန်းထဲ တက်ထိုင်နေတဲ့ လူတွေ အတွက် ဘယ်တုန်းကမှ မထောက်ခံဘူးသလို့ နာဂစ်တုန်းကလည်း ကိုယ့်အိမ်အမိုးတောင် ကောင်းကောင်းလုံအောင် မဖုံးနိုင်သေးတာတောင်မှ အခြေခံဥပဒေကို တကူးတက သွားပြီး ကြက်ခြေခတ်ကြီး သွားထည့်ပေးထားလို့ပါပဲ။

ဒီလိုပြောလို့ မင်းကကော ဘယ်လောက်တတ်လို့ နိုင်ငံရေးပါရဂူလုပ်ချင်ရတာလဲ?မင်းကကောဘယ်လောက် လုပ်ပြီးပြီမို့လို့လဲ ဆိုတဲ့ စကားနာထိုးချင်သူများအဖို့ တစ်ခါတည်းကြိုပြောလိုက်ပါ့မယ်။ဟုတ်ကဲ့၊ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး အလှည့်အပြောင်း အချိုးအကွေ့တိုင်း လိုအပ်တဲ့ အချိန်တိုင်းမှာ ရေသာမခိုပဲ ပါဝင်ခဲ့ဖူးပါသည်။

အတိအကျ သိချင်ရင်လည်း ပြောပါ့မည်၊

၈၈ အရေးအခင်း မဖြစ်မှီ တနှစ် အလိုတွင်သာ မွေးပြီးလူဖြစ်လာရဖြစ်သည်။ ထို့ကြောင့် ၈၈ အရေးအခင်းဖြစ်ချိန်တွင် တစ်နှစ်ကျော်သာရှိသေးသည်။ သို့သော်လည်း အဲဒီ အချိန်တုန်းက ရင်သွေးငယ်များ သမဂ္ဂတို့၊ ပူတူတူးလေးများ ကွန်ရက်တို့ ဘာတို့ မပေါ်သေးတော့ အတီးတစ်ယောက်လည်း အဖေ၊ အမေ ရင်ခွင်ထဲတွင်သာနေရင်း ဆန္ဒပြ လူတန်းကြီးကိုကြည့်ကာ လက်ခုပ်သာတီးခဲ့ရလေသည်။

အလယ်တန်း၊ အထက်တန်း ကျောင်းသား ဘဝရောက်တော့ နည်းနည်းတိုးတက်လာသည်။
နိုင်ငံရေး အခြေအနေ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်သည်ကြားသည်နှင့် တပြိုင်နက် ကျောင်းသို့မသွားတော့ပဲ ရန်ကုန် ဒလ သင်္ဘောအား တနေကုန် ခေါက်တုံ့ခေါက်ပြန်စီးခြင်း၊ ကမ်းနား၌ ရေကူးခြင်း၊ စွန်လွှတ်ခြင်း၊ငါးမျှားခြင်း၊ ရသမျှ မုန့်ဖိုးကုန်အောင် ဂိမ်းဆိုင်၌ ထိုင်ကာ ဂိမ်းဆော့ခြင်း စသည့် နည်းလမ်းမျိုးစုံနှင့် ကျောင်းမတက်ပဲ ကျောင်းပြေးကာ အာဏာရှင်အား တော်လှန်ခဲ့ဖူးသည်၊ ဒီထက်ပို၍ ဘာလုပ်လို့လုပ်ရမည်မှန်းလဲ မသိ၍ဖြစ်သည်။

ဒီလိုနဲ့ပဲ တက္တသိုလ် ကျောင်းသား ဘဝရောက်ပြန်တော့လည်း အဖြူရောင် ကမ်ပိန်းနှင့် ကြုံသည်နှင့် သူများထက် ထူးအောင် အပေါ်ကော အောက်က ဘောင်းဘီပါ အဖြူရောင် ထည်ထည်ကြီး ကိုယ်တိုင်လည်း ဝတ်သလို လူများတွေကိုလည်း လိုက်လံ နှိုးဆော်သဖြင့် ရုံးခန်းရောက်ကာ ကဲမင်းတို့တတွေ လက်ချာခန်းထဲ မရောက်ပဲ ထန်းတောထဲပဲ ရောက်နေမဲ့ အတူတူ စာမေးပွဲဖြေမှသာ လာဖြေကြတော့ကွာဟူ၍ ပါချုပ်၏ အနားပေးမှူကို ကြည်ဖြူစွာ ခံယူဖူးသည်။

ဟော ကျောင်းအပြီး သိပ်မကြာပါ။ ရွှေဝါရောင်တော်လှန်ရေး ဖြစ်သည်နှင့် အတူ မိုးဦးကျမှာ ပေါက်သည့်မှိုများ အလား များပြားလှသည့် ကျောင်းသားခေါင်းဆောင်ဆိုသည့်ကိုယ့်ထက် ငယ်သည့် ညီငယ်များ အကြား ကျောင်းသားနောက်လိုက် လုပ်ဖူးသည်။ရှေ့မထွက်ချင်၊ မထွက်ရဲ၍တော့ မဟုတ်။မဟုတ်က ဟုတ်က ပေါက်ကရ အော်နေသော သူငယ်ချင်းများ၊ညီငယ်များ၊ ဖျက်လိုဖျက်စီး လုပ်ချင်သော လူများ၊ စစ်သားတွေကို ခဲနဲ့ပြန်ထုနေသော လူများကိုသာပတ်ထိန်းရင်း တော်လှန်ရေး တလျှောက် ကျောင်းသားနောက်လိုက်အဖြင့် သာ အချိန် ကုန်သွားခဲ့ရသည်။

အခုမှ စကားစပ်ရင်းနဲ့ ကြုံလို့ သတိရတယ်။

မျိုးချစ်ဝါဒီများ၊ ဘာသာ သာသနာအတွက် သူရဲကောင်းများ၊ ၉၆၉ သင်္ကေတများ မှာ သံဃာတော်များ စစ်ဖိနပ်အောက်မှာ ရိုက်နှက်ခံ အသတ်ခံ ကန်ကြောက်ခံနေရတုန်းကတော့ ဘယ်ရောက်နေမှန်း မသိပါ။ တိုင်းပြည်မှာ အနည်းငယ်လွတ်လပ်ပွင့်လင်းမယ် ကြံကာရှိသည်၊ နောက်ပြန်လှည့်ရန် သက်သက်ဖြင့် ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ကာ အကြံပက်စက်ချင်နေကြပြီ။

မူရင်း ပို့စ် အဆိုကို ပြန်ကောက်ယူရသော်
အွန်လိုင်းပဲဖြစ်ဖြစ်၊ ဘယ်ကပဲဖြစ်ဖြစ် ပြောမှသိ ထိမှနာ တာထက်စာရင် လူပီသပြီး လူစိတ်ရှိစွာဖြင့်ပြည်သူမှန်ရင် ကျောသားရင်သား မခွဲခြားပဲ ဘယ်နေရာပဲရောက်ရောက် မဲရရန်သက်သက် စိတ်မကူးပဲ တကယ့် မေတ္တာစစ်နဲ့ သွားရောက် ကူညီပေးနိုင်ရန်သာလိုအပ်ပါသည်။

ရေကြီးတာလဲ ဒုက္ခသည်ဖြစ်သလို မီးရှို့ခံရတာလည်း ဒုက္ခသည်ဖြစ်ကြောင်း သိစေချင်သည်။
ခွေးကူးပဲကူးကူး၊လေးဘက်ထောက်ပြီးပဲရောက်အောင်လာလာ ကျွန်တော်တို့ ပြည်သူများမှ ဝမ်းပန်းတသာ ကြိုဆိုပါမည်ဖြစ်ပါကြောင်း။


အတီး (ဝါးလုံးရှည်)