Showing posts with label China. Show all posts
Showing posts with label China. Show all posts

Monday, February 11, 2013

on Leave a Comment

တရုတ်နိုင်ငံရဲ့ ဆိုးရွားလွန်းခဲ့ဖူးတဲ့ သမိုင်း အပိုင်းအစ အချို့

လူသားသမိုင်းမှာ ဖြစ်ပွါးခဲ့တဲ့ လူအသေအပျောက် အများဆုံးဖြစ်စဉ်တွေထဲမှ ကိန်းဂဏန်း အများဆုံးနဲ့ အရက်စက်ဆုံး အကြမ်းတမ်းဆုံး ဖြစ်စဉ်တခုကို သင်သိပါသလား?? အဖြေမှန်ကတော့ ၁၉၅၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အတွင်းမှာ ကျွန်တော်တို့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ဖြစ်ပွါးခဲ့တဲ့ အငတ်ဘေးဆိုက်မှု ကြီးပဲဖြစ်ပါတယ်။

ထုံးစံအတိုင်း တရုတ်အစိုးရရဲ့ တရားဝင် ကိန်းဂဏန်း ထုတ်ပြန်မှူများအရ လူဦးရေ ၁၅ သန်းလောက်သာ ဖိတ်စင်ခဲ့တယ်လို့ ဆိုခဲ့ပေမဲ့ ပညာရှင်များရဲ့ ခန့်မှန်းမှူအရ အနည်းဆုံး ၄၅သန်းထက် မလျော့နိုင်ဘူးဟု သိရပါတယ်။
The photo of The Great Chinese Famine, 1958–1962
ဒီကိန်းဂဏန်းတွေထဲမှာ အငတ်ဘေးကြောင့် သေဆုံးခဲ့သူများအပြင် တရုတ် ဗဟို အစိုးရရဲ့ နိုင်ငံရေး ပြိုင်ဖက် အတိုက်အခံများကို ဖမ်းဆီး နှိပ်စက် ညှင်းပန်းခြင်းကြောင့် သေဆုံးရသူ အရေအတွက်ပါ ပါဝင်ပါတယ်။

ဒီလို ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုးကြီး စတင်ဖြစ်ပွါးခဲ့ရတဲ့ အခြေခံ အကြောင်းရင်းကတော့ တရုတ်နိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ စိုက်ပျိုးမြေများ ဟာ မိုးရေလုံးဝမရရှိပဲ မိုးခေါင်မှူမှ စတင်ပါတယ်။ တချိန်တည်းမှာပဲ တရုတ်နိုင်ငံရဲ့ တခြားဒေသတွေမှာ ရေကြီးခြင်းနဲ့ ပုံမှန်မဟုတ်တဲ့ရာသီ ဥတုဖောက်ပြန်ခြင်း တို့ တချိန်တည်းမှာပဲ ဖြစ်ပေါ်ခဲ့ပါတယ်။ လေလာသူများရဲ့ သုံးသပ်ချက်အရ ဒီဆိုးရွားလှတဲ့ ဖြစဉ်ကြီးရဲ့ တရားခံ အကြောင်းရင်း ၃၀ရာခိုင်နှုန်းဟာ သဘာဝဘေး အန္တရယ်ကြောင့်သာ ဖြစ်ပြီး ကျန်တဲ့ ၇၀ရာခိုင်နှုန်းကတော့ လွဲမှားတဲ့ စီမံခန့်ခွဲမှူကြောင့်လို့ ဆိုပါတယ်။

ဒီလို လွဲမှားတဲ့ စီမံခန့်ခွဲမှူဆိုရာမှာ မအောင်မြင်တဲ့ စိုက်ပျိုးရေး စနစ်အသစ် ကိုအတင်းအကျပ် ပြောင်းလဲ အသုံးပြုခိုင်းခြင်း ၊မြေယာများ အား အစိုးရပိုင်ပြုလုပ်ခြင်း တို့အပြင် နှေးကွေး လေးလံလှတဲ့ ဗဟို အစိုးရ ချုပ်ကိုင် ကြိုးနီစနစ်တို့ စတဲ့ အလွန်လွဲမှားတဲ့မဟာ စီမံခန့်ခွဲမှူ အမှားတော်ပုံကြီးလို့ ပင်ခေါ်နိုင်လောက်ပါသည်။ အငတ်ဘေးဆိုက်မှု အတွင်းမှာ လူများသာမက ကြွက်များပါ ငတ်မွတ်မှူကြောင့် သေဆုံးရတယ် လို့ ဆိုပါတယ်။  
လူများဟာ ရရာ အစာကိုရှာဖွေ စားသုံးရာမှ ခွေးများ၊ကြောင်များ အစရှိတဲ့အိမ်မွေးတိရိစ္ဆာန် များကို စားသုံးရာမှ ကိုယ့် အသက်ရှင်ရပ်တည်ရေး အတွက် လူအချင်းချင်းသတ်ဖြတ်စားသုံးတဲ့အထိ ရက်စက်ကြမ်းကြုတ်ကုန်ကြပါတော့တယ်။

ဒီလို ကပ်ဆိုက်နေတဲ့ သုံးနှစ်တာ ကာလအတွင်းမှာ တရုတ်လူမျိုးတွေဟာ မြန်မာနိုင်ငံ အပါအဝင် ဗီယက်နမ်၊ ထိုင်းနိုင်ငံ အစရှိတဲ့ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ခွါသွားကြ ရပါတော့သည်။

ဒါကြောင့် ယနေ့တွေ့မြင်နေရတဲ့ မြန်မာပြည်ပေါက် တရုတ်လူမျိုးများ အပါအဝင် ကမ္ဘာအနှံ့မှာ ပြန့်ကျဲနေတဲ့ မျက်မှောက်ခေတ် တရုတ်လူမျိုးတွေဟာ သမိုင်းပေး သင်ခန်းစာအရ အလုပ်ကို အင်အတန်မှ ကြိုးစားလုပ်ကိုင်ပြီး နောင်ရေးအတွက် စုဆောင်းကြတာ ကို အတော်များများ တွေ့ရနိုင်ပါတယ်။

ကျွန်တော့အမြင်ကတော့ တရုတ်လူမျိုးမှ မဟုတ်ပါဘူး။ ဘယ်လူမျိုးမဆို တခါသေဘူး ပျဉ်ဖိုးနားလည်ဆိုတဲ့ စကားပုံအတိုင်းပါပဲ ဆင်းရဲတွင်းနက်ဖူးတဲ့ ဘယ်သူမဆို အဆင်ပြေပြီး တဲ့နေရာတခုခုကို ရရှိပြီးပြီဆိုရင်တော့ တဖန်ပြန်လည် ဆင်းရဲမှာကို သေမလောက် ကြောက်တတ်ကြပါတယ်။ တခြားမကြည့်ပါနဲ့။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ရှိတဲ့ငှါနဆိုင်ရာ အကြီးအကဲ တွေရဲ့လာဘ်စားမှူ အခြေအနေကိုသာ သုံးသပ်ကြည့်ပါ။ 
ငယ်စဉ်တောင်ကျေးဘဝ ဆင်းရဲတွင်းနက်ခဲ့သူနဲ့ ပုံမှန် ဘဝကို အဆင်ပြေပြေ ဖြတ်သန်းလာခဲ့ကြသူ တို့ယှဉ်ကြည့်ရင် ငယ်စဉ်က ဆင်းရဲခဲ့သူမှာ ပုံမှန်မဟုတ်တဲ့ နည်းလမ်းမျိုးတွေကို လုပ်ပြီး ကိုယ်ကျိုးရှာ တဲ့နေရာမှာ သိသိသာသာကြီးကို ပိုမိုနေတာကိုတွေ့ရမှာပါ။ ဒီလိုမဟုတ်ပဲ ဆင်းရဲသော်လည်း ရိုးရိုးသားသား နည်းလမ်းကို အသုံးပြုပြီး ချမ်းသာလာတဲ့သူများလဲ ရှိပေမဲ့ ရာခိုင်နှုန်း အနေဖြင့်တော့ များနေတာကိုတော့ လက်ခံရမှာပဲဖြစ်ပါတယ်။

သမိုင်းထဲက အစတခုကိုတော့ ဆွဲထုတ်လိုက်ပါပြီ။ တရုတ်က မြန်မာအငတ်တွေကို ကျွေးနေရတာလား၊ တရုတ် တွေငတ်တုန်းက မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက တရုတ်အသုဘကို ဝိုင်းထမ်းပေးခဲ့ရ သလားဆိုတာကို။ မြန်မာတွေငတ်နေတုန်း တရုတ်က ကျွေးထားရတယ် ဆိုတဲ့လူကြီး ကိုယ့်စကားကိုယ်သာတာဝန် ယူပေတော့ဗျို့
အမေရိကန်သမ္မတ အိုဘားမားဟာလည်း သူပြောတဲ့ စကားအတွက် တာဝန်ယူဖို့  ပြောဆိုပြီးဖြစ်သလို လူအချင်းချင်း သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်လာအောင် ဖွခဲ့၊ရှုပ်ခဲ့၊လိမ်ခဲ့၊ မဟုတ်မမှန် လုပ်ကြံ ခဲ့သူများဟာလည်း တချိန်ချိန်မှာ ကိုယ့်လုပ်ရပ်တွေ အတွက် ကိုယ်ပြန်တာဝန် ယူရမှာဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပါပဲ ကျွန်တော်အတီးဟာလည်း ကိုယ်တင်တဲ့ပို့စ်၊ ကိုယ်ပြောတဲ့စကားကို ရဲရဲကြီးတာဝန်ယူရဲပါတယ်။ ကျွန်တော်ဟာ ဘယ်အဖွဲ့အစည်း ဘယ်ဌာနကိုမှ ကိုယ်စားမပြု၊ အတီးသည် အတီးတယောက်ကိုသာ ကိုယ်စားပြုပါတယ်။ အထင်တွေလွဲမှားခြင်းမှ ကင်းဝေးကြပါစေ။ 

လူသား အားလုံးကို လေးစားလျှက်
ပုံ
အတီး (ဝါးလုံးရှည်)