Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Tuesday, September 3, 2013

on Leave a Comment

မြန်မာ့ နွေရူး

မြန်မာ့ နွေရူး
ကျောက်ရူးထကာ
မျိုးချစ်သမိုင်းသစ် ထုဆစ်ချင်မိ
သို့ပါသော်ငြား
မလုပ် မရှုပ် မပြုတ် သူများ
ပေါများလှသော ပြည်မြန်မာဝယ်
ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာ
လက်ထောင် ခေါင်းညိတ်
ဒါပဲ တတ်၏။

ခပ်တည်တည်နှင့် ခုံရုံးလွှတ်တော် ဝင်အိပ်ပျော်သော်
ဒေါင်းမင်းသမီး အကြံ ပူးသတ်ရန်နှင့်
ညောင်သီးလည်းစား လေးသံလည်းစွင့်
ကြိုးစားပါငြား ဖြစ်မလာပဲ
ထမင်းငတ်၍ ဇာတ်ထဲဝင်
နှဲကြီးတက်နင်း လျော်ကိန်းဆိုက်ရ

မဆီမဆိုင် အလီဘိုင် နှင့် ဘန်ဂါ ကုလား
မဲမဲမြင်ရာ ဝင်ဆဲပါမှ စိတ် အလိုကျ
အာဏာရှင်မေ့ ထမင်းမေ့ ဟင်းမေ့
၉၆၉ သံ တစီစီညံ

ကုလားစာမှ ဆင်းသက်လာသော စာသည် တို့စာ
တိဗက်ပျက် မှ ဆင်းသက်လာသော စကားသည် တို့စကား
တို့စာကို ချစ်ပါ၊
တို့စကားကို လေးစားပါ၊
တို့ပြည်ကို မြတ်နိုးပါ။

ကမ္ဘာမြေ တုန်ဟီး
ပင်လယ်ရေတွေ ကုန်အောင်သောက်
ပလ္လင်ပေါ်က မျောက်ကလေး ဆင်းတယ်လို့ပြေး
ဂျာအေး

အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာပေ။

အတီး (ဝါးလုံးရှည်)
ဒမသက( ဒီမို သာကူးများ ပါတီ)