ကုန်းဘောင် ပဒေသရာဇ်ခေတ်က ဘုရင့်သားတော်၊သမီးတော်များအား အငှါးနို့ချို့တိုက်ကျွေးကြပုံကို လက်လှမ်းမှီသလောက် ပြန်တင်ပြလိုက်ရပါသည်။
ရှင်ဘုရင်တွေရဲ့ မိဖုရားကြီးများဟာ ပတ္တမြား ရွှေကြုပ် နှုတ်ငုံတော် သည် စတင် ထကြွ(ကိုယ်ဝန်ရှိ)လာသည်နှင့် တပြိုင်နက် နို့ထိန်း ( နာနီ)ရွေးပွဲကို အခမ်းအနားနှင့် စတင်ရွေးချယ်ကြတတ်ပါသည်။
ရှင်ဘုရင်ရဲ့ သားသမီးတွေကို နို့တိုက် ထိန်းကျောင်း ရမဲ့ လူဆိုတော့ တော်ရုံတန်ရုံ အရည်အချင်းမျိုးနဲ့လဲ မရနိုင်ပါဘူး။
ပထမဆုံးနဲ့အရေးကြီးဆုံး အချက်ကတော့ နို့တိုက်လက်စ သုံးလသား မိခင်ဖြစ်ရပါမယ်။
ကျန်းမာရေး ကောင်းမွန်ပြီး သန့်ရှင်းရမယ်။
ကိုယ်ဟန် အနေအထား ဝဝဖိုင့်ဖိုင့် ရှိရပါမယ်။(သားတော် သမီးတော်လေးတွေ နို့စို့ရင် ဇိမ်ရှိအောင်လို့ပါ။)
အခုခေတ် မော်ဒယ်များလို အရိုးပဒေသာ ဖြစ်နေရင်တော့ တခါတည်းသာ လှည့်ပြန်ပေလေတော့။
အလွန်အရပ်ရှည်သော မိန်းမ၊ အလွန် အရပ်ပုသော မိန်းမ၊သားမြတ်ရှည် သောမိန်းမ၊ အသား အလွန်မည်းသော မိန်းမ၊အသား အလွန်ဖြူသော မိန်းမ၊ ချောင်းဆိုး သောမိန်းမ စသည်တို့ကိုလည်းပယ် ပါတယ်။
သင်ဟာ ဒီအချက်များနဲ့ လွတ်ကင်းပြီး သတ်မှတ်ချက်များနဲ့ ပြည့်စုံမယ်ဆိုရင်တော့ဖြင့် နို့ထိန်းရွေးပွဲကိုဝင်ရောက် ယှဉ်ပြိုင်လို့ ရနိုင်ပါပြီ၊ များသောအားဖြင့်တော့ နို့ထိန်း ရွေးပွဲကို ဒိုင်အဖြစ် ကြီးကြပ်ရသူတွေဟာ အသက်အရွယ် ကြီးရင့်ပြီး အတွေ့အကြုံများသူ အထိန်းတော်ကြီးများဖြစ်လေ့ရှိကြပါတယ်။
သတ်မှတ်ထားတဲ့ အချိန်ရောက်ပြီဆိုတာနဲ့ နို့ထိန်း ပြိုင်ပွဲ ဝင်သူတွေဟာ မတ်တပ်ရပ် တန်းစီပြီး တော့ လက်တွေ့ ပရက်တီကယ် အင်တာဗျူးကို ရင်တထိတ်ထိတ်နဲ့စောင့်ဆိုင်းနေကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သာမန် အရပ်သားတွေ အဖို့ နို့ထိန်းဆိုတဲ့ ဂုဏ်ပုဒ်ဟာ အတော်အတန် မက်လောက်စရာ ရာထူးအလုပ်အကိုင်ဖြစ်တာကိုး။လစဉ် လစာတော်အပြင် ဆုတော် လာဒ်တော် ဘောက်ဆူးတွေလဲ ခဏခဏ ရတတ်ကြတာ။
ဒီကြားထဲမှာ ကိုယ်နို့တိုက်လာတဲ့ ကလေးတွေက ဘုရင်၊မိဘုရားတွေ ဖြစ်လာရင်တော့ စိုင်ကော်လို့ ချုံပေါ်ရောက်ဆိုသလို နို့မယ်တော်ဆိုပြီး တဆောင်တယောင်နဲ့ တခမ်းတနားနေကြရမှာ မဟုတ်လား?
ကဲ နို့တိုက်မယ်တော် ရွေးနည်းကိုပြောလိုက်ကြရအောင်။
သတ်မှတ်ထားတဲ့ အချိန်ကြပြီ ဆိုတာနဲ့ အပျိုတော် ခပ်ငယ်ငယ်လေးတစ်ဦးဟာ ရေထည့်ထားတဲ့ ရွှေဖလား နဲ့ ရောက်လာပြီး ဝင်ရောက်ယှဉ်ပြိုင်မဲ့ အမျိုးသမီးရဲ့ နို့ရည်ကို ရွှေဖလားထဲကို ညှစ်ချကြည့်လိုက်ပါတယ်။ ပြီးနောက် ရွှေဖလားထဲက အခြေအနေကို ကြည့် နို့အမျိုးအစားခွဲခြားပြီးနောက်မှ နို့ထိန်းမယ်တော်များကို စတင်ရွေးချယ်ပါတော့တယ်။
"နို့ ကပ်စေးနည်း"
ရွှေဖလားထဲကို ညှစ်ချလိုက်တဲ့ နို့ရည်ဟာ ကောင်းစွာ မကျပဲ တစ်စက်နှစ်စက်လောက်သာ အိမ်တံစက်မြိတ်မှ မိုးရေ လေးတွေ ကျသလိုမျိုး ကျရင်တော့ ပယ်ပါတယ်။ ဒါဟာ နို့ကပ်စေးနည်းပါတဲ့။ ဟုတ်တယ်လေ၊ ဒါမျိုးဆိုရင်တော့ သားတော်သမီးတော်လေးမှာ အာဟာရ မရနိုင်ပဲ သရောကြီးခိုင်ရချည်ရဲ့။ ဒါမျိုးကိုတော့ ပယ်ပါတယ်။
"နို့ငန်းတော်ကျား"
ရွှေဖလားထဲကို ညှစ်ချလိုက်တဲ့ နို့ရည် နို့တန်းဟာ ကောင်းစွာ ထွက်ရှိသော်လည်း ဖလားထဲရှိ ရေထဲ၌ ကွေ့ကောက် ဝေ့ဝိုက် စွာမြွှေတစ်ကောင် ရေကူးသွားသလိုဖြစ်ရင်တော့ ပယ်ပါတယ်။နို့ငန်းတော်ကျားပါတဲ့၊ ဒီလိုနို့မျိုးက ကလေးတွေက မတိုက်သင့်ဘူးပေါ့ကွယ်။
"နို့တန်းကျ"
ရွှေဖလားထဲကို ညှစ်ချလိုက်တဲ့ နို့ရည် နို့တန်းဟာ ကောင်းကောင်းလည်းထွက်မယ်။ ဖလားထဲမှာ ရှိတဲ့ ရေထဲကို ရေကူးချန်ပီယံတစ်ယောက် ရေထဲကို ဒိုင်ဗင်ထိုးချလိုက်သလိုမျိုး စွတ်ခနဲ စိုက်စိုက်မတ်မတ် ဝင်သွားပြီ ဆိုရင်တော့ ဒါဟာ နို့တန်းကျပါတဲ့။ ဒီလို နို့ အမျိုးအစား မှသာလျှင် ကမ္ဘာ့အကောင်းဆုံး နို့ အမျိုးအစား စာရင်းဝင်ပြီး သားတော်၊သမီးတော်လေးတွေကို တိုက်ဖို့ နို့ထိန်းမယ်တော် အဖြစ် တင်းပြည့်ကျပ်ပြည့် အရွေးခံရပါတော့ သတဲ့ကွယ်။
အတီး (ဝါးလုံးရှည်)
Showing posts with label Myanmar General Knowledge. Show all posts

Monday, September 16, 2013
Friday, August 16, 2013
ငရန်မန်ကန်းသည် မွတ်စလင် ဟုတ်မဟုတ်
ရွှေနိုင်ငံသစ် နေ့စဉ်သတင်းစာ ဆိုတာက စစ်တပ်ရဲ့ အာဘော် သတင်းစာ ဆိုတာ အားလုံး သိပြီးသားဖြစ်လို့ ဘာမှတော့ အထွေအထူးပြောစရာ မရှိပါဘူး၊
ဒါပေမဲ့လဲ ပြောစရာရှိလာတာကတော့ အခုလတ်တလော ဖတ်လိုက်ရတဲ့ ဦးမြင့်ဝေ(ကြို့ပင်ကောက်)ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ပုဂံခေတ်မှာ ပုန်ကန်တဲ့ ငရန်မန်ကန်း ကို မွတ်စလင် တစ်ယောက်ဆိုပြီး ရေးထားတာကြောင့် ထင်ပါတယ်။အချို့ သူငယ်ချင်းများအတော်များများက ကျွန်တော့ကို ငရန်မန်ကန်းက မွတ်စလင် ဟုတ်၊မဟုတ် ဆိုတာကို မက်စေ့ကနေ့တဆင့် အမေးများလာကြတာကြောင့် အားလုံးသိရှိနိုင်အောင် ပို့စ်တင်ပြီး တခါတည်းရှင်းပြလိုက်ပါရစေ၊ဒီလိုမရှင်းပြမှီ ဝန်ခံလိုတာကတော ကျွန်တော်ဟာ သမိုင်းပညာရှင်၊ သုတေသီ တစ်ဦးမဟုတ်ပဲ အားလပ်ချိန်မှာ လေ့လာလိုက်စားတဲ့ သာမန် ဝါသနာရှင်တစ်ဦးသာဖြစ်ကြောင်းကို ကြိုပြီး အသိပေးအပ်ပါတယ်။
ဆက်လက်ပြီး ငရန်မန်ကန်းဟာ မွတ်စလင် ဟုတ်မဟုတ်ကို လေ့လာ သိရှိထားတဲ့ အထောက်အထားများနဲ့ ရှင်းလင်းတင်ပြပေးပါရစေ။ ဆောင်းပါးရေးသူ ဦးမြင့်ဝေ(ကြို့ပင်ကောက်)က Moshe Yegar ရေးတဲ့ Muslims of Burma စာအုပ်ကို ကိုးကားထားပြီး ခန်း Khan ဆိုတဲ့ အမည်ဟာ မွတ်စလင် မျိုးရိုး နာမည်ဖြစ်လို့ ငရမန်ကန်းဟာ မွတ်စလင်တစ်ယောက်ဖြစ်ရပါတယ် ဆိုပြီး မရမက ဆက်စပ်ရေးသားထားတာကို တွေ့ရပါတယ်၊ ဒါပေမဲ့ ဦးမြင့်ဝေ သတိမထားမိလိုက်တဲ့ အချက်တစ်ခုကတော့ (လုံးဝကို မသိတာလဲဖြစ်နိုင်ပါသည်) အဲဒီ Khan ဆိုတဲ့ နာမည်ဟာ ဂျင်ဂစ်ခန်း၊ ကူဗလိုင်ခန်း စတဲ့ မွန်ဂိုလီးယားစစ်ဘုရင် တွေရဲ့ မျိုးရိုး စဉ်ဆက်နာမည်ဖြစ်တယ်ဆိုတာပါ။အားလုံးသိကြတဲ့ အတိုင်း ပါပဲ၊ မွန်ဂိုတွေဟာ အရှေ့အလယ်ပိုင်းဒေသကို အောင်နိုင်ပြီးနောက်ပိုင်းမှ အစ္စလာမ်ဘာသာကို နှိပ်ကွပ်ဖိနှိပ်ရာကနေ နောက်ဆုံးမှာ ဖိနှိပ်ဖို့ ကြိုးစားခဲ့တဲ့ မွန်ဂိုတွေကိုယ်တိုင် အကုန် မွတ်စလင်ဖြစ်ကုန်ကြပါတော့တယ်။

လက်ရှိရေးသားတဲ့ အကြောင်းအရာနဲ့ မပတ်သက်လို့ အဖိနှိပ်ခံ လူတန်းစားတစ်ရပ်က ဖိနှိပ်တဲ့အုပ်ချုပ်သူ လူတန်းစားကို နှလုံးရည် နဲ့ ဘယ်လို အနိုင်ယူခဲ့သလဲဆိုတာကိုတော့ နောက်နောင် အကြောင်းတိုက်ဆိုင်တော့မှပဲ တင်ပြပါမည်ဖြစ်ပါသောကြောင့် ဒီအကြောင်းကို ချန်လှပ်ပြီး ငရန်မန်ကန်း အကြောင်းကိုသာ ဆက်လက်တင်ပြသွားမည်ပြီဖြစ်ပါသည်။
ဒီနေရာမှာ ရှည်ရှည်ဝေးဝေး တွေးစရာမလိုပဲ သမိုင်းထဲက ခုနှစ် သက္ကရာဇ်များနဲ့ လေ့လာတိုက်ဆိုင် စစ်ဆေးကြည့်လိုက်ရုံနဲ့တင် အမှန်တရားကို သိရှိနိုင်ပါတယ်၊ ငရန်မန်ကန်းဟာ စောလူးမင်းလက်ထက် အေဒီ( ၁၀၇၈-၁၀၈၄) ခုနှစ်မှာ လူဖြစ်ပြီး ဘုရင် ဖြစ်တဲ့ စောလူးမင်းကို ဖမ်းဆီး ထောင်ချဝံ့တဲ့ မွန်လူမျိုး စစ်ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသ က ဘဂ္ဂဒက် မြို့ကို မွန်ဂိုလီးယားစစ်တပ်တွေ ဝင်ရောက် ကျူးကျော် သိမ်းပိုက်တာက အေဒီ ၁၂၅၈ ခုနှစ် မှသာဖြစ်ပါတယ်။ နှစ်အားဖြင့် နှစ်ပေါင်း ၁၇၀ကျော်တောင် ကွာခြားပြီး ခန်း နာမည်နဲ့ မွန်ဂိုတွေ ကိုယ်တိုင်တောင်မှ မွတ်စလင် မဖြစ်ရသေးပါဘူး။ ဒီလောက် ဆိုရင်တော့ ခန်းနာမည်ပါရှိတဲ့ အတွက်ကြောင့် ပုဂံခေတ်မှ ငရန်မန်ကန်းကြီးဟာ သေပြီးနောက် နှစ်အတန်ကြာမှ မွတ်စလင် အဖြစ် ဘာသာကူးပြောင်းခံလိုက်ရတဲ့ အဖြစ်ကြီးဟာ အင်မတန်မှ ရယ်ရွှင်ဖွယ်ကောင်းတဲ့ ပုံပြင်တစ်ပုဒ်သာ ဖြစ်ကြောင်း အားလုံးလဲ ရှင်းလင်းလောက်ပြီထင်ပါတယ်၊ ငရန်မန်ကန်းဟာ မျက်လုံးတစ်ဖက်ကန်းနေလို့ ဒီလိုပဲ အခေါ်ခံရခြင်းလား၊ မွတ်စလင်တစ်ယောက်ပဲလား ဆိုတာ မသေချာပေမဲ့ ကျန်စစ်သားက လွှတ်လိုက်တဲ့ မုဆိုး ငစဥ့်က တီးထည့်လိုက်လို့ လူ့လောကထဲက ထွက်သွားရတယ်ဆိုတာတော့ အသေအချာပါပဲ။
ဦးမြင့်ဝေရဲ့ ဆောင်းပါးထဲမှာ ဆက်ပြီး ရေးသားထားတဲ့ နောက်တစ်ခုက ပုဂံခေတ်က ဗျတ်ဝိ၊ ဗျတ္တဟာ Byat ဆိုတဲ့ နာမည်ပါနေလို့ အခုလက်ရှိ ခေတ် အာရပ် စော်ဘွားများနိုင်ငံ ဝန်ကြီးလုပ်ခဲ့တဲ့အမတ် ဘင်ဗျတ် (Aumad Bin Byat)နဲ့ တောင် ဆွေမျိုး ဖမ်းပြီး တော်ပေးလိုက်ပါသေးတယ်။ တကယ်တော့ မြန်မာ့သမိုင်းမှာ ကုလားနဲ့ ခင်ရာ ဆွေမျိုးဖမ်းတော်ပြတဲ့ ဒီလိုအဖြစ်မျိုးတွေဟာ အခုမှဖြစ်လာတဲ့အဆန်းတကြယ် အဖြစ်မျိုးတွေမဟုတ်ပဲ ဟိုး အရင်ကတည်းက ရှိပြီးသားပါပဲ။ ခုနစ်ဆောင် တိုက်ခန်းကို မီးမထွန်းပဲ လင်းတဲ့ ပပဝတီ ဆိုတာက ပါရှား(အီရန်)က ကုလားမလေး၊ ကလိင်္ဂ တိုင်း က ကျောက်ပေါက်မာနဲ့ မင်းကုသ ကဂေါ်ရင်ဂျီ ကုလား။ မြန်မာ ရာဇဝင်တွေရဲ့ ကောင်းမှူ ကြောင့် ရွှေတိဂုံ စေတီတော် ရဲ့ အခြောက်တိုက် ဘုရားဒါယကာဖြစ်ရရှာတဲ့ တဖုဿနဲ့ ဘလ္လိက ဆိုတာက အာဂဖန်နစ္စတန်က ကုန်သည် ကုလား ညီနောင်၊(ရွှေမော်ဓော ဘုရားသမိုင်းက ဆံတော်သွားပင့်တဲ့ မွန်ညီနောင်နှစ်ပါးနဲ့ ခပ်ဆင်ဆင်ရှိသေးသည်)။ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်ထဲက မြန်မာ မင်းညီမင်းသားတွေ အဌာရသ ၁၈ရပ်ကို သွားရောက်ပညာသင်ကြားရတဲ့ တက္ကသီလာ တက္ကသိုလ်ကြီးက အခု ပါကစ္စတန်နဲ့ အိန္ဒိယ ကြား ကက်ရှ်မီးယားနယ်မှာ ရှိတယ်။ မင်းမျိုးမင်းနွယ် မဟုတ်ပဲ အရည်အချင်းကြောင့် မင်းတက်ဖြစ်ကြတဲ့ ငတပါး ဘုရင်တွေ တက်လာရင်မှူးမတ်တွေကစားကောင်းသောက်ကောင်းအောင် ဘုရင်ကို ဘုရားနဲ့အမျိုးစပ်ပေးရာမှနေပြီး ကာလ ရှည်ကြာလာတော့ သာကီဝင် တကောင်း အဘိရာဇာ ခေါ် မြတ်စွာ ဘုရား ရဲ့  ဆွေတော် မျိုးတော် ဇာတ်မြင့် ကုလား တွေ ကနေ တိုက်ရိုက် ဆင်းသက် တဲ့လူမျိုးတွေ ဖြစ်သွားကြတာပေါ့ကွယ်။
အချို့က ပြောတယ်၊ မြန်မာဆိုတာ ပျူက ဆင်းသက်လာတာ၊ ပျူစစ်လျှင် မြန်မာ၊ အချို့ကတော့ နန်ကျောင် တရုတ်တွေ ဧရာဝတီမြစ် အတိုင်း စုန်ဆင်းလာပြီး နေကြရာက မြန်မာတွေ ဖြစ်လာတာ၊ နိုးနိုးနိုး မဟုတ်သေးဘူး၊ ဗြဟ္မာ ကြီးလေးဦး လူ့ပြည် ကို အလည်ရောက်လာ၊ အရသာ ရှိတဲ့ မြေဆီ မြေနှစ် တွေ ခြေဆော့လက်ဆော့ကောက်စားပြီး လူ့ အသွင် ပြောင်း လာရာ ကဗမာ၊ နောက် မြန်မာဖြစ်လာ ကြသတဲ့၊ တကယ်တမ်းတော့ မြန်မာ ဆိုတာဘယ်က စစ၊ တရုတ်ကပဲ လာလာ၊ ကုလားပြည်က ရောက်လာတဲ့ ကုလားမျိုးကွဲ ပူတူးတူးလေးတွေပဲဖြစ်ဖြစ် ဘာမှ ရှက်စရာမှ မရှိတာ၊ တကယ်တမ်းရှက်ရမှာက ကိုယ့်လူမျိုး က ဘယ်ကဘယ်လို စလို့စမှန်း မသိပဲ လက်ဆုပ်လက်ကိုင်မရှိတဲ့ အဖြစ်မျိုးကမှသာလျှင် ရှက်ရမှာဖြစ်ပါတယ်။ အခြား လူမျိုး၊ နိုင်ငံတွေရဲ့ သမိုင်းကို ကြည့်လိုက်ရင် ဟိုး နှစ်ပေါင်း ဘယ်လောက်အရင်က ၊ ဘုရားမပွင့်မှီ၊ ခရစ်တော် မပေါ်မှီက ဘယ်လို သမိုင်းကြောင်းတွေကို ကောင်းကောင်းကြီး ဆက်စပ်ပြနိုင်ပေမဲ့လို့ ကိုယ့်မြန်မာတွေကို ကြည့်လိုက်၊ ပုဂံခေတ်က အနော်ရထာ မင်းလက်ထက်လောက်မှာတင် တိုင်ပတ်နေကြပြီ၊ ရှေ့ဆက်မသွားနိုင်ကြတော့ဘူး။ ဒါတောင် သိကြားမင်း ဆက်သတဲ့ လှံပျံကြီး ဖင်ကြားညှပ်ပြီး တိုင်းခန်း လှည့်လည်တာတို့၊ တရုတ်သမိုင်းမှာ တကယ်မရှိတဲ့ ဥတည်ဘွားဘုရင်ကို ရွှေဖျဉ်းညီနောင်က လည်ပင်းကို ထုံးသုံးရစ်သွားတားတာတို့လိုမျိုး နားထောင်ကောင်းတဲအိပ်ရာဝင် ပုံပြင်တွေ ပါလာသေးတယ်၊ တရုတ်ကို ဆံတော်လိုချင်လို့ သွားပြီး ရန်စ မစဆိုတာ မသေချာပေမဲ့ ပုဂံပြည်ကို တရုတ်ဖျက်လို့ ပျက်ရတယ် ဆိုတာတော့ အသေအချာပဲ။ ကမ္ဘာဦး အစ မဟာ သမ္မတမင်းကနေ အလောင်းမင်းတရားကြီး အထိ ဆွေမျိုးစပ်ပြီး အတိအကျ သန်းခေါင်စာရင်း ကောက်နိုင်တဲ့ မြန်မာ ရာဇဝင် ဆရာတွေရဲ့ ကြိုးပန်းမှူ ကို စစ်တိုက်ရာမှာလည်း တော်သလို မျိုးဆက်ဖြန့်ရာမှာ တရွာတကျီ ဆောက် ထူးချွန်တဲ့ ကျန်စစ်မင်းကြီး သိရှိနိုင်ခဲ့ရင်တော့ ကောင်းလှောင့်တေး၊ ကောင်းလှောင့်တေး၊ ကောင်းလှောင့်တေး၊ ဆိုပြီး သာဓု အနုမောဓနာ ခေါ်ဆိုခဲ့မှာ အသေအချာပါပဲ။ မြန်မာ ရာဇဝင်ရဲ့ လွဲမှားမှူတွေ၊ ကုလားနဲ့ ဖမ်းပြီး ဆွေမျိုးစပ်ပြတာတွေကို အကုန်လိုက်ပြောနေရင်တော့ လူမုန်းများပြီး အတီးတစ်ယောက် ငပွကြီးဖြစ်လာတာကလွဲပြီး ဘာမှ အကျိုးအမြတ် မရှိတာကြောင့် ဒီကိစ္စကို ဒီနေရာမှာပဲ ထားပြီး ပို့စ်ရဲ့ ဆိုလိုရင်းကို ပြန်ဆက်ပါ့မယ်။
မွတ်စလင်တွေဟာ မြန်မာနိုင်ငံကို ကိုလိုနီခေတ်လက်ထက်လောက်မှ အင်္ဂလိပ်တွေနဲ့ အတူပါလာတဲ့ လူတွေလောက်လို့သာ လက်ခံချင်တဲ့ မျိုးချစ်များဟာ ဟိုး ရှေး ပုဂံခေတ်က လူတစ်ယောက်ကိုဇာတ်နာအောင် မွတ်စလင် လုပ်ပြီး ဆွေမျိုးစပ်ပြလိုက်တော့ မျက်ကန်း များခမျာ ဘုမသိဘမသိနဲ့ တန်းပြီး ယုံလိုက်ကြတော့တာပါပဲ။ ဒါကြီးက ဘာနဲ့ တူသလဲ ဆိုတော့ မြက်ခြောက်သာဝါးနေရတဲ့ နွားတွေကို အစိမ်းရောင် ရေဘင် မျက်မှန်တပ်ပေးလိုက်တော့ နွားတွေခမျာ နဂို ရှိရင်းစွဲ မြက်ခြောက်တွေကို စိမ်းစိုလတ်ဆတ်တဲ့ မြက်စိမ်းများ အထင်နဲ့ အားရပါးရ စားသုံးကြတာမျိုးနဲ့သာ အတူတူပဲ ဖြစ်ပါကြောင်း။

Friday, August 2, 2013
အင်္ဂလိပ်ခေတ် ရန်ကုန်မြို့ တည်ဆောက်ပုံသမိုင်းနှင့် ရှေးဟောင်းစေတီပုထိုးများ ပျောက်ကွယ်သွားရခြင်း အကြောင်း
ယခု လက်ရှိမြင်ရသောပုံမှာ B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်တွင်ပါရှိသော ၁၈၂၄ ခုနှစ်တွင် ရေးဆွဲထားခဲ့သည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ရေပတ်လည်ဝိုင်းနေသည့် ဆူးလေစေတီတော်နှင့် အနီးပတ်ဝန်းကျင်ရှိဘုန်းတော်ကြီးကျောင်းများ၏ ပုံပင် ဖြစ်ပါသည်။
ယနေ့ရန်ကုန်ဟုဖြစ်လာလတ္တံ့သော အရပ်ဒေသသည် ခိုင်မာသောသမိုင်းကြောင်းများအရ အေဒီ၆ရာစုခန့်တွင် မွန်လူမျိုးများမှ တည်ထောင်ခဲ့ကြပြီး မူလ အမည်မှာ ဒဂုံ မြို့ဖြစ်သည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် ၁၇၅၅ခုနှစ်တွင် မွန်လူမျိုးများအား အောင်မြင်ပြီးနောက် ရန်အပေါင်း ကုန်စင်သည့် အဓိပ္ပာယ်ဖြင့် ရန်ကုန်ဟု သမုတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မှီ အချိန်က ဒဂုံအရပ်သည် တံငါရွာသာသာ လောက်သာရှိကာ အလောင်းမင်းတရားကြီး ၏ အစီအမံဖြင့် ပင်လယ်ကူး သင်္ဘောများဆိုက်ကပ်သည့် ဆိပ်ကမ်းကို မူလ နေရာ ဖြစ်သည့် သန်လျင် မှ ရန်ကုန် ဘက်သို့ ပြောင်းရွှေ့၍ အခွန်အကောက်များ စနစ်တကျ ကောက်ခံခြင်း၊ မြို့ရိုး တံတိုင်းများ၊ ခံတပ်များ ဆောက်လုပ်ခြင်း၊မြို့ရွာ စည်ကားအောင် ပြည့်တန်ဆာများ ထားရှိခြင်း စသည့် အစီအမံများကို ဉာဏ်အမျှော်အမြင်ကြီးစွာဖြင့် ဆောင်ရွက်စီမံခဲ့ခြင်းဖြစ်သည်။ အလောင်းမင်းတရားကြီးလက်ထက် ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ မြောက် ဘက်တွင် ဆူးလေဘုရား တောင်ဘက်တွင် ရန်ကုန်မြစ်၊ အရှေ့ဘက်၌ ကုန်သည်လမ်းဝန်းကျင်၊ (သိမ်ဖြုလမ်းနား အထိ) အနောက်ဘက်တွင် လမ်း(၃၀)သို့မဟုတ် စစ်ကဲမောင်ထော်လေးလမ်း ၀န်းကျင် စသည့် အကျယ်အဝန်းလောက်သာ ရှိပြီး နိုင်ငံခြားသား ကုန်သည်များ၊ မင်းမှူထမ်းများ ဖြင့် ဘာသာလူမျိုးပေါင်းစုံ အခြေချ နေထိုင်ရာဒေသဖြစ်သည်။ပိုမိုရှင်းလင်း လွယ်ကူအောင် ကြည့်ရှူလိုသူများ အနေဖြင့် ကျွန်တော်ရေးသားတင်ဆက်ပြီးဖြစ်သည့်ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက် အခြေချနေထိုင်ပုံ ပို့စ် တွင် ထိုခေတ်မြေပုံနှင့်တကွသွားရောက် ဖတ်ရှူနိုင်ပါသည်။ http://www.ateewarloneshay.com/2013/02/blog-post_2858.html
ပထမ အင်္ဂလိပ် မြန်မာ စစ်ပွဲ (၁၈၂၄-၂၆)ခုနှစ်တွင် အင်္ဂလိပ်တို့သည် ရန်ကုန်မြို့နှင့်တကွ အောက်မြန်မာနိုင်ငံကို ကောင်းစွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ပွဲအပြီးတွင် အုပ်ချုပ်ရေး အာဏာကို မြန်မာ မင်းများလက်သို့ ပြန်လည်အပ်နှင်းခဲ့လေသည်။
ဒုတိယ အင်္ဂလိပ် မြန်မာ စစ်ပွဲ (၁၈၅၂)ခုနှစ် အပြီးတွင်တော့ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ တစ်လုံးအား သိမ်းယူ၍ ဆူးလေ စေတီတော်အား ဗဟိုထားကာ စစ်တပ် အင်ဂျင်နီယာ တစ်ဦးဖြစ်သည့် ဗိုလ်ချုပ် အလက်ဇဒ္နြား ဖရေဇာ၏ ဒီဇိုင်း ကို အခြေခံကာ ယနေ့ခေတ် ရန်ကုန်မြို့ဟုဖြစ်လာမည့် ပုံစံကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထိုခေတ်ကာလမှရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင်မှာကြမ်းတမ်းပြီး တောင်ကုန်း၊ စိမ့်စမ်း ရေထွက်များ ပေါများ၍ အချို့နေရာများတွင် ဒီရေ အတက်အကျနှင့် ပင်လယ်ရေ ဝင်ရောက်ပင် ဝင်ရောက်နိုင်လေ၏။ ဆူးလေစေတီတော် ၏ ပတ်ပတ်လည်သည် အင်းကြီး ဖြစ်ကာ ရန်ကုန်မြစ်နှင့် ဆက်စပ်လျှက်ရှိသောကြောင့် ပင်လယ်ဝမှ ဒီရေတက်ချိန်တွင် ရန်ကုန်မြစ်မှ တဆင့် စေတီတော်သို့ လှေ သင်္ဘောများဖြင့်ပင်တိုက်ရိုက် ဖူးမျှော်နိုင်လေသည်။ ဖရေဇာ Plan အရ တောင်ကုန်းများကိုဖြို၊အင်းအိုင်များကို မြေဖို့ရာမှ ပျောက်ကွယ်သွားခဲ့ရာယခု မဟာဗန္ဓုလ ပန်းခြံ အတွင်းရှိရေကန်ကြီးမှာ ထို အင်းကြီး၏ နောက်ဆုံး ကျန်ရစ်သော အစိတ်အပိုင်းဖြစ်ပြီး ယနေ့ထက်တိုင် မြင်တွေ့နိုင်ပါသေးသည်။
ရွှေတိဂုံ စေတီတော်၏ အနောက်ဘက်သည် တောကြီးမျက်မည်း အတိဖြစ်ကာ သားရဲတိရိစ္ဆာန်များ ပေါများသောကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှ ဘုရားဖူး လာသူများသည် လူအုပ်စု အများဖြင့်သာ လာရောက်လေ့ရှိကြပြီး ယခု ဦးဝိစာရလမ်း နေရာသည် ဆင်များ သွားလာလေ့ရှိသောကြောင့် ဆင်လမ်းဟုပင် ခေါ်ဝေါ်ကြသည်။ ယခု ကန်တော်ကလေး ရပ်ကွက်နှင့် ဖဆပလ ရပ်ကွက်နေရွာတွင် ရေကန် ကြီးများ ဖြစ်ကြပြီး မြောက်ဘက်က အိုင်ကို ကန်တော်ကလေးအိုင် (Kandawgalay Tank) လို့ ခေါ်ပြီး တောင်ဘက်အိုင်ကို ဒိုဘီလိုင်းသစ်အိုင် (New Dobie Tank) လို့ ခေါ်ပါတယ်။ အရင်တုန်းက ဒိုဘီ ကုလားတွေ အဝတ်လျှော်ကြလို့ ဒိုဘီလိုင်းလို့ အခုတိုင် အမည်တွင်နေပါသေးတယ်။
ထိုသို့ မညီမညာ တောင်ကုန်းများ၊ ရေအိုင်များနှင့် မညီမညာ ဖြစ်နေသော ရန်ကုန်မြို့၏ မြေမျက်နှာသွင်ပြင် ကို အင်္ဂလိပ်တို့သည် အတတ်နိုင်ဆုံး ညှိယူကာ မြေလှန်ပြီး အညစ် အကြေးစွန့်သည့်ပိုက်များ ကို ရန်ကုန်မြစ်အတွင်းသို့ရောက်အောင် စနစ်တကျ သွယ်တန်းခြင်း၊ လမ်းများကို ဖောက်လုပ်ခြင်း အစရှိသဖြင့် မြို့တော်သစ်ကို တည်ဆောက်ခဲ့ကြလေသည်။ ထိုသို့ တည်ဆောက်ရာတွင် လမ်းနှင့် မလွတ်၍ ၊ စီမံကိန်းနှင့် မကိုက်ညီ၍ ဘုရားစေတီပုထိုးများ၊ဗလီများကို ဖျက်ဆီးခံခဲ့ရကာ ဘုန်းတော်ကြီးကျောင်း အများအပြားကို ရွှေ့ပြောင်းစေခဲ့လေသည်။
မှော်ဘီ ဆရာ သိန်းကြီး မှ Journal of the Burma Research Society (JBRS) တွင် ရေးသား သည်များအနက်မှ အချို့ကို နားလည်လွယ်စေရန် ယခုခေတ်စာလုံးပေါင်းနှင့် ထုတ်နှုတ်၍ ပြန်လည်တင်ပြအပ်ပါသည်။ "ယခု ကျုံးကြီးလမ်းနှင့် ဘုန်းကြီးလမ်းဆုံ နေရာတွင် ရှေးက ဘုရားငုတ်တို တဆူ ရှိခဲ့ဖူးပြီး ၎င်းဘုရားငုတ်တိုကို ဖျက်၍ လမ်းပြုလုပ်လေရာ၎င်းလမ်းကို ဘုရားငုတ်တိုတန်း(ယခု ဘုန်းကြီးလမ်း)ဟု အခေါ်များကြသည်။"
"ယခု မဟာဗန္နုလလမ်းမကြီးနှင့် လမ်းမတော်လမ်း ဆုံရာတွင် ရှေးက ဘုရားတိုက် အုတ်ရိုး ရုပ်ပွားတော်များ ခြင်္သေ့ရုပ်များ ရှေးကရှိခဲ့ဖူးသည်။ ယခု သံဈေးရှေ့ နေရာများ ဖြစ်နိုင်သည်။"
"ယခု နာရီစင်ကပ်လျှက် သိမ်ကြီးဈေး နေရာတွင် ဆူးလေစေတီထက်ကြီးသော ဘုရားစေတီတဆူ ရှိသည်။ နောင်တော်ကြီး စေတီခန့် ရှိပြီး ဘုရားကုန်းမှာ အုတ်သားကို ဆူးလေစေတီကုန်းကဲ့သို့ မြှင့်ထားသည်။ မဟာရံတံတိုင်း ကို သစ်သားဖြင့် ကာရံထားသည်။ ၎င်းဘုရားအနီးတွင် သခွတ်ပင်ကအစေး ကျောက်သီးကဲ့သို့ ထွက်နေသည်ကို အစွဲပြု၍ တလိုင်းဘာသာ။ ကျိုက်မဲသံကရော(ခ) ကျိုက်မြတ်သံချိုဟု ပြောကြသည်။ ဘုရားအရှေ့ကပ်လျက်တွင် ရဟန်းတာများ သမုတ်သော သိမ်တလုံး ယခုတိုင် တည်ရှိသည်။ မြေအုတ်ကြွပ်မိုးသော ဇရပ်များရှိသည်။ ယခု သိမ်ကြီး၏ မြောက်ကပ်လျက် ဘုရားကုန်းတော်ကို တက်ရန်။ ဘုရားအရှေ့စောင်းတန်းလမ်း ရှိသည်။ ၎င်းပြင်။ တောင်။ မြောက်။ အနောက် စောင်းတန်းလမ်းများလည်း ရှိသည်။ "
"ယခု သိမ်ကြီးဈေး အရှေ့တောင်ထောင့်။ ပန်းပဲတန်း သံဖြူတန်းလမ်း ၂ ခုအကြားတွင် ရှေးက မှန်ကင်းကျောင်းတိုက် ရှိသည် ဂိုဏ်းထောက်ကြီးဦးရွှန်း နေသည်။ ကျောင်းတော်တိုက် ခေါ်သည်။ "၎င်း မှန်ကင်းကျောင်းတိုက်၏ တောင်ဘက်တွင်။ သျှင်ပင်ရွှေကြိုး ဘုရားစေတီတဆူ ရှိပြီး ဉာဏ်တော် အတောင် ၃၀ ခန့် ရှိသည်။ မဟာရံတံတိုင်းမရှိ။ ဘုရားစေတီပတ်လည်။ တဲ။ အုံ။ ရုံ။ ထိုးလျက်။ ကစားကရိယာ အမျိုးမျိုးနှင့်။ အလောင်းအစားပြုလုပ် နေထိုင်ကြသူများစွာ ရှိသည်။ ဘုရားပတ်လည် လူနေအိမ်ခြေ ရှိသည်။"
မှော်ဘီ ဆရာသိန်းကြီး ရေးသားသည့်စာများထဲမှ ထိုခေတ်ကာလမှ ရန်ကုန်မြို့ ရှိ သာသနိက အဆောက် အအုံများ အကြောင်း တစွန်းတစ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် စီမံကိန်း အရ လမ်းနှင့် မလွတ်၍ ဖျက်လိုက်ရသည်တွင် ရှေးဟောင်း စေတီ ပုထိုး အတော်များများပါသွားကြောင်း သိသာထင်ရှားပါလေသည်။ ဆရာ သိန်းကြီးပြောသွားသည့် ကျိုက်မြတ်သံချို စေတီနှင့် သျှင်ပင်ရွှေကြိုး စေတီတို့မှာ အခြားမဟုတ်၊ လက်ရှိပုံထဲတွင် ဆူးလေ စေတီတော်၏ အနောက်နားခပ်ကျကျတွင် ဖူးတွေ့ရသော စေတီ နှစ်ဆူပင် ဖြစ်လေသည်။
ဒီနေရာ မှာ ကြုံလို့ သမိုင်းတွင် အမှတ်မှားနိုင်သော အဖြစ်အပျက်တစ်ခုကို တခါတည်း ရှင်းလင်းတင်ပြပေးပါရစေ၊ ကျွန်တော် ဟိုတလောက ဖတ်လိုက်ရသည့်ပို့စ် အချို့တွင် ''သိမ်ကြီးဈေး'' မရှိစဉ်က အဲဒီနေရာမှာ ''ကျိုက်မြတ်သံချို''ဆိုတဲ့စေတီတော်ကြီး ရှိပြီး မွတ် စလင်တွေက ဈေးဆောက်ဖို့ တောင်းလို့ ပဲ ဖြိုချဖျက်ဆီးလိုက်သလိုလို၊ ဗလီ ပဲ ကျန်ခဲ့သလိုလို၊ ဆူးလေ စေတီတော်၏ ဝတ္တက မြေနေရာ မှာ ဗလီပဲ လာဆောက်လိုက် သယောင်ယောင် နှင့် ဟိုလိုလို ဒီလိုလို မသေချာ မရေရာ သောအထောက်အထားများနှင့် လုပ်ကြံဖန်တီး ရေးသားထားသည်ကို ဖတ်ရှူလိုက်ပါတယ်။ ဒါကြောင့် နှောင်းလူတို့ အမှတ် အမှား နိုင်ရန် အတွက် သမိုင်း အမှန်ကို ဒီနေရာမှာ တခါတည်းရှင်းလင်းတင်ပြအပ်ပါသည်။
မူလ က မြန်မာ အခေါ် ကျိုက်မြတ်သံချို မွန်အမည် ကျိုက်မဲသံကရောစေတီ နှင့် သျှင်ပင် ရွှေကြိုးစေတီတို့ဖြိုချဖျက်စီး ခံလိုက်ရခြင်းမှာ ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲ အပြီး ၁၈၅၂ ခုနှစ်တွင် ဖြစ်သည်။ထို အရင် က အနီးအနားတွင် ဘာဗလီ မှ မရှိပါချေ။မည်သည့် စူလတန်ကုမ္ပဏီမှလဲ အင်္ဂလိပ် အစိုးရထံ တောင်းဆိုခဲ့ခြင်း မရှိခဲ့ပါ။ သမိုင်း အမှန်မှာထိုသို့ ဖြိုချဖျက်စီးခံလိုက်ရပြီး နှစ်နှစ် ကြာသော အခါတွင်မှ ၁၈၅၄ ခုနှစ်တွင် ယခု သိမ်ကြီးဈေး ဟုဖြစ်ပေါ်လာမည့်နေရာကို မော်လမြိုင် အခြေစိုက် "စူရတီဘရားဘဇားရ် ကုမ္ပဏီ လီမိတက်"မှ သိမ်တော်ကြီးနှင့် ကပ်လျက်နေရာရှိ အကွက်ကို အင်္ဂလိပ် အစိုးရထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကာ စူရတီဘရားဘဇားအမည်ဖြင့် မူလက ဝါးဖြင့် ဆောက်လုပ်ထားပြီး ဓနိသက်ကယ်မိုးဈေးသာဖြစ်သည်။၁၈၅၅ နှင့် ၁၈၅၇ ခုနှစ်တွင် မီးသင့်၍ပျက်စီးခဲ့ရပြီးနောက် ပိုင်းမှ အေ၊ဘီ၊စီ ရုံများကို နာရီစင်နှင့် တကွ ပြန်လည်တည် ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ သိမ်ကြီးဈေးရှိ ဗလီ ဆိုသည်မှာလည်း ၂၅လမ်းထဲရှိ ဘီရုံနှင့် ကပ်ရပ်ရှိနေသော ဗလီကိုသာ မှားယွင်းဆိုလိုခြင်းဖြစ်ဟန်တူသည်။ထို့ကြောင့် အင်္ဂလိပ်တို့က ဘုရားကို ဖြိုပြီး ဗလီကိုချန်ကာ ဈေးအားဆောက်လုပ်ခြင်း ဆိုသည့် သမိုင်းမှာ လုံးဝ မှားယွင်းနေသည် ဖြစ်ကြောင်းကို သက်သေပြအပ်ပါသည်။
အပြည့်အစုံကို ဖတ်ရှူလိုသူများ အတွက် http://books.google.com.mm/books?id=s6QLW_HLSEsC&pg=PA175&lpg=PA175&dq=Theingyi+Market+built+in&source=bl&ots=dE4vgPhIPS&sig=nPQyKQ9KwPNLqUULc4DGSY65w3o&hl=en&sa=X&ei=IoX5UZTpLI3OkQXh24DgCA&ved=0CEkQ6AEwBg#v=onepage&q=Theingyi%20Market%20built%20in&f=false
ဤ အချက်ကို ပိုမိုခိုင်မာသွားစေသည့် သမိုင်း အထောက် အထား နောက်တစ်ခုမှာ အင်္ဂလိပ် အစိုးရ၏ စီမံကိန်းနှင့် မလွတ်သည်များကို ဖျက်သိမ်းပြီးနောက်သိမ်ကြီးဈေးနှင့် ကပ်လျက်ရှိသော ရဟန္တာသိမ်တော်ကြီး အား ပြန်လည်နေရာ ချထားပေးပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ်၏ Chapter Nine, Planning of Modern city စာမျက်နှာ ၁၉၅ တွင် ဤသို့ ဖော်ပြထားခြင်းဖြစ်ပေသည်။
A number of free grant had also been made;the American Baptist Mission had been allotted a free side at the south-west corner of Marchant and Phayre street:the Armenian Church was given a site at the South -west corner of Marchant and Spark street:at the North west corner of Dalhousie and Phyare street a Hindu temple was granted a free site: a "Mogul Mosque" was given a site of the south side of Dalhousie street between 29th street and 30th streets,and site given also to the "Soortees Mosque at the south west corne of Dalhosie and Mogul street,the Synagogue on the south of Dalhosie street between 25th and 26th street ,the "Thaingee" on the north side of Dalhosie street between 26th street and Edwards street,the Chinese temple on the same side of that street between 20th and Latter street,the "Foken Chinese temple"on the Strand between 18th and Crisp streets,and the Convent on the North side of Fraser street between "Mg Taw Lay" and 31st Streets.
ဒါကို ကြည့်ခြင်း အားဖြင့် အင်္ဂလိပ် အစိုးရဟာ ရန်ကုန်မြို့ကို မြေလှန် အကွက်ချ တူးဖော်ကာ ပြန်လည် ရောင်းစားခဲ့သော်လည်း၊ ရဟန္တာ သိမ်တော်ကြီးနှင့် တကွ၊ခရစ်ယာန် ချာခ်ျများ၊ မွတ်စလင် ဗလီများ၊တရုတ်ဘုံကျောင်းများ၊ ဟိန္နုဘုရားကျောင်းနှင့် ဂျူး ဘုရားကျောင်းတို့ အား အသီးသီး အခမဲ့ ပြန်လည်နေရာချထားပေးခဲ့ကြောင်း ထင်ရှားစွာ သိနိုင်လေသည်။ ဆူးလေ စေတီတော်ကြီး ၏ ဝတ္တက မြေနှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်းပါမည်။ ထိုစဉ်က ဆူးလေစေတီတော်သည် ရန်ကုန် မြို့ရိုး အပြင်တွင် ရှိပြီးရေပတ်လည်ဝိုင်းရံလျှက် ကုန်းမြင့်ပေါ်မှ စေတီတစ်ဆူအဖြစ်ရှိနေ၏။ သာယာဝတီမင်းလက်ထက်တွင်တော့ အလောင်းမင်းတရားကြီး တည်ထားခဲ့သည့် ရန်ကုန်မြို့အား တိုးချဲ့လျှက် အောင်မြေရန်နှင်းမြို့သစ် အဖြစ်သမုတ်ကာ ဆူးလေစေတီသည် မြို့သစ်နယ်နိမိတ်အတွင်းသို့ ရောက်ခဲ့၏။ ဆူးလေစေတီ၏ ၀န်းကျင်တွင် ရွံ့ဗွက်၊ ရေအိုင် နှင့်တောချုံများ ထူထပ်စွာပေါက်ရောက်နေပြီး ဒီရေအတက်အကျ ဖြစ်ပေါ်၍ စေတီတော်ဝန်းကျင်ကို ဒီရေလွှမ်းမိုးမှု ရှိခဲ့သည်။ စေတီအနီးဝန်းကျင်ရှိ ဗွက်တောများ အလယ်၌ပင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတည်ရှိခဲ့သည်ဟုဆို၏။ ဆူးလေစေတီ၏ အနောက်ဘက်စောင်းတန်းသည် ယခုတည်ရှိသည့် ဆက်သွယ်ရေးရုံးအထိရှိသည်ဟု ဆို၏။ မြန်မာ သက္ကရာဇ် (၁၂၁၄)ခုနှစ် အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲပြီးချိန်အထိ ဗန္ဓုလပန်းခြံ၏ တောင်ဘက်ကျွန်းနေရာများသည် အင်းကြီး ဖြစ်နေပြီး ဆူးလေဘုရားသို့ကူးရန် ကျောက်တံတား တစ်ခုတည်ဆောက်ထားသည်ဟု အဆိုရှိ၏။
ထို့နောက် စီမံကိန်းနှင့် မလွတ်ဟု အကြောင်း ပြကာစေတီ ၀န်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း(၅၀)အား သရက်ဥယျာဉ်(ယခု ဗိုလ်ချုပ်လမ်းပေါ်ရှိသရက်တော ကျောင်းတိုက်များ)တည်ရှိရာသို့ ဖယ်ရှားပြောင်းရွှေ့ခဲ့၏။ အင်္ဂလိပ်တို့သည် ကျိုက်မြတ်သံချို စေတီအား ဖြိုဖျက်ခဲ့ပြီးနောက် ဆူးလေစေတီကြီးအား ဆက်လက် ဖြိုဖျက်ရန် ကြိုးပန်းကြ၏။
သို့သော် အင်္ဂလန်တွင်ရှိသည့် ၀ိတိုရိယ ဘုရင်မကြီးက `ဆူးလေစေတီသည် ထူပါစေတီဖြစ်သဖြင့် မတူးဖြို၊ မဖျက်ဆီးရ ဆူးလေစေတီအားကွေ့ပတ်သွားရမည်´ဟု အမိန့်ပြန်ကြားခဲ့၏။ ယင်းသို့ ပြန်ကြားသော်လည်းဆူးလေစေတီတော် ၀တ္တကမြေဖြစ်သည့် ကုန်းတော်အောက်ခြေများအား တူးဖြိုဖဲ့ချကြ၏ ထို့ကြောင့် ဆူးလေစေတီသည် မှန်ကူကွက်သဏ္ဍာန် ကုန်းတော်ငယ်ဖြစ်နေခြင်းဖြစ်၏။ ဆူးလေစေတီတော်၏ ခြေတော်ရင်း ပတ်လည်တွင်ရှိသည့် ဂန္ဓကုဋိတိုက် တန်ဆောင်းနှင့် စောင်းတန်းစသည့် သာသနိက အဆောက်အအုံများ ပျက်စီးခဲ့ရ၏။
တကယ်တမ်းတွင်တော့ အင်္ဂလိပ်တို့၏ စီမံကိန်းသည် လူနေအိမ်ခြေများ၊ဘုရား စေတီများကိုသာ ဖြိုချခဲ့သည် မဟုတ် သိမ်များ၊ ဗလီများ ကိုပါ အလွတ်မပေးခဲ့ပါချေ၊ အထင်ရှားဆုံး သက်သေ အနေဖြင့် ပြရရင်တော့ အောင်ဆန်းကွင်းဘေးရှိ တခြမ်းပဲ့ ဗလီပင်ဖြစ်ပါသည်။
ရန်ကုန်မြို့ရှိ တခြမ်းပဲ့ ဗလီသည်လည်း ရှေးဟောင်း သမိုင်းဝင် အဆောက် အဦးဖြစ်ပြီး ၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ် မြန်မာစစ်ပြီးနောက် ဘကြီးတော် စစ်ကိုင်းမင်းမှ သစ္စာတော်ခံ တပ်များကို ဆုလာဒ်များ ပေးသနားရာ ကမန်လူမျိုး လေးသည်တော် စစ်ဗိုလ်ခေါင်းဆောင်များဖြစ်ကြသော ခေါင်းဦးရွှေမှိုင်းနှင့် ခေါင်းဦးရွှေသိုင်း တို့အား အစ္စလာမ် ဘာသာဝင်တို့၏ ထုံးစံ အတိုင်း ဝတ်ပြုရန် မြေနေရာ နှစ်နေရာ အား လှူဒါန်းပေးသနားတော်မူခဲ့လေသည်။ တစ်နေရာမှာ ယခု အောင်ဆန်းကွင်းဟုဖြစ်ပေါ်လာမည့်နေရာ အနီးရှိ တခြမ်းပဲ့ဗလီဖြစ်ပြီး နောက်တစ်နေရာမှာ မင်္ဂလာ တောင်ညွန့် မြို့နယ် အတွင်းရှိ ပိန္နဲကုန်း ရခိုင် ဂျာမေ ဗလီ တို့ဖြစ်ကြသည်။၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ် မြန်မာစစ် ပွဲအပြီးတွင် အင်္ဂလိပ်တို့မှ စီမံကိန်း အရ လမ်းဖောက်ခဲ့ ရာလမ်း နှင့်မ လွတ်၍ ဖဲ့ချခဲ့ရပြီး ဘီအေအေကွင်း(ယခု အောင်ဆန်းကွင်းဘေး)တွင် နေရာ အစားပြန်ပေးကာ တစ်ခြမ်းပဲ့ ဗလီဟူသော အမည်တွင် ခဲ့ခြင်းဖြစ်လေသည်။ ထို့ ပြင် ရန်ကုန်မြို့ရှိ ရှေးဟောင်း သိမ်အတော်များများသည်လည်း လမ်းနှင့် မလွတ်၍ဖျက်သိမ်းလိုက်သည့် အထဲတင် ပါသွား ကြလေသည်။
အင်္ဂလိပ်တို့သည် ရန်ကုန်တက္ကသိုလ်၊ အထွေထွေ ရောဂါကုဆေးရုံကြီး ကဲ့သို့သော အခြေခံ အဆောက်အအုံများဆောက်လုပ်ပေးခြင်း၊ပန်းခြံများ၊ရေကန်များ ဖန်တီးခြင်း၊ ကိုလိုနီခေတ်လက်ရာ အဆောက်အဦးများဖြင့် ရန်ကုန်မြို့တော်ကို အလှဆင်ကာ အရှေ့တိုင်း၏ လှပသော ဥယျာဉ်မြို့တော် အဖြစ် နာမည်ကျော်ကြားခဲ့ဖူးလေသည်။ ၁၉၄၈ ခုနှစ် မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း လမ်းအမည်၊ပန်းခြံအမည်များကို ကိုလိုနီ အင်္ဂလိပ် အမည်များမှ မြန်မာ အမည်သို့ ပြောင်းလဲခေါ်ဆောင်ခဲ့ကြသည်။၁၉၈၉ ခုနှစ်တွင်တော့ မြို့တော် ရန်ကုန် စာလုံးပေါင်းအား "Rangoon "မှ " Yangon"သို့ ပြောင်းလဲ သတ်မှတ်ကာ အခြားသော အင်္ဂလိပ် အခေါ်အဝေါ်များကိုလည်း မြန်မာ အမည်သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြလေသည်။
နိုင်ငံတစ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်သည့်နယ်ချဲ့ဆိုသည်မှာ ကျူးကျော်ခံရသော နိုင်ငံ၏ သယံဇာတများကို အနည်းနဲ့ အများ ထုတ်ယူဖျက်ဆီးသွားကြသည်သာဖြစ်သည်။အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ပြီး နှစ်တစ်ရာကျော် အုပ်ချုပ်သွားသလို ကျွန်တော်တို့ မြန်မာလူမျိုးများသည်လည်း အင်အားကောင်းစဉ် အချိန်က အိမ်နီးချင်း အယု ဒ္ဓယမြို့ကို တိုက်ခိုက်ကာ ဗုဒ္ဓရုပ်ပွါးတော်များ၊ ဘုရား ကျောင်းကန်များကို ဗုဒ္ဓဘာသာဝင် အချင်းချင်းပင် ဖြစ်သော်ငြားလည်း ဖျက်စီးပြီး တမြို့လုံးကို မီးတင်ရှို့ခဲ့ဖူးသည့် သမိုင်းလည်း ရှိခဲ့ဖူးသည်။ ပဒေသရာဇ် စနစ်နှင့် ကိုလိုနီနယ်ချဲ့ စနစ်တို့၏ ဆိုးမွေများကို ခံစားလိုက်ရခြင်းပင်ဖြစ်သည်။
နိဂုံးချုပ်အနေနဲ့ပြောရရင်ဖြင့်
အတီး (ဝါးလုံးရှည်)
ကိုးကား
- Journal of the Burma Research Society (JBRS) http://igpweb.igpublish.com/igp/journal-of-the-burma-research-society-jbrs-ejournal
- B.R. PEARN ရေးသားသည့် History of Rangoon
- Megacity Yangon: Transformation Processes and Modern Developments http://books.google.com.mm/books?id=s6QLW_HLSEsC&pg=PA175&lpg=PA175&dq=Theingyi+Market+built+in&source=bl&ots=dE4vgPhIPS&sig=nPQyKQ9KwPNLqUULc4DGSY65w3o&hl=en&sa=X&ei=IoX5UZTpLI3OkQXh24DgCA&ved=0CEkQ6AEwBg#v=onepage&q=Theingyi%20Market%20built%20in&f=false

နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်း ဆိုသည်မှာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အရှိတရား အတိုင်း အမှန်ကို ရဲရဲဝံ့ဝံ့ လက်ခံနိုင်ဖို့ လိုပါတယ်။ ကောင်းသည့် သမိုင်းများကို ဂုဏ်ယူဝမ်းမြောက် ရမည်ဖြစ်သလို ဆိုးရွားခါးသီးတဲ့ သမိုင်းများမှ သင်ခန်းစာများကို ထုတ်ယူပြီး နောင် မဖြစ်အောင် စဉ်းစားဆင်ခြင် သုံးသပ်ကာ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ် များ ပေါ်ထွက်လာအောင် ပညာပေးရမည်သာဖြစ်ပါတယ်။
သို့သော်လည်း မိမိလူမျိုး၏ အမျိုး၊ဘာသာ၊သာသနာ ချစ်စိတ်ကို မဟုတ်၊ မမှန်သော နည်းလမ်းဖြင့် မြင့်တက်လာစေရန် ရည်ရွယ်၍ ရှိပြီးသား သမိုင်းတစ်ခုကို နောက်ထပ် လုပ်ကြံရေးထားသည့် သမိုင်းအသစ်တစ်ခုနှင့် အစားထိုးခြင်း၊ သမိုင်းလိမ် သမိုင်းတုများ ဖန်တီးကာ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်အောင် လှုံ့ဆော် တဲ့ နည်းလမ်းမျိုးဟာ အလွန်အင်မတန်မှ မူမမှန်ပဲ ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုး၏ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သလို ရှက်ဖို့လဲကောင်းလှပါတယ်။ သာသနာ့တာဝန်ကို ထမ်းဆောင်နေရသော ရဟန်းတော်များဟာ သမိုင်းနဲ့ ပတ်သက်လို့ လေ့လာမှူ အားနည်းပြီး လုံးစေ့ပတ်စေ့ ကို မသိနိုင်ဘူးဆိုတဲ့ အမှန်တရားကိုတော့ လက်ခံလို့ရပါတယ်။
သို့သော်လည်း ကိုယ်မသိတဲ့ သမိုင်းကိစ္စတစ်ခုကို သိသလိုလို နဲ့ ထင်ယောင်ထင်မှားဖြစ်အောင် ဟောပြောပြီး နားမလည်တဲ့ ပရိသတ်ကို ရမ်းရွှီးလိုက်ခြင်းမျိုးတော့ မဖြစ်သင့်သလို လက်လဲ လက်မခံနိုင်ပါ၊နှောင်းလူများ အမှတ်မှားနိုင်ပြီး ရှက်ဖွယ်လိလိသာဖြစ်ပါတော့သည်။
အတီး (ဝါးလုံးရှည်)
ကိုးကား
- Journal of the Burma Research Society (JBRS) http://igpweb.igpublish.com/igp/journal-of-the-burma-research-society-jbrs-ejournal
- B.R. PEARN ရေးသားသည့် History of Rangoon
- Megacity Yangon: Transformation Processes and Modern Developments http://books.google.com.mm/books?id=s6QLW_HLSEsC&pg=PA175&lpg=PA175&dq=Theingyi+Market+built+in&source=bl&ots=dE4vgPhIPS&sig=nPQyKQ9KwPNLqUULc4DGSY65w3o&hl=en&sa=X&ei=IoX5UZTpLI3OkQXh24DgCA&ved=0CEkQ6AEwBg#v=onepage&q=Theingyi%20Market%20built%20in&f=false
Tuesday, July 30, 2013
သာယာဝတီမင်း(ခ) ရွှေဘိုမင်း လက်ထက်(၁၈၃၇-၁၈၄၆) ရန်ကုန်မြို့ မြေပုံ
ရန်ကုန်မြို့ကို အင်္ဂလိပ် တို့၏ အာဏာ မသက်ရောက်မှီ မြန်မာ မင်းများလက်ထက်ထဲကပင် စေတီများ၊ ရှေးဟောင်း ရိုမန် ကက်သလစ် ချာခ်ျ၊ အာမေးနီးယန်း ချာခ်ျ၊ ဗလီများ အစရှိသည်ဖြင့် လူမျိုး၊ဘာသာ မှီတင်းနေထိုင်ရာ ဖြစ်ကြောင်း သိသာထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။ပုံထဲတွင် တွေ့မြင်ရသော အာမေးနီးယန်း ချာခ်ျမှာ ဗိုလ်အောင်ကျော်လမ်းနှင့် ကုန်သည်လမ်း ထောင့် တွင် တည်ရှိပြီး ယနေ့ထက်တိုင် တွေ့မြင်နိုင်သေးပါသည်။ မြေပုံထဲတွင်ပါရှိသော ဗလီ သုံးလုံး အနက် အနောက်ဘက် ဆုံးကျသည့် ဗလီမှာ ဆူးလေ နှင့် အနီးတဝိုက်၊ အလယ် မှ တစ်လုံးမှာ ကျောက်တံတား မြို့နယ် ၃၉လမ်းနှင့် လမ်း၄၀နား၊ အရှေ့ ဘက်ရှိ ဗလီတစ်လုံးမှာမူ ပုဇွန်တောင် မြို့နယ် အတွင်း နေရာများတွင် တည်ရှိခဲ့မည်ဟူ ခန့်မှန်းရသည်။ ၁၈၅၂ ခုနှစ် အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲ အတွင်းတွင် ရန်ကုန်မြို့ရှိ အဆောက်အအုံ များ ပျက်စီးခဲ့ရပြီး စစ်အပြီး ယနေ့ ရန်ကုန်မြို့၏ လက်ရှိ အနေအထား အတိုင်းဖြစ်ပေါ်လာအောင် ဖန်တီးခဲ့သော ဖရေဇာ စီမံကိန်း အရ လမ်းနှင့် မလွတ်သည့် စေတီများ၊ သိမ်များ၊ ဗလီများ အစရှိသည့် ဘာသာရေး အဆောက်အအုံ အတော်များများကို ဖြိုချပြီး လမ်းများကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်ပေသည်၊
မြေပုံကို B.R. PEARN ရေးသားသည့် History of Rangoon စာအုပ် မှ ရရှိပါသည်။
အတီး (ဝါးလုံးရှည်)
Monday, April 22, 2013
ဆလုံ @ Sea Gypsy (Men of the Sea)
ဆလုံလူမျိုးသည် မြိတ်ကျွန်းစု၏ အဖိုးမဖြတ်နိုင်သော ပြယုဒ်တစ်ခုဖြစ်သည်။ သူတို့၏ ဓလေ့စရိုက်၊ ရိုးသား ဖြောင့် မတ်မှုကို တုနှိုင်းရန်အရာ မရှိပါ။ ထို့ကြောင့် ၎င်းလူမျိုးတို့မှာ လူသိများထင်ရှားနေခြင်းဖြစ်သည်။ ဆလုံလူမျိုးတို့သည် နေရာအတိအကျမရှိ၊ ပင်လယ်ပြင်တစ်ခွင် ၀မ်းစာအတွက် လှည့်လည်ကျက်စားကြသည်။
ရေကူး၊ ရေငုပ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် Sea Gypsy or Men of the Sea အဖြစ် အမည်တွင်ခြင်းဖြစ်သည်။
သမိုင်းကြောင်း အရ ရှေးယခင်က မလေးကျွန်းဆွယ်တွင် နေထိုင်ကြပြီး စီးနှင်းတိုက်ခိုက်လုယက်မှု များကြောင့် မြိတ်ကျွန်း စု ဘက်သို့ ရွေှ့ပြောင်းလာကြခြင်းဖြစ်သည်။ ယနေ့အခါ ဆလုံလူမျိုးများ ကို ကော့သောင်းမြို့အနီး ကျွန်းများတွင် မြင်တွေ့ နိုင်သည်။
ဆလုံလူမျိုးများသည် စိုက်ပျိုးရေး၊ မွေးမြူရေးတို့ဖြင့် အသက်မမွေး ရေလုပ်ငန်း၊ ပုလဲငုပ်ခြင်းလုပ်ငန်းတို့ဖြင့် အသက်မွေး ကြသည်။ ပင်လယ်ကမ်းခြေတစ်လျှောက် လှေလှော်ခတ်ရင်း တစ်ကျွန်းမှ တစ်ကျွန်းကူး ကာ နေထိုင်လေ့ရှိသည်။ လှေလေး များကို ပေါ့ပါးသော သစ်လုံးများဖြင့် ထွင်းယူကြသည်။
၎င်းလှေများမှာ ပင်လယ်ခရီးအတွက် အဆင်ပြေ အသုံးဝင်လှသည်။ အသုံးအဆောင်များ၊ အစာရေစာ များ၊ ခွေး၊ ကြောင်၊ ကြက်များကိုလည်း တစ်ပါးတည်း လှေနှင့်အတူ တင်ယူလာလေ့ရှိကြသည်။ ဆောင်း၊ နွေရာသီများတွင် ငါးဖမ်းခြင်း၊ ရေ ထွက် ပစ္စည်း ရောင်းဝယ်ခြင်းတို့ဖြင့် အသက်မွေးကြပြီး မိုးရာသီရာသီဥတုဆိုးဝါးသည့်အခါနီးစပ်ရာကျွန်းပေါ်တွင် ၀ါး ခြေတိုင်ရှည်တဲများဖြင့်လည်းကောင်း၊ ဂူများရှာ၍လည်းကောင်းနေထိုင်လေ့ရှိသည်။
Sea Gypsy ဟူသောအမည်နှင့် လိုက်လျောညီထွေစွာပင် သဘာဝပင်လယ်ဘေးအန္တရာယ်ကို လည်း ရှောင်တိမ်း တတ်ကြသည်။ ရာသီဥတုဆိုးဝါးစဉ်တောင်မှ မိမိနေထိုင်ရာ ကျွန်းဆီ အမြန်ဆုံး ပြန်ရောက်အောင် သွားနိုင်ကြသည်။ ဆလုံလူမျိုးတို့ ၏ ရေငုပ်ပညာကျွမ်းကျင်မှုမှာ အံ့မခန်းဖြစ်သည်။ ပင်လယ် ကြမ်းပြင်အထိရေငုပ်နိုင်ပြီး ရေအောက်တွင် အောက်ဆီဂျင် အကူအညီမပါပဲ အချိန်အတော်ကြာ အနည်းဆုံး တစ်နာရီခန့် နေနိုင်သည်။
(ပင်လယ်ကြမ်းပြင် ၁၆ လံ ထက် ပိုပြီး မည်သည့် ရေငုတ်သမား မှ မငုတ်နိုင်ကြပါ ရေဖိအား ဒါဏ်ကို မခံနိုင်သောကြောင့် ဖြစ်သည်။ ရေအရမ်းနက်လျှင် နှာခေါင်း၊ နား၊ မျက်စိ စသည့်နေရာများမှ သွေးများ ယိုထွက်လာသည်ကို မည်သူမျှမခံနိုင် ပါ။ တစ်နာရီကြာအောင် ရေငုတ်သော စလုံလူမျိုးလည် မရှိပါ အလွန့်အလွန် မိနစ် (၂ဝ) မျှသာ အောက်စီဂျင်မပါဘဲ ငုတ် နိုင်ကြသည်။)
တစ်ရက်တည်း ထိုကဲ့သို့ ရေငုပ်ခြင်းမျိုး အကြိမ်အရေအတွက် များများလုပ်နိုင်သည်။ ပင်လယ်ခရု၊ ကမာ (မုတ်) ကောင် များ၊ ငါးကြီးအံဖတ်၊ ပင်လယ်ရေမှော်ပင်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်၊ ပရဆေးပင်များကို ရှာဖွေစုဆောင်းပြီး ရောင်းချလေ့ရှိ သည်။ ဆလုံလူမျိုးများသည် အခြားလူမျိုး များနှင့် ရောရောနှောနှော နေ ထိုင်လေ့မရှိချေ။ ၎င်းတို့၏လူနေထိုင်မှုစနစ်မှာ မြို့ပြ နေထိုင်မှုစနစ်နှင့် ကွာခြား လွန်းလှသည်။
သို့သော်လည်း သူတို့၏ လူနေမှုစနစ်ကို ယုံကြည်စွာ တန်ဖိုးထား ထိန်းသိမ်းကြသည်။ ဘာသာတရားနှင့် ပတ်သက်၍ လည်း ၎င်းတို့၏ကိုယ်ပိုင်ယုံကြည်မှုကို လက်ကိုင်ထားကြသည်။ နတ်ကောင်းနှင့် နတ်ဆိုးဟူ၍ နတ်ဘုရားကိုးကွယ်မှု နှစ်ခုရှိသည်။
နတ်ဆရာသည် ၎င်းတို့၏ အခရာဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများကို သာမက ဖျားနာသည့်အခါ၊ တစ်ဦး တစ်ယောက် သေဆုံး သည့် အခါတွင် နတ်ဆရာ၏ ပြောဆိုမှုအတိုင်း စပါး၊ ပြောင်း၊ အရက်၊ ပျားရည်၊ ကွမ်း၊ ဘဲသွေးစိမ်း၊ ကြက်၊ လင်းပိုင်၊ ပင်လယ်လိပ်တို့ကို ယဇ်ပူဇော်လေ့ရှိသည်။
ပျော်ပွဲရွှင်ပွဲများတွင် တေးသီချင်းများ သီဆိုတီးမှုတ်ပြီး မီးပုံဖိုကာ ၀ိုင်းဖွဲ့ကခုန်ကြသည်။ သူတို့၏ ဗုံတစ်မျိုးမှာ ပုတ်သင်ညို သားရေဖြင့် ပြုလုပ်ထားသည်။
ဆလုံလူမျိုးတို့၏ ဂီတပင်ကိုယ်စွမ်းရည်မှာ ထက်မြက် ဆန်းကြယ်လှသည်။ “ပျူ၊ မွန်၊ မြန်မာ၊ သက်” ဟူသော မြန်မာ တိုင်း ရင်းသားအစ လူမျိုးကြီး (၄) စုမှာ ဆလုံတိုင်းရင်းတို့မှာ “သက်”လူမျိုးတို့ မှတစ်ဆင့် ဆင်းသက် လာခဲ့သည်ဟု မှတ်သားခဲ့ဖူးပါသည်။
ဆလုံ တိုင်းရင်းသားတို့ကို “မော်ကင်း”ဟုလည်း ခေါ်ကြပါသည်။ ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊ ၀ါး၊ ရင်ကမ်းသားတို့ နှင့် ဖွဲ့စည်းတည်ဆောက် ထားသည့် ရိုးရာလှေကို အိမ်လို သဘောထားပြီး မိသားစုကြီး တစ်ခုလုံး နေကြ၊ ထိုင်ကြ၊ ချက် ပြုတ် စားသောက်ကြရုံ သာမက သူတို့ဘ၀၏ အဖော်မွန် ဟု ခေါ်သော ခွေး များကိုလည်း တစ်ပါတည်း သယ်ဆောင် သွားကြပါသည်။
ဟိန်းဇဲ၊ ဘုတ်ကျွန်း၊ မောင်းမကန်၊ ရှင်မွန်၊ မလိ၊ ပြင်ကြီး၊ မီးစိမ်း၊ ကတန်၊ ဒုံးကျွန်း၊ ၀ါးကျွန်း၊ ပင်လယ်အော်၊ လန်ပိတစ်ဝိုက် မှာလည်း ပင်လယ်ထဲ ရာသီဥတုဆိုးချိန်မှာ ယာယီ ခြေတံရှည် တဲအိမ်လေးများ တည်ဆောက် ပြီး နေထိုင်ကြပါသည်။
ရေမှာ ကျွမ်းကျင်သဖြင့် ပုလဲ၊ မျှော့(ပင်မယ်မျှော့)၊ ရေခူ၊ ငါး၊ ပုဇွန် ၊ ကမာတွေငုပ်ပြီး ကင်းမွန်၊ ရှပ်၊ ငါးကြီး အန်ဖတ်တွေ ကို ရှာဖွေရင်းနှင့်လည်း အသက်မွေးတတ်ကြ ပါသည်။ သူတို့ ရိုးရာဓလေ့များ ထဲတွင် ဗုံတီးခြင်း၊ ဘင်(ဘင်ခရာ)တီးခြင်း။ သူတို့ဘာသာ စကားနှင့် သီချင်းဆိုပြီး ကခုန်ခြင်း၊ ရိုးရာနတ် ကိုးကွယ်ခြင်း တို့လည်း ပါဝင်ပါသည်။
ဆလုံ တိုင်းရင်းသား တို့၏ မွေးဖွားခြင်းအစ (၁၉၆၄)ခုနှစ်က မှတ်သား တွေ့ရှိချက်များအရ ဆလုံတိုင်းရင်းသား တို့သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုး ဖြတ်ပြီးသည်နှင့် ရေထဲ သို့ နှစ်စက္ကန့် ခန့် ရေထဲမြှပ်လိုက်၊ နှစ်လိုက်၊ ပေါ် လိုက် သုံးကြိမ်ခန့် ပြုလုပ်ပါသည်။
သူတို့ အယူအဆမှာ မွေးစကလေးငယ် ရေကို ကျွမ်းကျင်စေရန်၊ မကြောက်စေရန် ဖြစ်သည်ဟု ဆို၏။ ထိုသို့ လွဲမှားသော အယူအဆကြောင့် တစ်ချို့ ကလေးငယ်များမှာ မွေးစကပင် သေဆုံးသွားကြပါသည်။ ဤကား ယခင်ကအဖြစ်အပျက်။
ယခုအချိန်တွင်မူ ဆလုံတိုင်းရင်းသားတို့ ခေတ်မီလာသည်ဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြတော့။ ကိုယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ ဆလုံအမျိးသမီး အချင်းချင်း ပင် ဖြစ်ပါသည်။
သို့သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြုဆရာမနှင့် မွေးလေ့ မွေးထ ရှိလာကြပါပြီ။
ဆလုံ တိုင်းရင်သားတို့သည် အစစ အရာရာတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက် နေမကောင်း လျှင် သူတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု အများအားဖြင့် ယူဆကြသည်။
နတ်ဆရာနှင့် တိုင်ပင်၍ ပူဇော်ပသ၊ ကိုးကွယ်တင်မြှောက်ခြင်းများ ပြုလုပ်လေ့ ရှိကြပါသည်။ သို့သော်လည်း ယခုချိန်ခါ တွင် အချို့ တိုင်းရင်းသားဆလုံတို့မှာ ခေတ်မီလာသည်ဟု ဆိုရပါမည်။ နေထိုင်မကောင်း ဖြစ်သော သူများကို ဆရာဝန် နှင့် ဆေးခန်းသို့ ပြသ ကုသလာကြပါသည်။
တစ်ဖက်ကလည်း သူတို့အစွဲဖြစ်နေသည့် နတ်ဆရာနှင့် ပူဇော်ပသခြင်း ကိုလည်း လုပ်မြဲလုပ်ကြ ပါသည်။ ဆလုံအများစု တွင် ဖြစ်ပွားတတ်သည့် ရောဂါမှာ ငှက်ဖျား စွဲခြင်းနှင့် အာဟာရ ချို့တဲ့ခြင်းများပင် ဖြစ်ပါသည်။
ဆလုံ တိုင်းရင်းသားတို့သည် မွေးကင်းစ ကလေး အရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ ယခင်က အ၀တ်အစား ၀တ်လေ့ ၀တ်ထ မရှိသော်လည်း ယခုအခါ အ၀တ်အစား ဆင်ယင်လာကြ ပါသည်။ အမျိုးသမီးများမှာ သူတို့ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ၀တ်ဆင်သည် ဆိုသော်လည်း ၊ အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာကျင်း နေတတ် ကြပါသည်။
သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသောအဘွားအရွယ်များမှလွဲ၍ အမျိုးသမီးအများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံ လုံ ခြုံခြုံ ၀တ်ဆင်လာကြ ပေပြီ။ ဆလုံအမျိုးသားတို့မှာ များသောအားဖြင့် ယခင်ကအောက်ပိုင်းတွင် လုံချည်(သို့မဟုတ်) ဘောင်းဘီတိုနှင့်နေပြီး အပေါ်ပိုင်းဗလာကျင်း နေတတ်သည့် သဘာဝရှိပါသည်။
သူတို့ဓလေ့အရ တော်ရုံတန်ရုံလည်း ဖျားနာခြင်း မရှိကြပါ။ ခံနိုင်ရည်ရှိသော လူမျိုးပင် ဖြစ်ပါသည်။ သို့သော်လည်း ယခု အခါ သူတို့လည်း အပေါ်ပိုင်းအင်္ကျီများ၊ များသောအားဖြင့် ၀တ်ဆင်လာကြပေပြီ။ ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်နှင့် အနီးအနားတွင် နေ၍လားမသိ၊ သူတို့၏အသားအရောင်မှာ ညိုရောင်သန်းပါသည်။
ယခုအခါ ဆလုံတိုင်းရင်းသားတို့မှာ ခေတ်မီလာသည့်အလျောက် ယိုးဒယားနိုင်ငံမှ ရောက်လာသော အ၀တ်အစား၊ ပါ တိတ်၊ တီရှပ်တို့ဖြင့် သစ်သစ်လွင်လွင် တောက်တောက် ပပဖြစ်လာလေပြီ။
ယခင်က ဖြစ်သလိုနေခဲ့သော်လည်း ယခုအခါ သားသားနားနား ၀တ်ဆင်လာကြပေပြီ။ အစားအသောက် ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေဘဲ ရေ ကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေ ထိုင်ကြသည့် အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့ စားသောက်ကြသည်မှာ များသော အားဖြင့် ပင်လယ်အစားအစာများ ဖြစ်ပါသည်။
ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင်ရှိသည်) ဟု ခေါ် သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြ ပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်း နို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြပါသည်။
သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု (၆) ယောက်အတွက် ဆီ (၂၀) ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။
ဆလုံ တိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာ တွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။ သစ်ပင် အမြင့်ပေါ်တွင် စွဲ ကပ်နေသောပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါ သည်။ ပျားသလက်နှင့် ပျား ပေါက်စ တို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြပါသည်။
ဆလုံတို့၏ သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက် ၀န်းဝန်း ပျော် ပျော်ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြပါသည်။ ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံ မုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။
ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း ( ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ ကျ ပေါက်နေခြင်းပင် ဖြစ်ပါသည်။ ဆလုံတစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။ အစား အ သောက် ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျ မနေ ဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာ လုပ်ကိုင် နေထိုင်ကြ သည့် အလျောက် ပင်လယ်ပျော်များဖြစ်သည့် အားလျော်စွာ သူတို့ စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ် အစားအစာများ ဖြစ်ပါသည်။
ပင်လယ်ကျွန်းစု၊ ကျောက်ဆောင် များတွင် တွယ်ကပ်လျက် ရှိသော ဂုံး(ခရုတစ်မျိုး အထဲတွင်ရှိသည်) ဟု ခေါ်သည့် တငို ကိုခွာ၍ အထဲမှ ခရုသဖွယ် အရာကို ချက်ပြုတ် စားသောက်ကြပါသည်။ ပင်လယ် ကျောက်ဆောင် ဂူထဲတွင်ရှိသော လင်း နို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ် ဖြတ်တောက် ၍လည်း ချက်ပြုတ် သုံးဆောင်ကြပါသည်။
သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု (၆) ယောက်အတွက် ဆီ (၂၀) ကျပ် သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံ တိုင်းရင်းသားတို့သည် ပျား အုံဖွတ်ရာတွင်လည်း အလွန် ကျွမ်းကျင်သူများပင် ဖြစ်သည်။
သစ်ပင် အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက် မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှ ပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ် ဆတ်ဆတ် စားသုံးကြ ပါသည်။ ဆလုံတို့၏ သဘာဝ မှာ စားသောက်ရာတွင်လည်း သူတို့ ရိုးရာလှေပေါ်တွင် မိသားစု အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော် ရွှင်ရွှင် ချက်ပြုတ် စားသောက်ကြပါသည်။
ဆလုံ တိုင်းရင်းသားတို့ စားသုံးသည့် အရွက်များ ဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ ဆလုံကန်စွန်းတို့မှာ အရွက် အသား ထူသည်မှ လွဲ၍ မြေပြန့်က မုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော် ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံ ဒေသ တောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။
ကျွန်တော် တွေ့ဖူးသည့် ဆလုံကွမ်း (ကွမ်းယာ အတွက် လိုအပ်သော ကွမ်း) မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျ ပေါက်နေခြင်းပင် ဖြစ်ပါသည်။
ဆလုံတစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော် တွေ့ဖူးပါသည်။ အလုပ်အကိုင် ဆလုံ တိုင်းရင်းသား တို့သည် အလုပ်လုပ်ကိုင်ရာတွင် အားလုံးစုပေါင်း ၀ိုင်းဝန်း၍ လုပ်ဆောင်လေ့ ရှိကြသည်။ တောထဲတွင်ရှိသော သစ်ပင်ကြီးများကို သူတို့၏ စုပေါင်းစွမ်းအားဖြင့် ခုတ်လှဲပါသည်။ လှေထွင်း ပါသည်။ ထိုကြီးမားသော သစ်ထွင်းလှေကို ပင်လယ် ကမ်းခြေဆီ သို့သယ်ဆောင် ထုတ်ယူသည်မှာလည်း အလွန်စနစ်ကျကာ အားကျဖွယ်ရာ ကောင်းပါသည်။
ပင်လယ်ကမ်းစပ် နေရာများ တွင် ပေါက်ရောက်လေ့ရှိသော ရင်ကမ်းပင်မှ ရင်ကမ်း အလက်များကို တစ်စုနှင့်တစ်စု စီစီ ညီညီ ထပ်ကာ ပြုလုပ်ထားသော ရင်ကမ်းလှေမှာ အလွန်ပင်လက်ရာမြောက်လှပါသည်။ ထိုရင် ကမ်းလှေတွင် သံချက်ဆို ၍ တစ်ချက်မျှမပါ၊ ကြိမ်ဖြင့်သာ ရစ်ပတ်ခြင်း ၊ ကွပ်ခြင်း ပြုလုပ်ထားသည်မှာ ခိုင်ခန့်လှပါသည်။ စိစပ်လှပါသည်။
ရေတစ်စက်မျှ လှေဝန်းထဲသို့ မ၀င်ပါ။ သူတို့၏ ကျွမ်းကျင်မှုကြောင့် လှိုင်းလေလာလည်း ကြောက်လန့်မှု မရှိကြပါ။ သို့ သော်လည်း လှိုင်းလေများ အလွန်ပြင်းထန်စွာ တိုက်ခတ် လာသောအခါ သူတို့သည် ကမ်းခြေ များ၊ လေကွယ်ရာ ကျွန်းစု များတွင် စုပေါင်း၍ နေထိုင်လေ့ရှိကြပါသည်။
ဆလုံ တိုင်းရင်းသားတို့၏ အလုပ်အကိုင်ကို ဖော်ပြရလျှင် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ်မျှော့ ငုပ်ခြင်း၊ ကနုကမာ ရှာ ဖွေခြင်း၊ ပျားဖွတ်ခြင်း၊ ငှက်သိုက်ရှာခြင်း၊ ရေနှင့်ပါတ်သက်သော လုပ်ငန်း အ၀၀ကို ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သော တိုင်း ရင်းသားများပင် ဖြစ်ပါသည်။
ကျောက်ကြို ကျောက်ကြားထဲသို့ နှစ်ခွစူး၊ မှိန်းတံရှည်နှင့် ငါးထိုးနေသော ကလေးငယ်များကိုလည်း ကျွန်တော်မြင်ဖူးပါသည်။ ယခုအခါ ခေတ်မီလာသော ဆလုံတို့မှာ ရေငုပ်မျက်မှန် အကောင်းစား နှင့် အောက်စီဂျင် အသက်ရှူဘူးတို့ဖြင့် ရေ ငုပ်ကာ ပုလဲရှာနေကြပြီ၊ ပင်လယ်မျှော့ ရှာနေကြပြီ ဖြစ်ပါသည်။
ကျွန်တော် တွေ့ခဲ့သော ဆလုံ တိုင်းရင်းသားတို့မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ အသက်(၁၀) နှစ် ခန့်တွင် ရေနှင့် ပါတ်သက်၍ အစစ အရာရာ အလွန်ကျွမ်းကျင်နေကြလေပြီ။ ထိုစဉ်က ကျွန်တော့် မျက်စိရှေ့ တွင်ပင် (၁၀) နှစ်သားခန့် ရှိ သော ဆလုံ ယောက်ျားလေးမှာ ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်လျက် (၁၅) ပေခန့် နက်သော ပင်လယ်ရေထဲ သို့ လှေပေါ်မှ ပလုံကနဲ ခုံဆင်း လိုက်သည်မှာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။
သူပြန်တက်လာသော အခါ လက်ထဲတွင် (၂) ပေခန့်ရှိသော ငါးမန်းဖြူတစ်ကောင် ပါလာသည်ကို တွေ့ရသဖြင့် ကျွန်တော့် မှာ လွန်စွာပင် အံ့သြသွားပါသည်။ မနက်ပိုင်းကလည်း ထိုနည်းတူစွာ ငါးလိပ်ကျောက် (လိပ်ပုံ သဏ္ဍန် ငါးပြားကြီး) တစ် ကောင်ကို ရခဲ့ကြောင်း၊ ထိုသူငယ်က လက်ဟန်ခြေဟန်ဖြင့် ကျွန်တော့် ကို ပြောပြ ပါသေးသည်။
ဆလုံတို့သည် လူကြီး လူငယ်မရွေး အအားမနေဘဲ အမြဲတစေ အလုပ်လုပ်နေသော လူမျိုးပင် ဖြစ်ပါသည်။ လွတ်လပ်မှုကို မြတ်နိုးကာ တစ်ခုမဟုတ် တစ်ခု အလုပ် လုပ်နေသော တိုင်းရင်းသားများပင်။
များသောအားဖြင့် သူတို့သည် လက်ထဲတွင် ခက်ရင်း စူးခွ မှိန်းတံရှည်ကို ကိုင်ဆောင်ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြားအောက်ရှိ ငါးမျိုးစုံတို့ ကို ထိုးယူ ဖမ်းဆီးကြပါသည်။ ဟိုစဉ်က ဆလုံ တိုင်းရင်းသားတို့ ငါးဖမ်းသည် ဆိုသည်မှာ ငါးဖမ်း ပိုက်များဖြင့် ဖမ်းလေ့ ဖမ်းထ နည်းပါး ပါသည်။ သို့သော် ယခုအခါတွင်မူ ငါးဖမ်းပိုက် အမျိုးမျိုးဖြင့် အတော်များများ ဖမ်းဆီးလာကြ ပါသည်။
သူတို့ဘ၀မှာ ယခင်က ဖမ်းယူရရှိ ငါး များနှင့် ရေငုပ်၍ ရရှိသော ပုလဲ၊ ပင်လယ်မျှော့ တို့ကို ရောင်းချရာ တွင် ဈေးနှိမ်ခြင်း ခံရသော်လည်း ယခုအခါ ထိုက်ထိုက် တန်တန် ဈေးမှန်၊ အလေးမှန် ရရှိခဲ့ပါပြီ။
ဖဲရိုက်ကာ ကက်ဆက်နားထောင် နေကြသော ဆလုံများ၊ ရွှေဆွဲကြိုး တ၀င်းဝင်းနှင့် ဆလုံများ၊ ခြင်းလုံးခတ်ကာ အပန်းဖြေ နေကြသော ဆလုံ ကလေးငယ်များ၊ ဘာပဲပြောပြော ဆလုံ တိုင်းရင်းသားတို့ လူနေမှုဘ၀ တိုးတက် ဖွံ့ ဖြိုးလာခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။
ထိမ်းမြားလက်ထပ်ခြင်း ဆလုံ တိုင်းရင်းသား တို့သည် ကလေး မီးဖွားလျှင် မွေးဖွားလာလျှင် မွေးဖွားစကလေး အတွက် နတ် ဆရာနှင့် နတ်ကိုးကွယ်ကြသည်။ သေဆုံးသွား လျှင်လည်း သေဆုံးသူ ကောင်းရာ မွန်ရာ ရောက်အောင် နတ် ဆရာ နှင့် ပူဇော်ပသလေ့ ရှိသည်။
ထိုနည်းတူစွာ သတိုးသားနှင့် သတိုးသမီး ထိမ်းမြား လက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှု ပြုမှသာလျှင် လင်မယား အရာမြောက် သည်ဟု ဆလုံတို့က ယူဆပါသည်။ ဆလုံတိုင်းရင်းသား တို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများ ဖြစ်သည့် အားလျော်စွာ အသက်(၁၇)၊ (၁၈)နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ ရှိပါသည်။
အမျိုးသား တစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီး မိဘများထံသွား၍ တောင်းရမ်းရပါသည်။ ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့်အတူ မိဘ(၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။
အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့် တိုင်ပင်ကာ စားသောက် ဖွယ်ရာ များကို စီမံပြင်ဆင်ကြ ပါသည်။ သူတို့၏ အစားအသောက်များကား အထူးအဆန်းမဟုတ်ပါ။
ငါးကင်များ၊ ဆီနည်းနည်းဖြင့် ကြော်ထားသော လင်းနို့ကြော်၊ လင်းဆွဲကြော်၊ အူ အသည်းများ ထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံး ကင်၊ တစ်ခါတစ်ရံရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သားကြော် နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်ပါသည်။မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့ စားထ ရှိပါသည်။
မင်္ဂလာ အခမ်းအနား ကျင်းပသည့် နေ့ရက်တွင် တစ်စု တစ် ဝေးတည်း နေကြသည့် ဆလုံတို့မှာ မည်သည့် ကိုယ်ရေး ကိုယ်တာ အလုပ်ကိုမျှ မလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံး ၀ိုင်းဝန်း လုပ်ဆောင် ချက်ပြုတ်ကြ ပါသည်။
နံနက်(၉)နာရီခန့်တွင် ဆလုံနတ်ဆရာ ရောက်လာ ပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေး တစ်ခု ပါလာ ပါသည်။ ဆလုံမင်္ဂလာပွဲကို များသောအားဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ကျင်းပလေ့ ရှိပါသည်။ ဆလုံ နတ် ဆရာ တစ်ယောက် မင်္ဂလာပွဲသို့ ရောက်ရှိလာချိန်တွင် နတ်ပူဇော်ပွဲအတွက် အစား အသောက်များ ပြင်ဆင်ပြီး အဆင်သင့် ဖြစ်နေပါပြီ။
နတ်ဆရာသည် ရှေးဦးစွာ သူတို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အပေါ်အောက် လှုပ်ရှားလျက် ပလွေမှုတ်ကာ ပင့်ဖိတ်ပါသည်။ ပြီးနောက် လက်ထပ်မည့် အမျိုးသား၊ အမျိုးသမီး လက်လေး ဖက် ကို ပူးယှက်စေကာ သူတို့ လက်ပေါ်သို့ နတ်ဆရာ၏ လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက်ပါသည်။
ထို့နောက် သူတို့ရိုးရာဖြင့် ဤမင်္ဂလာ မောင်မယ်ကို ရာသက်ပန် စောင့်ရှောက်စေလိုကြောင်း သူတို့၏ ကျန်းမာရေး အတွက် သူတို့ အလုပ်အကိုင် အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည်ပြောဆို ပါသည်။ သတိုးသားနှင့် သတိုးသမီး ကိုလည်း ရာသက်ပန်ရိုးရာ ရိုးမြေကျ ပေါင်းဖေါ်မည့်အကြောင်း ရိုးရာနတ်ထံ လက်လေးဖက် မြှောက်ကာ တိုင်တည်စေပါသည်။
ဆလုံ တိုင်းရင်းသားတို့သည် တစ်လင်တစ်မယား စနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်ပါသည်။ သူတို့ လောကတွင် အိမ် ထောင်ရေး ဖောက်ပြန်မှုကို လုံးဝလက်မခံချေ။
အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့ အစုအဝေးမှ ရာသက်ပန် နှင်ထုတ်ကာ သူတို့နှင့် လုံးဝ အဆက်အသွယ် မ လုပ် တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ ကြပါသည်။
သူတို့သည် အိမ်ထောင်ကျသော အခါ သူတို့အတွက် (မင်္ဂလာမောင်မယ်အတွက်) ရိုးရာလှေတစ်စီး၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာအချို့ကို လက်ဖွဲ့ လိုက်ပါသည်။ ဇနီးမောင်နှံ နှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင် စားသောက်ကြတော့ဟု ဆိုလိုသည့် သဘောပင်။
သို့သော် ဇနီးမောင်နှံနှစ်ယောက်မှာ အဝေးသို့သွားစရာမလို၊ သည်အစုအဝေးမှာပင် နေထိုင်စေပါသည်။ ဆလုံရိုးရာ နတ်ပွဲ များတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင် လာသည်ဟု ဆိုကာ တုန်တက်လာ ပါ သည်။ ပြီးနောက် အရက်သောက်ပါသည်။ ငါးကင်၊ ကြက်ကောင်လုံး ကင်၊ အစားအသောက်များ စားပါသည်။
ပြီးနောက် နတ် ဆရာ တုန်တုန်ယင်ယင်ဖြင့် ကပါသည်။ ပရိသတ်ကလည်း လိုက်ကပါသည်။ နတ်ဆရာ နတ်ဝင်သည်မှာ နာရီဝက်ခန့်သာ ကြာပါသည်။ နတ်ဆရာထံမှ နတ်ထွက်သွားသောအခါ တုန်တုန်ယင်ယင် အမူအရာများ ပျောက်ကွယ်သွားပါသည်။
ဆလုံတို့၏ မင်္ဂလာပွဲ ကပွဲကား တစ်နာရီင်္ခန့် ကြာမြင့်ပါသည်။ တစ္ဆေကြီးပွဲ တစ္ဆေကြီးပွဲ ဆိုသည်မှာ အခြား မဟုတ်ပါ။ သေ ဆုံး သူများကို ကျွေးမွေးသည့်ပွဲပင် ဖြစ်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ အယူအဆ မှာ သေဆုံးသွားသူတို့သည် ကောင်း ရာ မွန်ရာရောက်သူ ရှိသကဲ့သို့ တစ်ချို့မှာ တစ္ဆေ၊ သရဲဖြစ်နေသည်ဟု ယုံကြည်ကြသည်။
ထိုတစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေသည်ကို မလိုလားသဖြင့် တစ်နှစ်တစ်ခါ သူတို့ ရှိရာ သင်္ချိုင်းသို့သွား၍ သူ တို့ ကိုပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင် ဖြစ်သည်။ ဆလုံတို့သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြှပ်နှံ သင်္ဂြိုဟ်လေ့ ရှိပါသည်။
ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ( နှစ်စဉ် ဇန်န၀ါရီလ ) ကျင်းပသော တစ္ဆေပွဲကြီးတွင် ထုံးစံအတိုင်း မပါ မဖြစ်သည်မှာ ရိုးရာ နတ်ဆရာနှင့် နတ်ပွဲပင်ဖြစ်ပါသည်။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့် ပူဇော် ပသလေသည်။
သေဆုံးသူများ ကိုလည်း ပင့်ဖိတ် ကျွေးမွေးလေသည်။ ပြီးနောက် နတ်ဆရာက တုန်တုန် ယင်ယင်နှင့် ကွေးနေ အောင် က ပါတော့သည်။ ပရိသတ်များ ကလည်း ဗုံတီးပြီး ကကြပါသည်။ သူတို့ အကမှာ အာဖရိက လူရိုင်း အကများနှင့် အတော်ပင် ဆင်တူပါသည်။
အရက်သောက်ထားပြီး သွေးကြွ နေတာလည်း ပါပါလိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ်သောင်စပ်မှပင် ကနေကြသူ အများ သား။ မည်သို့ပင်ဆိုစေ ဆလုံ တိုင်းရင်းသားတို့၏ ဤဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော။
စာကြွင်း။ ။ ကျွန်တော်အနေနဲ့ မြန်မာဝိကီကနေပြီးတော့ မှီငြမ်းထားချက်များလည်း ပါဝင်သည်။
အတီး(ဝါးလုံးရှည်)

ကျန်းမာရေး

ဝတ်စားဆင်ယင်ခြင်း

Monday, April 8, 2013
Taron people @ Asian pygmies - Endangered people in northern Myanmar
မြန်မာပြည်မြောက်ဖျားပိုင်းမှ မျိုးတုန်းပျောက်ကွယ်တော့မည့် အန္တရယ်ကို ရင်ဆိုင်နေရသည့် သကျသာကီ ဟု ခေါ်ဆိုနိုင်မည့် ထရုံလူပုလေးများအကြောင်း
တစ်ခါတစ်ခါ သာကီမျိုးေ...ဟ့ တို့ဗမာဆိုပြီးပြောတတ်ကြတယ်လေ၊ သာကီမျိုးဆိုတာ ဘာကြောင့်ခေါ်တာလဲ သိသင့်တယ်လဲထင်လို့ပါ၊
ဟိုးကမ္ဘာဦးအစကပါ၊ တိတိကျဆိုရင်တော့ သြက္ကာက မင်းကြီးလက်ထက်လို့ပြောလို့ရမယ်ထင်ပါတယ်၊ အဲဒီမင်းကြီလက်ထက်မှာ သာကီဝင် လူမျိုးရယ်လို့ဖြစ်လာမဲ့ မင်းသားတွေ မင်းသမီးတွေကို တိုင်းပြည်ကနေနှင်ထုတ်လိုက်ပါ တယ်၊ နှင်ထုတ်ထိုက်တော့ ကျွန်းတောကြီးတစ်ခုထဲမှာ ရသေ့တစ်ပါးရဲ့ညွှန်ပြမှုနဲ့ မြို့တော်ကြီးတည် ပါတယ်၊
မြို့တော်တည်ပြီးတော့ လူဦးရေတိုးပွားဖို့ရာကြတော့ အခက်အခဲရှိနေပြန်ပါတယ်၊ ဒါပေမဲ့ သာကီဝင်မင်းသားမင်းသမီးတွေဟာ သူများတစ်ခြားလူမျိုးများကို အိမ်ထောင်ပြုရင် ဇာတ်ပျက်မှာ စိုးတဲ့အတွက် အချင်းချင်းပဲ အိမ်ထောင်ပြုလိုက်ကြပါတယ်၊ ဒီသတင်းကိုသြက္ကာကမင်းကြီးကကြားတော့ သကျ=စွမ်းနိုင်တဲ့မင်းသား မင်းသ မီးတွေပါလားလို့ အံ့သြပြီးပြောဆိုပါတယ်၊ အဲဒီအချိန်ကစပြီ သကျ=သာကီ=သူတစ်ပါး လူမျိုးနဲ့ လက်မထက်ပဲ မိမိအမျိုးကိုသာလက်ထပ်ဖို့ စွမ်းနိုင်တဲ့လူမျိုးရယ်လို့ ကမ္ဘာမှာ စာတင်လာတာပါ၊(နောင်များမှ သာကီ နွယ်အကြောင်း အသေးစိတ်နဲ့ ကျဆုံးခန်းကို တင်ပြပေးပါမည်။
အခု လောလောဆယ်တော့ ထရုံလူပုလေးများအကြောင်းကိုသာ အရင်တင်ဆက်ပါရစေ။
ထရုံလူမျိုး တွေမှာ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းကချင်ပြည်နယ် အစွန်းမှ အေးခဲနေသော ဟိမဝန္တာ တောင်ထွတ်များပေါ်တွင်သာ နေထိုင်ကျ၍ အလွန်ရှားပါး၍ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာပါ မျိုးတုန်းပျောက်ကွယ်ကြတော့မည့်လူမျိုးများဖြစ်ကြလေသည်။ထရုံတို့သည် မူလက နီပေါနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ ဟိမဝန္တာတောင်တန်းများပေါ်တွင်နေထိုင်ခဲ့ကြပြီး လွန်ခဲ့သောနှစ်ရာပေါင်းများစွာကပင် မြန်မာနိုင်ငံထိပ်ဖျားပိုင်းပူတာအိုဒေသသို့ဝင်ရောက်လာခဲ့ကြသည်။ထိုဒေသ သည် ထရုံလူပုလေးများကြောင့်သာမက ရှားပါး ကတိုးကောင်၊ဖက်ဒရယ်နှင့် ရှီးပဒီးခေါ် ဆေးပိုးနွယ်ရှင်များကြောင့် စိတ်ဝင်စားဖွယ်ကောင်းလှသောလည်း သစ်တော ထူထပ်မှုနှင့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ထရုံလူပုလေးများမှလွဲလူစိမ်းများ အရောက်အပေါက်နည်းလှပေသည်။
ထရုံတို့သည် ထိုသို့ ဝေးလံခေါင်သီပြီးတခြား မည်သည့်လူမျိုးများမှမရောက် ပဲ မိမိ လူမျိုး အချင်းချင်းသာလက်ထက်ပြီး နှစ်ပေါင်းများစွာ ကြာသောအခါ ကိုယ်ခန္ဓာအရွယ်အစားမှာ တဖြေးဖြေး သေးငယ်လာကာ ယခုခေတ်တွင်မူ အမြင့်ဆုံးမှာ အရပ် ၄ပေနှင့်၃လက်မသာကျန်ရှိတော့၏။ ထရုံလူမျိုးတို့သည် အမဲလိုက်ခြင်းဖြင့်သာ အဓိက အသက်မွေးကြပြီး တခါတရံ ရှီးပဒီးခေါ် ဆေးပိုးနွယ်ရှင်( ၆လ ပိုးကောင် ၆လ သစ်ပင်) ကဲ့သို့သော ရှားပါးဆေးမြစ်များကို မြို့ပေါ်သို့ တက်ရောင်းလေ့ရှိကြသည်။
၁၉၆၀ စစ်တမ်းများအရ ထရုံလူဦးရေမှာ ၅၀ကျော် ကျန်ရှိနေသေးသော်လည်း ၁၉၉၇ ခုနှစ် ကချင်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကောင်စီက ကောက်ယူသောစစ်တမ်းများအရ ထရုံဦးရေမှာ ရှစ်ယောက်သာကျန်ပါတော့သည်။ ၂၀၀၃ ခုနှစ်အရောက် အမေရိကန် ကယ်လီဖိုးနီးယားသိပ္ပံမှ Dr. P. Christiaan Klieger ရောက်ရှိသွားသည့်အချိန်တွင်တော့ပုံထဲမှာ မြင်ရသည့် ကိုဒေါဝိ ခေါ် နောက်ဆုံးထရုံအမျိုးသားတယောက်သာနှင့်တကွ သူ၏ အမဖြစ်သူနှင့် အဒေါ်ဖြစ်သူ စုစုပေါင်းသုံးယောက်သာကျန်ပါတော့လေသည်။ လက်ရှိ ကိုဒေါဝိသည်လည်း မိန်းမလည်းမရှိ၊ကလေးလည်းမရှိတော့သဖြင့် ကိုဒေါဝိနောက်တွင်တော့ ထရုံမျိုးဆက်သည် လုံးဝပျောက်ကွယ်သွားဖို့ရာ အသေအချာပင်ဖြစ်ပေတော့၏။သို့သော်လည်း ကိုဒေါဝိ တယောက်အနေဖြင့် မိမိတို့၏ ထရုံလူမျိုးများသည် ဤတောင်တန်းကြီး၏ တဖက်တချက်ရှိ တရုတ်နိုင်ငံ အတွင်း၌ မိမိတို့ ထရုံမျိုးနွယ်စုများကျန်နေသေးကြောင်း။တနေ့နေ့ တချိန်ချိန်တွင် ဤတောင်တန်းကြီးကိုကျော်ဖြတ်ကာ မိမိအိမ်ထောင်ဖတ်ကို ရှာဖွေမည်ဖြစ်ကြောင်းပြောကြားရင်း နိဂုံးချုပ်လိုက်ရပါသည်။

Saturday, March 16, 2013
ချော့ကလက် လက်ပတောင်း ၊ ထိန်ပင်စောင့် ကျွဲရိုင်း၊ ဇာဘုရင် ဦးသိန်းစိန် နဲ့ဖေ့ဘုတ်ပေါ်က ဘော်ရှီဗစ် ပြည်သူများ
photo via internet
ပုံမှာ မြင်နေရတာကတော့ ချော့ကလက် တောင်ကုန်းလို့ တင်စားခေါ်ဝေါ်နေကြတဲ့ ဖိလစ်ပိုင် နိုင်ငံမှာ ရှိတဲ့ တောင်ကုန်းတွေပါ၊ ဒီချော့ကလက် တောင်ကုန်းတွေ ကတော့ မြေကျစ်စာပုံတွေပဲဖြစ်ပါတယ်။အခုအခါမှာတော့ ဒီလို ဖြစ်ပေါ်လာပုံ ရိုးစင်းလှပြီး အရေ အတွက် ထောင်ကျော် ရှိတဲ့ မြေစာပုံတွေနဲ့ လှပတဲ့ နေဝင်ချိန်ကို ကြည့်ရှူခံစားနိုင်ဖို့ ကမ္ဘာအနှံ့က ကမ္ဘာလှည့်ခရီးသွားတွေဟာ ဖိလစ်ပိုင်နိုင်ငံကို တကူးတက ငွေကြေး ကုန်ကျခံကာ လာရောက်နေကြရပြီဖြစ်ပါတယ်၊ ဒီ မြေစာပုံတွေကို အကြောင်းပြုပြီးတော့ ဖိလစ်ပိုင်နိုင်ငံဟာ မီးခိုးမထွက်တဲ့စက်ရုံ ဖြစ်တဲ့ ခရီးသွား လုပ်ငန်းကနေ နှစ်စဉ် ဒေါ်လာ သန်းချီဝင်ငွေရရှိနေပြီး ဒီဒေသဟာ လည်း ကမ္ဘာပေါ်မှာ အလည် အပတ် သွားဖို့ အကောင်းဆုံးနေရာစာရင်းထဲမှာ ပါဝင်လာပြီး တစ တစ နာမည်ကျော်ကြားလာလျှက် ရှိပါတယ်။
အခု အချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ အသက်မွေးဝမ်းကျောင်းတွေကနေ ပြီး ဒေသခံတွေအတွက် အလုပ်အကိုင်ကောင်းတွေ ဖန်တီးပေးနိုင်မယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။
အမြဲတမ်းပြောင်းလဲ နေတဲ့ ကမ္ဘာကြီးမှာ ဒီလို(Paradigm )ပါရာဒိုင်း အပြောင်းအလဲတွေ၊ စဉ်ဆက် မပြတ် တော်လှန်ရေးတွေက ဖြစ်ပေါ်နေဆဲ၊ ဖြစ်ပေါ် လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါတွေကို ရှောင်လွှဲလို့မရနိုင်ပါဘူး။ ကျွန်တော့ အမြင်ကတော့ ဒီလို ပြောင်းလဲ လာတဲ့ ပါရာဒိုင်း တွေကို မျက်ခြေမပြတ်စောင့်ကြည့်ရင်း ကိုယ်က လိုက်ရောညီထွေဖြစ်အောင် လိုက်ပြောင်းနိုင်ဖို့ လိုအပ်မယ်လို့ထင်ပါတယ်။ လိုက်မပြောင်းနိုင်ပဲ တင်းခံနေတဲ့ လူတွေပဲ ကျန်ရစ်မှာဖြစ်ပါတယ်။ခေတ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပါရာဒိုင်းကတော့ လူတွေကို မစောင့်ပဲ ပြောင်းမြဲပြောင်းနေဦးမှာပဲဖြစ်ပါတယ်။
"ဒို့ တစ်သက်လုံးဒီလိုနေလာတာ အခုမှတော့ မပြောင်းနိုင်ပါဘူး" " တောင်ကြီးကိုပဲ ပြန်လိုချင်တယ်" ဆိုတဲ့ စကားတွေကို ကိုယ်ချင်းစာစိတ် နဲ့ နားလည်ပေးလို့ ရနိုင်ပါတယ်။ လူသားဆန်တဲ့ လူချင်း ကတော့ ဒီလို နားလည်မှူပေး သနားစိတ်မွေးနိုင်ကျပေမဲ့ ပါရာဒိုင်း အပြောင်းအရွှေ့ကြီးကတော့ လူသားမဟုတ်တဲ့ အတွက် ဒီလို နားလည်နိုင်မှူ မပေးနိုင်ပါဘူး။
ပါရာဒိုင်း နောက်ကိုမလိုက်နိုင်တဲ့သူတွေများနေသေးတယ် ဆိုရင်တော့ အဲဒီ နိုင်ငံ အဲဒီဒေသ က အရင်လိုပဲ ဒုက္ခတွေ များနေဦးမှာပဲလို့ သုံးသပ်မိပါတယ်။

ဥပမာ အနေနဲ့ ပေးရရင်တော့ တူရကီ စစ်တပ် က အမြင်သာဆုံးဖြစ်မယ်လို့ထင်ပါတယ်။ပြောင်းလဲလာတဲ့ ခေတ်အခြေအနေ အရ ပြောင်းလဲဖို့ လိုလာပြီဖြစ်တဲ့ တူရကီ စစ်တပ်ရဲ့ ယူနီဖောင်းနဲ့ သေနတ်တွေကို ပြောင်းလဲဖို့ အမြှော်အမြင်ရှိသူတွေက ထောက်ပြတာကို လက်မခံပဲ ရွှေရောင်လွှမ်းခဲ့တဲ့ ကာလတွေမှာသာ မိန်းမောရင်း ရှေးတူရကီရိုးရာ ဝတ်စုံ ကိုသာ ဖက်တွယ်ခဲ့တဲ့ တူရကီ ရဲ့ အကျိုးဆက်ကတော့ အင်တိုမန် အင်ပါယာကြီး တစစီပြိုကွဲပြီး ကမ္ဘာ့အင်အားကြီးစူပါပါဝါ နိုင်ငံအဆင့်က နေနိုင်ငံငယ် တခု အဆင့်ကို လျှောကျသွားဖို့ အကြောင်းအရင်းများအနက်မှ တခုဖြစ်စေခဲ့ပါတယ်။ ပါရာဒိုင်း အပြောင်းအရွှေ့ကို မလိုက်နိုင်လို့ ကျန်ခဲ့တဲ့ သူတွေပါ။
နောက်တခုက ဆွစ်ဇာလန် နိုင်ငံပါ။ အဲ သူကတော့ မကျန်ခဲ့ဘူးခင်မျ၊ မမှီတမှီလေးနဲ့ လိုက်သွားနိုင်ပုံရပါတယ်၊ ဆွစ်ဇာလန် ထုတ် နာရီတွေဟာ ခွေးသွားစိတ်လေးပေါင်းများစွာနဲ့ အရမ်းကိုတိကျပြီး ခိုင်ခန့်တဲ့ နာရီဖြစ်ကြောင်း ကမ္ဘာကျော်ပြီး နာရီလုပ်ငန်းဟာဆွစ်ဇာလန် နိုင်ငံရဲ့ အဓိက ဝင်ငွေရလုပ်ငန်းပါ။ ဒီလိုနဲ့ ဒစ်ဂျစ်တယ် နည်းပညာဆိုတာကြီးက ပေါ်ထွက်လာပြီး ဒစ်ဂျစ်တယ် ဂဏန်းတွေနဲ့ နာရီထုတ်လုပ် နိုင်တယ် ဆိုတာကို မြင်တဲ့သူတွေက ဆွစ်နာရီလုပ်ငန်းတွေကို ဒစ်ဂျစ်တယ် နာရီတွေ ထုတ်လုပ်ဖို့ တင်ပြခဲ့ကြပါတယ်တဲ့။
ဒါပေမယ့် လုပ်ငန်းရှင်တော်တော်များများက လက်မခံခဲ့ပါဘူး။ နာရီဆိုတာမျိုးဟာ ဒီလို မဖြစ်သင့်ဘူး၊ မအောင်မြင်နိုင်ပါဘူးလို့ သုံးသပ်ကြပါတယ်တဲ့။ ဒီလိုနဲ့ နောက်ဆုံးတော့ ဒစ်ဂျစ်တယ် နာရီလုပ်ငန်းကို ဂျပန်က သိမ်းပိုက်သွားခံပြီး ဆွစ်နာရီလုပ်ငန်းတွေ လည်း အကြီးအကျယ်အရှုံးပေါ်ပြီး ပြုပြင်ပြောင်းလဲ ရေးတွေ အသေအလဲလုပ်၊ ဆွစ်ဇာလန် နိုင်ငံရဲ့ လှပတဲ့ ရှူခင်းတွေနဲ့ မက်လုံးပေးပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ကြိုးစားရပါတော့တယ်၊
ဒီလို နဲ့ပဲ အမှီလိုက်သွားနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်၊အခုဆိုရင် ဥရောပတိုက်သားတွေဟာ အားလပ်ရက်များရရင် ဆွစ်ဇာလန် မှာ နှင်းလျှောစီးဖို့ တာစူနေကြပြီး ကမ္ဘာပေါ်မှာ လူနေမှူ အဆင့်အတန်း အမြင့်မားဆုံး နိုင်ငံစာရင်းထဲမှာ ထိပ်ကပါဝင်အောင် ရပ်တည်နေနိုင်ပါတော့တယ်။
ပြောင်းမဲ့ ပါရာဒိုင်းကို ကြိုမြင်ပြီး အခုကတည်းက ကြိုးစားအားထုတ်မှူတွေ တသီတတန်း လုပ်နေကြတဲ့ နိုင်ငံတွေက တော့ အရှေ့အလယ်ပိုင်းက နိုင်ငံအချို့နဲ့ အရှေ့တောင်အာရှမှ စင်္ကာပူ နိုင်ငံငယ်လေးပဲဖြစ်ပါတယ်။
တွက်ချက်မှူတွေ အရ သဘာဝ ကပေးတဲ့လက်ဆောင် ရေနံ သယံဇာတတွေဟာ ၂၀၅၀ ကျရင် ကုန်ခန်းတော့မှာ ဖြစ်တဲ့ ရေနံမရှိရင် တိုင်ပတ်တော့မှာ ကြိုမြင်နေတဲ့ အာရပ်သူဌေးတွေဟာ အခုကတည်းက သဘာဝ မဟုတ်တဲ့ အပြင်အဆင်တွေကို ငွေကြေးဒလဟောသုံး အဆောက်အအုံ ဟိုတယ်ကြီးတွေဆောက်ပြီး ရေပေါ်ဆီလူတန်းစားတရပ်ကို မြှူဆွယ်လို မြှူဆွယ်၊ ပရီးမီးယား ဘောလုံးအသင်းတွေ ပစ်ဝယ်တာတွေ လုပ်ပြီး ပါရာဒိုင်း အပြောင်းအလဲကို ရင်ဆိုင်ဖို့ ကြိုးစားနေပါတယ်။ ထိုနည်းလည်းကောင်းပါပဲ၊ လူကလွဲလို့ ဘာအရင်းအမြစ်မှ မရှိပဲ ကောင်းမွန်တဲ့ ဆိပ်ကမ်းကိုသာ အားထားနေရတဲ့ စင်္ကာပူ နိုင်ငံငယ်လေးဟာ လည်း အစပြုလာပြီဖြစ်တဲ့ မြန်မာနိုင်ငံက ထားဝယ် ရေနက်ဆိပ်ကမ်းကို မျက်ခုံးတလှုပ်လှုပ်နဲ့ စောင့်ကြည့်နေပြီး အခြေအနေ မကောင်းပါက လူသာ အရင်းပြုရတဲ့ ပွဲစားလုပ်ငန်း၊ လို ပညာရေးလိုလို ကာစီနိုပဲ ထောင်တော့မလိုလို နဲ့ အကောင်းဆုံး ဖြစ်အောင်ရင်ဆိုင်ဖို့ဆုံးဖြတ်ထားတာကို သတိပြုနိုင်ပါတယ်။
ဒီအပိုင်းကိုတော့ စလုံးရောက် ရွှေမြန်မာများ ကျွန်တော့ထက်ပိုပြီး ရေလည်အောင် ရှင်းပြနိုင်မှာဖြစ်လို့ အကျယ်တဝင့် မရှင်းလင်းတော့ပါဘူး။
စကားမစပ်ပြောရရင်တော့ ကျွန်တော်တို့ မြန်မာ့သမိုင်းမှာ ဘုရင်ဖြစ်ရဲ့သားနဲ့ ကျွဲခတ်လို့ နတ်ရွာစံခဲ့ရတဲ့ အနော်ရထာ ဘုရင် ကြီးဆိုတာရှိတယ်ဗျ၊ ဘုရင် ဆိုတဲ့ အဆင့်အတန်းနဲ့ လိုက်လျောညီထွေမှူ မရှိစွာ လမ်းဘေးမှာ သောင်းကျန်းနေတဲ့ ကျွဲဆိုးကို မှူးမတ်တွေရဲ့ စကား နားမထောင်ပဲ ကိုယ်တိုင် နှိမ်နင်းဖို့ ကြိုးစားခဲ့လို့ ကျွဲရဲ့ ချိုဖျားမှာ အသက်ပါသွားခဲ့တဲ့ ဘုရင်ကြီးပါ။
ကျွဲရိုင်းလောက်ကို နှိမ်နင်းဖို့ သူရဲကောင်းတွေ အများကြီးရှိပါရဲ့သားနဲ့ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စကို ဟိုးအောက်ခြေထိ ပါဝင်ပတ်သက်ခဲ့လို့ ဆုံးရှုံးခဲ့ရတာပါ၊ ဒီလို ပြောလို့ အမေ စုဟာလည်း အနော်ရထာ အဟုတ်သလို နောက်ကွယ်ကလုတစုဟာလည်း ကျွဲရိုင်းမဟုတ်ပါ။
အဲ ထိန်ပင်စောင့်နတ်ကြီး က ကျွဲယောင်ဆောင်ပြီး ဝင်မခတ်ဖို့တော့ သတိထားရပါ့မယ်။ဒီလို မဖြစ်လာပါစေနဲ့လို့လဲ ဆုတောင်းမိပါတယ်၊အခုလောလောဆယ်တော့ အမေစုကိုယ်တိုင်ရော၊ဒေသခံတွေကော၊ ဘေးမှမြင်ရသူတွေပါ စိတ်မချမ်းသာလှပါ။
မဆီမဆိုင် ဝင်ပြောရမယ်ဆိုရင်တော့၊ ရုရှားနိုင်ငံရဲ့ နောက်ဆုံး မင်းဆက်ဖြစ်တဲ့ ဇာဘုရင် မိသားစုတွေရဲ့အကြောင်းကို နည်းနည်းတင်ပြပါရစေ။
ဇာဘုရင် နစ်ကိုးလပ်စ် ဆိုတာက ဘုရင် မဖြစ်ချင်၊ ဖြစ်ချင်နဲ့ အတင်း မလွှဲမရှောင်သာလို့ ဘုရင်ဖြစ်လာရ သူပေါ့၊ တိုတိုပြောရရင်တော့ ဇာဘုရင် နန်းတက်ပြီး နှစ်နှစ် အကြာ မော်စကိုမြို့စွန်က ဧရာမကွင်းကြီးတစ်ကွင်းမှာလုပ်တဲ့နန်းတက်ပွဲ အထိမ်းအမှတ် ပွဲမှာ ဆင်းရဲသား ရူရှားပြည်သူတွေဟာ အစားအသောက်တွေ၊ လက်ဆောင်တွေ ရနိုးနိုးနဲ့ တိုးကြ၊ဝှေ့ကြရင်း လူ ၁၃၀၀ကျော် သေတယ်ဗျာ၊ ထောင်ကျော်လောက် ဒါဏ်ရာတဲ့ လူတွေ ဆေးရုံတွေမှာ ပြည့်လျှံကုန်တယ်။အဲသလောက် တိုင်းပြည်ပျက်နေတဲ့ အချိန်မှာ ဇာဘုရင်ဟာ အေးဆေးပါပဲ၊နန်းတက်ပွဲကို ဆက်လုပ်၊ ပြင်သစ် သံအမတ်စီစဉ်တဲ့ ညနေပိုင်းကပွဲမှာ ဦးရီးတော်ဖြစ်သူရဲ့ အကြံပေးချက်အရ ပြင်သစ် ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးကို အပျက်မခံနိုင်လို့ စိတ်မပါလက်မပါနဲ့ သွားကနေရပါတယ်။
သူ့ဟာသူ '' စိတ်ထဲကမပါပဲ ကက၊ တကယ် စိတ်ပါလို့ပဲ ကက ပြည်သူရဲ့အမြင်မကြည်လင်မှုကို ခံယူရင်း ဘုရင် စနစ်ကိုဖြုတ်ချ ခဲ့တဲ့ ဘော်ရှီဗစ် တော်လှန်ရေးကြီး အစပျိုးစေဖို့ မျိုးစေ့ချပေးလိုက်သလိုဖြစ်ခဲ့ပါတယ်။ ဟယ် ဘာမှလဲ မဆိုင်ဘူး၊ တို့ ဦးသိန်းစိန်ကြီးကလဲ ဇာဘုရင် မဟုတ်သလို ကျွန်တော်တို့ ဖေ့ဘုတ် တော်လှန်ရေးသမားတွေကလဲ ဘော်ရှီဗစ်တွေမှ မဟုတ်တာ။
ကိုလိုနီခေတ်မှာ ဆရာစံဂဠုန် လယ်သမားတပ်တွေဘက်က မားမားမတ်မတ် ရှေ့နေလိုက်၊ပြီး လူထု အကြိုက်ကို ဆောင်ယူကာ ဝန်ကြီးချုပ်ဖြစ်တော့မှ သခင်ပေါက်စတွေကိုဖမ်း၊အတိုက်အခံတွေကို နှိမ်ကွပ်၊ နောက်ဆုံး နိုင်ငံတော်လုပ်ကြံမှူ တရားခံအဖြစ် ဇာတ်သိမ်းသွားရတဲ့ ဂဠုန်ဦးစော ဆိုတာ ရှိခဲ့ဘူးပါတယ်။
ဟယ် ဘာမှလဲ မဆိုင်ဘူး။ ဒီလို ပြောလို့ ဟန်ဝင်းအောင်တို့က ဂဠုန်ဦးစောမဟုတ်သလို ဒေသခံတွေကလဲ တုတ်ပြီး၊ဓားပြီး တဲ့ ဂဠုန်တပ်သားတွေမှ မဟုတ်တာ။
ဘယ်လို ပဲဖြစ်ဖြစ်၊ ပါရာဒိုင်း ဘာဒိုင်း ညာဒိုင်း စကားကြီးစကားကျယ်တွေ ပြောပြီး လျှောက်ပြောနေရပေမဲ့လဲ ဘာမှ ရွေးချယ်ခွင့်မရှိတော့တဲ့ ဒေသခံ ပြည်သူတွေကို စာနာမိသလောက် အဲဒီ ပြည်သူတွေကို မြောက်ပင့်အသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်ချင်နေတဲ့ နိုင်ငံရေးသမားတစုကို နာရင်းပိတ်တီးချင်တယ်။
ဒေသခံတွေထက် ပိုပြီး သနားဖို့ကောင်းတဲ့ လူတွေကတော့ ဘာခံယူချက်မှ မယ်မယ်ရရ မရှိ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှူ လွန်ကျူးပြီး စကားတလုံးကို ဘုရားဟောတမျှ ကိုးကွယ်နေတတ်တဲ့၊ လူများယောင်လို့ လိုက်လို့ ရောင် အမောင် တောင်မှန်း၊မြောက်မှန်းမသိတဲ့ လူတွေပဲဖြစ်ပါတယ်။
အစပိုင်းမတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားလိုလိုနဲ့ တရားစွဲသင့်တယ် ဘာညာ၊ သံမဏိမယ်လို့ မြှောက်ပင့်ပေး၊ ဟော အစီရင်ခံစာလဲ ထွက်လာရော ဒေသခံတွေက ပညာမဲ့ လူတန်းစားတွေက ဒီလိုပဲ လုပ်တတ်ပါတယ် ဖြစ်သွားပါလေရော။
ဒီလို ဝေဖန်လို့ မင်းကော ဘာလုပ်တတ်လဲလို့ လာမေးရင် ကျွန်တော်လဲ ဘာမှ မလုပ်တတ်ဘူးဗျ၊ လုပ်တတ်တာကတော့ ကိုယ့်အမြင်ကို အရှိအတိုင်း အတည့်အတိုင်း ပြောတတ်တာလေး တခုပဲရှိတယ်။ကျွန်တော်လဲပဲ ဒီလို ဝေဖန်လို့ ဓာတ်မတည့်စာစားပြီး ဝမ်းလျှောဝမ်းပျက်ဖြစ်နေတဲ့ လူတွေ လာဆဲမဲ့ ပါရာဒိုင်းကို ရင်ဆိုင်ဖို့ အသင့်ပြင်လိုက်ဦးမယ်ဗျာ။
ဟုတ်ကဲ့ ကျွန်တော် မောင်အတီးပါ။ ဝါးလုံးရှည်နှင့် သိမ်းကြုံးရမ်းလိုက်သည်။

Saturday, February 16, 2013
သမိုင်းဝင်ရန်ကုန်မြို့တော်ရှိ လမ်းများ၏ အင်္ဂလိပ်ခေတ်ကာလ နာမည် အသုံး အနှုံးများ
ရန်ကုန်မြို့တော်ရှိ လမ်းများရဲ့ နာမည် အသုံး အနှုန်းတွေကို ကျွန်တော် သိထား သလောက် ဗဟုသုတအနေဖြင့် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ကင်းဘဲလ်လမ်း = ငါးထပ်ကြီးဘုရားလမ်း
ကာနယ်လမ်း(Canal Street) = အနော်ရထာလမ်း(လမ်းမတော် ကျုံးကြီးနား)
ဖရေဇာလမ်း = အနော်ရထာလမ်း( ကျောက်တံတား၊ပန်းဘဲတန်း အနီး မြို့လယ်ခေါင်)
ကော်မရှင်နာလမ်း = ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး
ဒါလဟိုဇီလမ်း = မဟာ ဗန္ဓုလ လမ်းမကြီး
ဒတ်ဖရင်လမ်း = စန္ဒကူးလမ်း
ဟယ်လ်ပင်လမ်း = ပြည်ထောင်စုရိပ်သာလမ်း
လန်ကက်စတာလမ်း = နဝဒေး လမ်း
မက်စဂျစ်(Masjid Road) = သမိန်ဗရမ်းလမ်း
မစ်ရှင်လမ်း = အလုံလမ်း
စတီဗန်ဆန်လမ်း =လှည်းတန်းလမ်း
ဘိုးလ်လမ်း = ဦးဝိဇာရလမ်း
ဝင်ဒါမီယာလမ်း = သံလွင်လမ်း
ဝင်ဆာလမ်း = ရှင်စောပုလမ်း
ယော့ခ်လမ်း = ယောမင်းကြီးလမ်း
ဂေါ်ဒွင်လမ်း =လမ်းမတော်လမ်း
အက်ဒွတ်လမ်း =ကုန်ဈေးတန်းလမ်း
မောင်ခိုင်လမ်း = ဗိုလ်ရွဲလမ်း
မောင်ထော်လေးလမ်း = ဗိုလ်ဆွန်ပက်လမ်း
မဂိုလမ်း =ရွှေဘုံသာလမ်း
ဘဂိုးဒါးလမ်း =ရွှေတိဂုံဘုရားလမ်း
လျှော်တန်းလမ်း =ဆူးလေဘုရားလမ်း
ဘားလမ်း = မဟာဗန္ဓုလပန်းခြံလမ်း
ဖယ်ရာလမ်း =ပန်းဆိုးတန်းလမ်း
လူးဝစ်လမ်း/လွတ်စလမ်း =ဆိပ်ကမ်းသာလမ်း
စပတ်လမ်း = ဗိုလ်အောင်ကျော်လမ်း
စတော့ဂိတ်လမ်း/ဂျူဒါအီစကယ်လမ်း = သိမ်ဖြူလမ်း
ခရစ်လမ်း = ဗိုလ်မြတ်ထွန်းလမ်း
သော်မဆင်လမ်း =ဗိုလ်တထောင်ဘုရားလမ်း ..... လို့ခေါ်တယ်လို့မှတ်သားဘူးပါတယ်။
နောက်ပြီးတော့ .....
သိမ်ဖြူကုန်းကို စတော့ဂိတ်ကုန်း၊
ဗိုလ်ချုပ်ပန်းခြံ ကို ဒလဟိုဇီပန်းခြံ၊
ကန်တော်ကြီးကို ရွိုင်ရယ်လိတ်၊
ရန်ကုန်တိရိစ္ဆာန် ဥယျာဉ်ကို ဗစ်တိုးရီးယားပန်းခြံ၊
မဟာဗန္ဒုလပန်းခြံကို Fitche Square or Fytche Square၊
ဗိုလ်ချုပ်အောင်ဆန်း ဈေးကို စကော့ဈေး ..... လို့ ခေါ်ခဲ့ကြပါတယ်လို့မှတ်သားထားရှိပါတယ်ခင်မျာ။ သိမှီသူများ ဆက်လက်ဖြည့်စွက်ပေးပါရန်။
အတီး( ဝါးလုံးရှည်)

Monday, February 11, 2013
ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက် အခြေချနေထိုင်ပုံ
တို့မြန်မာတွေရဲ့ အမြင်စူးရှပြီး
တလွဲဆံပင်ကောင်းပုံတချို့ကိုအနည်းငယ်ထင်ပြလိုပါတယ်ခင်မျာ။ အခုတလော
အတီးတင်တဲ့ရှေးဟောင်းပုံတွေမှာပါလာတတ်တဲ့ ကိုယ့်အဘိုးအဘွား
အရွယ်လောက်ရှိတဲ့ လူမျိုးခြားတွေကို တချို့ကဘုမသိ၊ဘမသိနဲ့ အသားလွတ်
ဝင်ရောက် ဆဲဆိုတာတွေ၊နောက်ပိုင်းမှ နိုင်ငံကို အခြေချလာပြီး
အောက်တန်းစားအလုပ်တွေကို လုပ်ကိုင်နေကြသူတွေ အဖြစ် ရှု့မြင်လာကြတာကို
အတော်များများတွေ့လာရပါတယ်။
ဒီလို မိုက်ရိုင်းတဲ့ အယုတ္တ အနတ္တ စကားလုံးတွေကိုတော့ ကောမန့်ကနေဖယ်ရှားတာကလွဲပြီး ဘာမှတုံ့ပြန်မှာမဟုတ်ပေမဲ့လဲ ပြန်ကြားရေး စာအုပ်ထဲက လေသံဖြင့် ရန်ကုန်မြို့ သမိုင်းကို ဝေဖန်မိသော လူများအတွက်တော့ ဖြေရှင်းချက်ပေးပါရစေ။ တကယ်တော့ ဒါတွေဟာ သိပ်အထူးအဆန်းတော့လဲ မဟုတ်လှပါဘူး။ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်ကြီးဟာ မျိုးဆက်နှစ်ခုစာမက အမှောင်ချခံထားရတဲ့ ဖတ်စာအုပ်တွေနဲ့ ကြီးပြင်းလာရလို့ပါပဲ။ ဒီလိုပြောလို့ ကျွန်တော်ဟာလဲ သမိုင်းပညာရှင်ကြီးမဟုတ်ပဲ ဝါသနာအရ အလွတ်တန်း လေ့လာလိုက်စားတဲ့ ဝါသနာရှင်တဦးသာဖြစ်ကြောင်းကိုကြိုတင်အသိပေးထားပါရစေ။ ဆက်လက်ပြီး “ရန်ကုန်မြို့ရဲ့ သမိုင်းတစွန်းတစ နဲ့ လူမျိုးများ ဝင်ရောက်အခြေချနေထိုင်ပုံကို ကျွန်တော် လက်လှမ်းမှီသလောက်လေး တင်ပြပေးပါရစေ။
တကယ်တော့ ဒီ တရုတ်၊ကုလားစတဲ့ လူမျိုးတွေဟာ အများထင်သလို အင်္ဂလိပ်လက်ထက်လောက်မှာမှ ရုတ်တရက်ကြီး ဝင်ရောက်အခြေချပြီး လူဦးရေဗုံးဘောလလော တိုးပွါးလာတာမဟုတ်ပါဘူး။ကိုလိုနီခေတ်မရောက်မှီ အောက်မြန်မာနိုင်ငံကိုမြန်မာများမသိမ်းပိုက်မှီ မွန်ဘုရင်များ အာဏာသက်ရောက်စဉ်ကာလတွင်းမှာပင် ဒဂုံ၊သန်လျင်၊ အစရှိတဲ့ အရပ်ဒေသများကိုဝင်ရောက်အခြေချနေထိုင်မှူတွေရှိနေပြီဖြစ်ပြီး မြန်မာဘုရင်များ ရန်ကုန်မြို့ကို အာဏာသက်ရောက်စဉ်မှာတော့ သူတို့ရဲ့အခြေချမှုဟာ အတော်လေးကို ခိုင်မာနေပြီဖြစ်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော်လက်လွတ်စံပယ်ရမ်းပြောတာမဟုတ်ပါဘူး။ တကယ်ရှိခဲ့တဲ့ ရန်ကုန်မြို့ရဲ့ သမိုင်းအမှန်ကိုတင်ပြနေခြင်းသာဖြစ်ပါတယ်။ကောင်းပါပြီ။ ဆက်လက်ပြီး အထောက်အထားများနဲ့တင်ပြပေးပါ့မယ်။

၁၃ ရာစုမတိုင်မှီကပင် အိန္ဒိယ၊အာရပ် ရေကြောင်းသွား
ကုန်သည်တို့သည်မလက္ကာရေလက်ကြားနှင့် အင်ဒိုနီးရှား ဂျာဗားကျွန်းသို့ အသွား
သန်လျင်မြို့တွင် ခရီးတထောက် နားကာ ရေချိုနှင့်စားနပ်ရိက္ခာဖြည့်တင်းခြင်း၊
သင်္ဘောကြံ့ခိုင်မှူများ
ပြန်လည်စစ်ဆေးခြင်း၊တည်ဆောက်ခြင်းများရှိနေပြီဖြစ်ပါသည်။
မွန်ဘုရင် ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁) ဟာ အိမ်နိမ့်စံ မင်းသားဘဝနှင့် ဒဂုံ(ရန်ကုန်)အရပ်ကို အခြေစိုက်ပြီး ဟံသာဝတီထီးနန်းကို ပုန်ကန်ခြားနားစဉ်က ရာဇာဓိရာဇ်ဟာ အိန္ဒိယပင်လယ်မှရောက်ရှိလာကြတဲ့ မွတ်စလင် အာရပ် သင်္ဘောသားတွေရဲ့အကူအညီကို ရယူခဲ့တာ ယုံမှားသံသယဖြစ်ဖွယ် မရှိကြောင်းကို B. R. Pearn ရေးသားတဲ့ A History of Rangoon စာအုပ်မှာ ဒီလိုရေးသားထားပါတယ်။
During his occupation of Dagon, Razadarit had been aided by certain Muslim seamen, doubtless some of the Arabs who traded across the Indian Ocean so freely in these days; and this would suggest that the River was now being frequented by foreign sailors who took their merchandise through the Delta creeks to Pegu.
အလောင်းမင်းတရားကြီး လက်ထက် ၁၇၅၅ အရောက်မှာတော့ လူမျိုးခြားများရဲ့ ရန်ကုန်မြို့မှာ အခြေချနေထိုင်မှူကို နဂါးဗိုလ်ထိပ်တင်ဒွေးပြုစုသော ရန်ကုန်မြို့ သမိုင်းစာအုပ်ရဲ့ စာမျက်နှာ ၂၄ မှာဒီလိုရေးသားထားပါတယ်။
(အရှေ့နှင့်အနောက်ဖောက်လုပ်ထားသော လမ်းမှာယခုကမ်းနားလမ်း မြောက်ဘက်အနီးတွင်ရှိ၍ကုလားတန်းဟုခေါ်သည်။ကုလားတန်းဟုခေါ်ခြင်းမှာ အိန္ဒိယတိုင်းသားများနှင့် ဥရောပတိုက်သားများ ထိုစဉ်အခါက ဝင်ရောက်အခြေချနေထိုင်သည်ကို အစွဲပြု၍ကုလားတန်းဟုခေါ်သည်။အင်္ဂလိပ်ကိုကုလားဖြုဟုခေါ်၍ အိန္ဒိယတိုင်းသားများကို ကုလားမဲဟုခေါ်သည်။မြို့တွင်း၌ မြို့ဝန်မင်းအိမ်တော်နှင့် ရုံးတော် စစ်ကဲ၊စစ်ကြပ်၊ဗိုလ်မှူးစသော အရာရှိအိမ်များ၊ မဟာမေဒင် ဘလီ ၊ဘုရင်ဂျီ ဘုရားရှိခိုးကျောင်း၊အာမေနိယံ ဘုရားရှိခိုးကျောင်းနှင့် အကောက်ရုံးတော်နှင့် ဆင်းရဲသားအိမ်များရှိသည်။နိုင်ငံခြားသားများသည် ရောင်းဝယ်ဘောက်ကား၍နေထိုင်ကြသည်။သင်္ဘောဆိပ်များနားတွင် ကုန်တင်ကုန်ချရန်ပစ္စည်းများကို သိုလှောင်ရန်ဂိုဒေါင်များရှိသည်။၎င်းသင်္ဘေင်္ာဆိပ်သုံးခုအနက် တခုမှာ ယခုလတ္တာလမ်းတွင် တရုတ်လူမျိုးတို့၏ သင်္ဘောများ ဆိုက်ကပ်ရန်မြန်မာမင်း၏ ခွင့်ပြုချက်အရ သင်္ဘောဆိပ် တခုရှိသည်။တရုတ်လူမျိုးများလည်းတစတစဝင်ရောက်စီးပွါးရှာပြီးလျှင် ဆိပ်ကမ်းအနီးတွင် ရပ်ကွက် သီးခြားနေထိုင်ကြသည်။ ကျန်သင်္ဘောဆိပ်တခုမှာ အခြားနိုင်ငံများမှလာသော သင်္ဘေင်္ာများဆိုက်ကပ်ရန်ဖြစ်သည်။ဥရောပတိုက်သားများသည် ရန်ကုန်မြို့၌လာရောက်နေထိုင်ကြသည်။၎င်းတို့အနက် အချို့ကား ကုန်သည်များဖြစ်ကြ၏။ တချို့ကား မြန်မာဘုရင်များထံ၌ ကျေးတော်မျိုး၊ကျွန်တော်မျိုး အဖြစ် ဝင်ရောက်အမှုထမ်းကြ၏။မစ္စတာ ဂျောင်းဆေးဆိုသူနှင့် ဘာဘာရှိန်(Mr Jhaunsay and Baba Sheen)တို့သည် အကောက်ခွန်အရာရှိနှင့် အခွန်ဝန်အဖြစ် ဆောင်ရွက်ကြသည်။) ဟူ၍ အထင်အရှားပါရှိပါသည်။
တဖန် B. R. Pearn ရေးသားတဲ့ A History of Rangoon စာအုပ်ထဲမှာလဲ ဒီလိုဖော်ပြထားပါသေးပါတယ်။
inside the stockade, which, as suburbs grew up, came to be known as “the Fort” (the strict meaning of the Burmese myo), the town consisted primarily of three streets running east to west, and two running south to north; l there were other minor streets also, including one immediately behind and parallel to the southern side of the sodckade. The southernmost of the major east-west streets, running slightly north of the present Strand Road, came to be known as the Kaladan, “the street of the foreigners”, because most of the foreign merchants lived there.
အင်္ဂလိပ်လူမျိုးကော၊မြန်မာလူမျိုးက ပါပြုစုထားတဲ့ရာဇဝင်ကျမ်းအချက်မှန်၊မမှန်ကို ကျွန်တော်တင်ပြထားတဲ့ပုံမှာပါရှိတဲ့ ဗလီများ။ ဘုရားရှိခိုးကျောင်းများ၊အာမေးနီးယမ်း သချိုင်းနေရာများနဲ့တိုက်ဆိုင်စစ်ဆေးနိုင်ပါတယ်။
ဒီအထောက်အထားတွေကိုကြည့်ချင်းအားဖြင့် ဝင်ရောက်အခြေချနေထိုင်သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် သာသနာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသလိုဒေသခံများကနေ တခြားဘာသာများကို ကူးပြောင်းကိုးကွယ်တာမျိုးရှိနိုင်သလို လူမျိုးခြားကနေ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုမိမိနှလုံးသားမှ ကြည်ဖြူစွာကူးပြောင်းသွားသူများလဲ ရှိပါတယ်။ သက်သေအဖြစ်ပြရမယ်ဆိုရင်ဖြင့် B. R. Pearn ရဲ့ A History of Rangoon စာအုပ်မှာပဲ ဒီလိုဖော်ပြထားပါတယ်။
The easternmost road, which was an extension of the town road corresponding with modern Lewis Street, passed out through the Wungyi’s gate and was known as the Wungyi’s Road; the name was derived from the circumstance that the town road of which the Wungyi’s Road was the extension ran past the Myowun’s residence. This road ran from the gate in a direction slightly west of north and at about the point where the Sots Kirk now stands came on to the line of the modern Signal Pagoda Road and so to the Pagoda. These roads were both paved with bricks by a Muslim merchant who turned Buddhist.
ဒါကိုကြည့်ချင်းအားဖြင့် ဝန်ကြီးလမ်း(ယခု အလံပြဘုရားလမ်း အနီးဟုခန့်မှန်းရ)လို့ခေါ်တဲ့ လမ်းကို အလံပြဘုရားလမ်းနှင့် ရွှေတိဂုံဘုရားထိရောက်အောင် ဖောက်လုပ်လှုဒါန်းခဲ့သူမှာ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်လာသူ မွတ်စလင် ကုန်သည်တယောက် ( Muslim merchant who turned Buddhist.) ဖြစ်ခဲ့တယ်ဆိုတာကို အထင်အရှားမြင်တွေ့နိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ လူမျိုးခြားတွေဟာ အင်္ဂလိပ်ခေတ်လောက်မှ တပြုံတခေါင်းကြီးဝင်ရောက်လာတာမဟုတ်ဘူးဆိုတာကိုအားလုံး သဘောပေါက်ကျေနပ်နိုင်ကြမယ်ထင်ပါတယ်။ ကိုလိုနီခေတ်ရောက်မှ လူဦးရေတိုးတက်လာတာတော့ အမှန်ပါပဲ။ ဒီအကြောင်းကို လက်လှမ်းမှီသလောက်လေး ကျွန်တော်တင်ပြပေးပါရစေ။ အင်္ဂလိပ်တွေဟာ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်ပိုင်းမှာတော့ မြို့များတည်ဆောက်ရန်နှင့် မီးရထားလမ်းဖောက်လုပ်ရန် အတွက် လိုအပ်တဲ့လုပ်သားအများအပြင် စီးပွါးရေးလုပ်ကိုင်နိုင်တဲ့ အရင်းရှင်ကုန်သည်တချို့ကိုပါ အိန္ဒိယနိုင်ငံမှတဆင့်ခေါ်သွင်းလာခဲ့ပါတယ်။ ဒီနေရာမှာတော့ ဘာသာရေးနဲ့မဆိုင်တော့ဘူးလို့ထင်ပါတယ်၊ဘာကြောင့်ဒီလိုပြောနိုင်သလဲဆိုတော့ ဝင်ရောက်လာတဲ့ အလုပ်သမားအများစုမှာ ယေဘုယျအားဖြင့် အိန္ဒိယလူမျိုး ဟိန္ဒုဘာသာဝင်တွေဟာ မြို့ပြတည်ဆောက်ရေးလုပ်ငန်းခွင်တွေနဲ့အခြေခံလုပ်ငန်းခွင်များ။ အိန္ဒိယလူမျိုး ခရစ်ယာန်ဘာသာဝင်တွေ အတော်များများဟာ မီးရထားလမ်းဖောက်ရေး လုပ်ငန်းခွင်အတွင်း(ရန်ကုန် ပဲခူးမီးရထားလမ်းမတလျှောက် ထို အိန္ဒိယ -ခရစ်ယာန် ဘာသာဝင် ကျေးရွာကြီး တွေကို အခုထိတွေ့မြင်နိုင်ပါတယ်)အိန္ဒိယလူမျိုး အစ္စလာမ်ဘာသာဝင်တွေဟာ အရောင်းအဝယ်နှင့် ကုန်သည်လုပ်ငန်း၊အိန္ဒိယတောင်ပိုင်းသားဖြစ်တဲ့ ချစ်တီးလူမျိုးတွေဟာ ငွေတိုးချေးတဲ့လုပ်ငန်းတွေကို အားသန်လုပ်ကိုင်ကြတာကိုတွေ့ရပါတယ်။ ဒီတင်ပြချက်ဟာ ကျွန်တော်သိထားသလောက် အကြမ်းဖျင်းတင်ပြချက်သာဖြစ်ပြီး လူမျိုးတမျိုးကို အလုပ်အကိုင်တခုနဲ့ ဘယ်လိုမှတရားသေ တွဲစပ်လို့မရနိုင်ပါဘူးခင်မျာ။မည်သည့်လူမျိုးက မည်သည့်လုပ်ငန်းကိုလုပ်ကိုင်သည်ဖြစ်ပါစေ သမ္မာအာဇီဝါကျပြီး ရိုးသားဖို့ပဲလိုအပ်ပါတယ်။သူ့ဟာသူ ချီးပုံးပဲထမ်းထမ်း၊အမှိုက်ပဲ ကျုံးကျုံး ရိုးသားစွာရတဲ့ ငွေဖြစ်တဲ့ အလွန်ဖြုစင်ပါတယ်။
ဒီအလုပ်တွေကိုအောက်တန်းစားအလုပ်အဖြစ် နှိမ့်ချရှုမြင်တဲ့လူဟာ သူရဲ့ပင်ကိုယ်အတွင်းစိတ်မကောင်းမှူနဲ့ စာဖတ်အားနည်းသူများလို့ပဲကျွန်တော်ရှူမြင်မိပါတယ်။ နောက်ပြီး တချိန်က ဒီလိုဘယ်သူမှမလုပ်ချင်ခဲ့တဲ့ အလုပ်တွေကိုလုပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ အနူမြုဗုံးတောင် ပိုင်ဆိုင်နိုင်ပြီး ကျွန်တော်တော့ ရွှေမြန်မာတွေကတော့ လူများနိုင်ငံတွေမှာ ဒီလိုအလုပ်တွေလုပ်ဖို့ တစတစနဲ့ မွေးရပ်မြေကို စွန့်ခွါနေရတာကို လူတိုင်းသိနိုင်ပါတယ်။ ကံကြမ္မာ လှည်းဘီးဆိုတာမျိုးဟာ တပတ်လည်တတ်ပါတယ်။ဆင်ခြင်နိုင်ကြပါစေ။
ဒီနေရာမှာ ကြုံလို့ပြောချင်တာကတော့ အများသိထားတဲ့နာမည်ကျော် ချစ်တီးလူမျိုးတွေဟာ မွတ်စလင်တွေမဟုတ်ကြပါဘူး။ခရစ်ယာန်ဘာသာကိုးကွယ်တဲ့လူများရှိသလို အမဲသား၊ဝက်သား မစားပဲ ဟိန္ဒု၊ဗုဒ္ဒဘာသာများဖြစ်ပါတယ်။ ကျွန်တော်ပြောတာကို မယုံဘူးဆိုရင်တော့ ရန်ကုန်မြို့က ချစ်တီးထမင်းဆိုင်တဆိုင်ထဲကို ဝင်ထိုင်ပြီး ဟေ့၊ အမဲသားဟင်းနဲ့တပွဲပေးစမ်းကွာလို့သာမှာကြည့်လိုက်ကြပါခင်မျာ။ နောက်ပြီး ကျွန်တော်တို့ ဖတ်စာအုပ်ထဲမှာ သင်ခဲ့ရတဲ့ တောင်သူလယ်သမားတွေကိုနှိပ်စက်ခဲ့တဲ့ ချစ်တီးတွေရဲ့ အတိုးနှုန်းဟာလေးကျပ်တိုးပါ။ ယခုအချိန်ကိုယ့်မြန်မာအချင်းချင်း အပေါင်မပါပဲချေးငှါးကြည့်လိုက်ပါ။ အနည်းဆုံး ၂၀ တိုးနဲ့ပဲရပါလိမ့်မယ်။ အပေါင်ပစ္စည်းပါရင်တော့ ဘယ်ဈေးလဲဆိုတာလူတိုင်းသိမှာပါ။ အင်္ဂလိပ်ခေတ်နဲ့ လက်ရှိခေတ်ငွေဖောင်းပွမှူကတော့ ကွာတာပေါ့လေ။
တကယ်တော့ ဒီလိုပုံထဲမှာပါလာကြပြီး ဆဲဆိုခံနေရတဲ့လူတွေဟာ ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံကို ကူးစက်လာချိန် ၁၉၄၂ ခုနှစ်မှာ အိန္ဒိယနိုင်ငံဘက်ကို မှီရာ သင်္ဘော၊ကား၊ရထားသုံးပြီး အမြန်ပြန်ပြေးရပါတော့တယ်။ဘာယာဉ်မှ အသုံးပြုဖို့ မမှီလိုက်သူတွေကတော့ ကြမ်းတမ်းတဲ့လမ်းခရီး ကို ကခြေလျင် ပြန်ပြေးရပါတော့တယ်။ အဲလိုပြန်ပြီး စစ်ဘေးဒါဏ်ရှောင်တဲ့လူတွေရဲ့တဝက်လောက်ကတော့ စစ်ဘေးဒါဏ်၊ရာသီဥတု၊ငတ်မွတ်ခေါင်းပါးမှူနဲ့ ရောဂါဘယများအစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံဘက်ကို မရောက်မှီလမ်းမှာပဲ ဇီဝန်ကြွှေသွားကြပါတော့တယ်။
ကိုလိုနီခေတ်ရန်ကုန်မြို့နေလူထုဟာ မြန်မာလူမျိုးများထက် ဥရာပတိုက်သားများ၊ လူမျိုးခြားများက ပိုမိုများပြားပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ရောင်စုံသူပုန်သာင်းကျန်းသူတွေရဲ့ ရန်ကြောင့် နယ်ဝေးနေ မြန်မာလူမျိုးများရန်ကုန်မြို့ကိုတိုးတက် အခြေချလာခြင်းသာဖြစ်ပါတယ်။
အချုပ်အားဖြင့်ပြောရမယ်ဆိုရင်ဖြင့် အတီးတင်ပေးထားတဲ့ဓာတ်ပုံဟာ တချိန်ကကိုယ့်နိုင်ငံရဲ့ သမိုင်းဟာ ဒီလိုတောက်ပြောင်ခဲ့တယ်ဆိုတာတယ်၊ အများပြည်သူ ဗဟုသုတရစေနိုင်ဖို့သာရည်ရွယ်ပါတယ်ခင်မျာ။သူ့ဟာသူ တကယ်တည်ရှိခဲ့လို့ ဓာတ်ပုံထဲမှာပါလာတဲ့ ကိုယ့်အဘိုး၊အဘွားအရွယ်တွေကို တလွဲမာန နဲ့ အသားလွတ်ထိုင်ဆဲဖို့မဟုတ်ပါဘူးခင်မျာ။ ဒါမှ မဟုတ်ပဲ ဒါငါ့နိုင်ငံကွ မနေချင်ထွက်သွားဆိုတဲ့လူများအတွက်လဲ တခုပြောချင်ပါတယ်။ သူတို့တွေကို ဘယ်သူမှ မောင်းထုတ်ဖို့မလိုပါဘူးခင်မျာ။ တစတစ ယိုယွင်းလာပြီဖြစ်တဲ့ မွေးရပ်မြေကို လူမျိုးခြားတွေရော၊ မြန်မာလူမျိုးတွေ ကိုယ်တိုင်ပါ ရေကြည်ရာမျက်နုရာ ထွက်ခွါနေကြတာ လူတိုင်းအမြင်ပါပဲ။ဒါမှ မဟုတ်ရင်လဲ အတီးတင်ပေးထားတဲ့ ပုံလေးတွေကို ဒေါင်းလုပ်ချ။ ပြီးရင် ဖိုတိုရှော့ထဲထည့်။ မမြင်ချင်တဲ့ ကုလားများ၊တရုတ်များ ကို ဖယ်ရှားပစ်ပြီးတော့ “တချိန်တုန်းက အရှေ့တောင်အာရှမှာ အလှဆုံးဖြစ်ခဲ့ဖူးသော မြန်မာလူမျိုးသီးသန့် နေထိုင်သည့် မဟာရန်ကုန်ရွှေမြို့တော်” တို့ “လူမျိုးခြား ကင်းစင် မြန်ပြည်တခွင်” တို့ဘာတို့လို ခေါင်းစဉ်များတပ်ပြီး ပျော်ပျော်ပါးပါးကြီးသာ ရှဲကြပေလေတော့။
ကျွန်တော်ဟာ သမိုင်းပညာရှင်မဟုတ်ပဲ အလွတ်တန်း လေ့လာတဲ့ ဝါသနာရှင်တယောက်သာဖြစ်တဲ့ အတွက် ကျွန်တော့တင်ပြချက်မှာ အမှားအယွင်းများ ပါရှိခဲ့သည်ရှိသော် ထောက်ပြဝေဖန်ပေးပါရန်စာရှူသူမိတ်ဆွေများအား လေးစားစွာပန်ကြားအပ်ပါသည်။ ဒီပို့စ်ဟာ ကုလားသမိုင်း၊တရုတ်သမိုင်း မဟုတ်သလို ရိုဟင်ဂျာသမိုင်းလဲမဟုတ်ပါ။ရန်ကုန်မြို့သမိုင်းစစ်စစ်သာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အပြုသဘော ဆောင်သော ဆွေးနွေးချက်များ၊ဝေဖန်ချက်များကို တလေးတစားနှင့်ပြန်လည်ဖြေကြားမှာဖြစ်သောလည်း ပို့စ့်နှင့်မဆိုင်သော ကိစ္စများနှင့် ရိုင်းစိုင်းသော ကောမန့်များကိုတော့ ဖယ်ရှားရမည်ဖြစ်ကြောင်းကိုဝမ်းနည်းစွာဖြင့် ကြိုတင်အသိပေးလိုက်ရပါတယ်ခင်ဗျာ။
အကိုးအကား
1) နဂါးဗိုလ်ထိပ်တင်ဒွေးပြုစုသော ရန်ကုန်မြို့သမိုင်း
2) http://www.scribd.com/doc/100740788/History-of-Yangon-by-Nagarbo-Htake-Tin-Dwe
3) B. R. Pearn, Corporation of Rangoon, American Baptist Mission Press, Rangoon, 1939 ရေးသားသော A History of Rangoon
4) http://www.tuninst.net/Myanmar/Hist_Rgn/found-rgn/alaungpaya-rgn1/alaungpaya-rng1.htm#ALAUNGPAYAS-RANGOON-1
5) Photo via Ye Myat Thu

ရှင်စောပုဘုရင်မကြီး အသုံးပြုခဲ့သော ခေါင်းဆောင်းတော် နှင့်မြန်မာတို့၏ စက္ကောမ ယန္တရားအတတ်
ရှင်စောပုသည် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။ ပုံမှာ ခေါင်းဆောင်းတော်မှာ အင်္ဂလိပ်များ မြန်မာနိုင်ငံအောက်ပိုင်းကိ
ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏
မိဖုရားကြီးအဖြစ် နေခဲ့ရသည်ကိုကား မွန်၊ မြန်မာ ရာဇဝင်များ အားလုံးက
ဖော်ပြကြပေသည်။ ရှင်စောပုသည် အင်းဝတွင် မိဖုရားကြီးတပါးအဖြစ် စံနေရလင့်ကစား
မပျော်ပိုက်ပေ။ အင်းဝတွင် သီဟသူနှင့် သုံးနှစ်၊ မင်းလှငယ်နှင့် သုံးလ၊
ကလေးတောင်ညိုမင်းနှင့် ခုနှစ်လ၊ မိုးညှင်းမင်းတရားနှင့် သုံးနှစ်
စုစုပေါင်း ခုနစ်နှစ် ကြာခဲ့လေသည်။ ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏
စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ
ပြန်လိုလှ၍ ဒဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်ကာ ဒါန၊
သီလ၊ ဘာဝနာ အလုပ်တို့ကိုသာ ဆောင်ရွက်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။
ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော ပိဋကဓရ
မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု
ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။ ပိဋကဓရသည်
ရှင်သာမဏေ ဘဝကပင် ပုဂံသို့ သွားရောက်ပြီးလျှင် ပိဋကတ်သုံးပုံကို ငါးနှစ်မျှ
သင်ကြားတတ်မြောက်ခဲ့၍ ဟံသာဝတီသို့ ပြန်ရောက်သောအခါ မွန်၊ ဗမာ
နှစ်ဘာသာဖြင့် တရားဓမ္မ ဟောကြားရာတွင် အလွန် ကျော်ကြားလေသည်။ ပိဋကဓရသည်
ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဥာဏဘွဲ့ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့်
တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။
အင်းဝသို့ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု
ကျော်ကြားလေသည်။ထိုအချိန်ကာ လသည် မိုးညှင်းမင်းတရားလက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။
ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။ မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဉ့်သန်းခေါင်ယံအချိန်တွ င်
အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍
အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက်
အခန်းအတွင်းမှ ထွက်သည်။ နန်းတော်တံခါးစောင့်များ မေးလျှုင် ရှင်စောပု
လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ
လွှတ်လိုက်၏။ ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ
ကြိုတင်စီစဉ်ထား သည့်အတိုင်း ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည်
ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။
မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင်း တောတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။
ရှင်စောပုဘုရင်မကြီးသည် ဘ၀၏နောက်ပိုင်းကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင် ကျေးဖူးပြုခဲ့သည့် ရဟန်း နှစ်ပါးအနက်မှ ဓမ္မဉာဏ အားလူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။ ထို့နောက်ဓမ္မစေတီဘွဲ့ဖြင့်အိမ်ရှေ့အရာပေးကာ
ကိုယ်စားအဖြစ် တိုင်းရေးပြည်ရွာ ကိစ္စများကိုလွှဲအပ်လေသည်။ မိမိမှာမူ
ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မများကို
လေ့လာအားထုပ်ပြီးနေသည်မှာ နတ်ရွာစံသည့်အချိန်အထိပင်ဖြ စ်သည်။
ထို့ကြောင့် ဘုရင်မကြီးရှင်စောပု၏ အုတ်ဂူကို ရွှေတိဂုံဘုရားအနီးတွင်
တည်ထားခဲ့ခြင်းဖြစ်သည်။
ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီထီးနန်းကို စိုးစံသည်။ဤကားဓမ္မစေတီ မင်း၏ မည်သူမျှမလုပ်ရဲသော ၊ မလုပ်နိုင်ခဲ့သော အလုပ်ကို ခဲရာခဲဆစ် ကြံဆောင်နိုင်ခဲ့ခြင်းဖြစ်ေ ပသည်။ ထိုမင်းလက်ထက်တွင် မူ စစ်မက် မဖြစ်ပွါးပဲ တိုင်းပြည် ငြိမ်းချမ်းသောကြောင့် တိုင်းပြည်တိုးတက်စေနိုင်သော
စက်မှူလက်မှူပညာရပ်များနှင့် သာသနာပြုကိစ္စများကို အထူးပင်အားပေးခဲ့လေသည်။
ရှင်စောပုနှင့် သမက်တော်တို့သည် သမက်တော်မင်းပြုသော ကာလအတွင်း
သားနှင့်အမိတို့ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် ဘုရားခြေတော်ရင်း၌
ကြွရောက်စံမြန်းပြီးလျှင် ကြီးစွာသော အလှူဒါနပြုကြသည်။ စေတီတော်ပတ်လည်ရှိ
ချောက်ကမ်းပါးနှင့် ချိုင့်ဝှမ်းများကို ဂဝံကျောက်တုံးကြီးဖြင့် ဖို့စေသည်။
မြင့်သော ကုန်းမြေကို ညီညာစေရန် တူးညှိစေသည်။ အပြင်ဘက်တို့တွင်
ဂဝံကျောက်တုံးများဖြင့်စီစေ သည်။
စေတီကိုခံသော ပစ္စယာပေါ်တွင် ကျောက်ထီးများပြုလုပ်၍ ရွှေချသည်။
ပန်းတင်ခုံပစ္စယာကို ခါးဖွဲ့၍ ကျောက်ဖြင့်ပြီးသော ဆီမီးအိမ်တို့ဖြင့်
ပတ်လည်စီထားသည် စသည်ဖြင့် ရွှေတိဂုံကျောက်စာ၌ ဆံတော်ရှင်အား
အထူးတလည်(Upgrade) မွမ်းမံပုံများကို ဖော်ပြထားသည်။
ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တရာကြည်ညိုတော်မူသဖြင့်
မိမိ၏ ကိုယ်အလေးချိန်ဖြစ်သော ရွှေ ၂၅ ပိဿာကို မျက်ပါးခတ်ပြီးလျှင်
စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။ မြို့သူ၊ မြို့သားတို့ကလည်း
ရွှေပိဿာချိန် ၅ဝ မျှကို ကူ၍ ပူဇော်ကြသည်။ ဘုရင်မကြီးသည် ကြေးချိန် ၁၇ဝဝ
ပိဿာရှိ ခေါင်းလောင်းကြီးတစ်လုံးကို လည်း
သွန်းလုပ် လှူဒါန်းသည်။ ဒါ့အပြင်ရှင်စောပုသည် စေတီတော်ကြီးတွင်
ထီးဖြူလေးစင်း၊ ရွှေသပိတ်လေးလုံး၊ ရွှေပန်းကန် လေးလုံး (ပန်းကန်တလုံးလျှင်
ဆန်တတင်းချက် ဝင်သည်။) ငွေပန်းကန်ရှစ်လုံး၊ ရွှေဇွန်းလေးစင်း၊
ငွေဇွန်းရှစ်စင်း၊ (ဇွန်းတစင်းလျှင် ဆန်တစလယ်ချက် ဝင်သည်။)
ဆွမ်းသင်ပုတ်တော် ၄၄ ခွက်၊ ရေအိုးကြီးလေးလုံး၊ ထွေးအင်လေးလုံး၊
ကုလားစည်လေးလုံးနှင့် စောင်းတန်းမုခ် လေးဘက်လေးဆောင်တို့ကို
လှူဒါန်းခဲ့သည်။ ထို့သို့ လှူဒါန်းပြီးနောက်တွင်ကား မသမာသူသို့ မလွယ်တကူမဖျက်စီးစေနိုင်ရန် ဘုရားကြီး၏ဌာပနာတိုက်အတွင်း
စက္ကောမ ပညာရပ်ဖြင့် စီရင်ထားသော ဓားစက်၊လှံစက်များ၊ လူကိုမြင်သည် နှင့်
ပြေး၍ ထိုးခုတ်သတ်ဖြတ်တတ်သော စက်ရုပ်များကိုပါ တခါတည်းထည့်သွင်းစီရင်ခဲ့ပေ သည်။
သုံးစက္ကန့် လည်ပြီး တစက္ကန့် နားသော ဓားစက်၊လှံစက်ကြီး ဆိုသည်မှာလည်း
တခြားမဟုတ် ၊ရန်ကုန်မြစ်၏ ဒီရေအားဖြင့်လည်ပတ်သော စက်တမျိုးပင်ဖြစ်ပေသည်။
သို့ဆိုလျှင် ရန်ကုန်မြစ်သည် ရွှေတိဂုံဘုရားကြီးအလွန်ဝေးကွာသောကြောင့် မဖြစ်နိုင်ဟု ထင်မည့်သူများအားရှင်းပါမည် ၊ရှေးယခင်က ရွှေတိဂုံဘုရား၏ကုန်းတော်မှာ မြစ်ဝ၌ပင် ရှိ၍ဘုရားပေါ်သို့ လှေများဖြင့်ပင် သွားရောက်နိုင်ကြောင်းမှတ်တ မ်းများ၌လာရှိပေသည်။နောက်တချက်မူကား ရွှေတိဂုံစေတီတော် တည်ရှိရာ ကုန်းတော်မှာ ရှေးက ကျွန်းငယ်တကျွန်းသာ ဖြစ်ခဲ့၍ သိမ်းငှက်များ ကုပ်ကုပ်ကပ်ကပ်နားခိုသောကြောင့်
သိမ်းကုပ်တရဟု သဘောင်္သားများက ခေါ်တွင်ခဲ့ရာမှ သိဂုင်္တ္တရ ဟု အမည်တွင်ခဲ့သော
အချက်အား ထောက်ရှု၍ ရှေးရှေးက အတတ်ပညာရှင်တို့က
စေတီတော်ကြီး၏ငှါပနာတိုက်သို့ ဥမင်လှိုဏ်ခေါင်းဖောက်လုပ်ကာ ရန်ကုန်မြစ်ရေကိုဝင်စေပြီး ထိုရေအားဖြင့်ပင်စက်များကို လည်ပတ်စေသည်မှာ များစွာဖြစ်နိုင်ပေသည်။
ထပ်မံ၍
သေချာစေသောလက်ထက်မှာ ဓမ္မစေတီမင်းလက်ထက်တွင် ပြင်သစ် (သို့)ပေါ်တူဂီ
သံအဖွဲ့(အင်္ဂလိပ်မဟုတ်။ ကျွန်တော် သေချာ မမှတ်မိသည့်အတွက်တောင်းပန်ပါရစေ)
ရောက်ရှိလာချိန်တွင် မြန်မာတို့က ကောင်းစွာဧည့်ခံကာ မိမိတို့
တတ်ကျွမ်းထားသော လေးအတတ်။ လှံအတတ်မနှင့် ယန္တရားအတတ်များကို
ပြသသည့်ပြပွဲလေးတရပ် (Exhibition)လုပ်ခဲ့လေသည်။အ မှန်မှာတော့ ပြပွဲသာမဟုတ်ပဲ မိမိ၏စစ်အင်အားကို ပရိယာယ်ဖြင့် ပြသခဲ့ခြင်းသာဖြစ်ပေသည်။(ယေ န့ကမ္ဘာပေါ်တွင်
ပြုလုပ်လျှက်ရှိသော စစ်ရေးလေ့ကျင့်မှူများမှာ ပိုက်ဆံပေါ၍မဟုတ်။
ရည်ရွယ်ချက်ရှိရှိနှင့် မိမိစစ်အင်အားကို ပြသချင်းပင်ဖြစ်သည်။)
ထိုပြပွဲအတွင်းတွင်ကား ဓားခုတ်လှံခုတ်စက်ရုပ်များ။ လက်နက်ပုံးများကို သံအဖွဲ့များကို မျက်လှည့်အတတ်နှင့်ရောနှောကာ
ပြသခဲ့လေသည်။ထိုသို့ မိမိနယ်မြေအားနယ်ချဲ့ရန် လာအကဲစမ်းသော
နိုင်ငံခြားသားများအား စစ်မဖြစ်လိုက်ရပဲ ကောင်းစွာ
တွန်းလှန်ခဲ့ပေသည်။
သို့သော် ဟံသာဝတီ နိုင်ငံတော်ပျက်စီး ပြီးသည့်နောက်တွင်ကား ဤအတတ်ပညာသည်လည်း တိမ်မမြူပ်ပျောက်ကွယ်သွားရေ တာ့လေသည်။
အမှန်မှာ ဤအတတ်ပညာများနှင့်ပင် နယ်ချဲ့လာသူအင်္ဂလိပ်တို့အား ကောင်းစွာ
ဒုက္ဒပေးနိုင်သည်ဟု မိမိယူဆလိုက်ပါတယ်။ထိုသို ကြိုမြင်ခဲ့၍ကြံဆောင်ခဲ့သော ကနောင်မင်းသားကြီးအား မိမိ ၏ တူတော်နှင့် သားမက်တော်စပ်သော(အမျိုးအရင်းကြီး) အာဏာရူး မြင်ကွန်း။မြင်းခုံတိုင်မင်းသားတို့က တီးထည့်လိုက်ခြင်း၊ အချင်းချင်းမညီညွတ်ပဲ ပြည်တွင်းစစ်များသာဖြစ်ပွါး နေချင်းတို့ကြောင့်
သာ ပျောက်ပျက်သွားလေတော့သည်။ ကြုံတောင့်ကြုံခဲ အချင်းချင်းညီညွတ်ပြီ
ဆိုပါကလဲ အဲ ယိုးဒယားကို သွားစွာပါလေပြီ။ ဒုက္ခ။ သမိုင်းတလျှောက်လုံး
ယိုးဒယားပြည်သူတို့မှာ မြန်မာတို့၏ အရိပ်အကဲကိုကြည့်ကာ အထုပ်တပြင်ပြင်နဲ့
နေခဲ့ရသည်ဆိုပါက မလွန်ချေ။-အချုပ်ဆိုရသော် မြန်မာတို့၏ ယန္တရား အတတ်ပညာသည်
ရှေးအခါက အတော်အတန်ထွန်းကားခဲ့ကြောင်းနှင့် ယခုအခါတွင်မူ အကြောင်းကြောင်း ကြောင့်ပျောက်ကွယ်သွားပြီဖြ စ်ကြောင်းပြောကြားရင်းနိဂုံး ချုဎ်လိုက်ရပါသည်။
ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။ ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။ အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။ ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။ ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။ မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။ အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။ ထိုညဉ့်သန်းခေါင်ယံအချိန်တွ
မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။ ရှင်စောပုတို့လူစုသည် နေ့တွင်း တောတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။ မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍ ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။
ရှင်စောပုဘုရင်မကြီးသည် ဘ၀၏နောက်ပိုင်းကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင် ကျေးဖူးပြုခဲ့သည့် ရဟန်း နှစ်ပါးအနက်မှ ဓမ္မဉာဏ အားလူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။ ထို့နောက်ဓမ္မစေတီဘွဲ့ဖြင့်အ
ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီထီးနန်းကို စိုးစံသည်။ဤကားဓမ္မစေတီ မင်း၏ မည်သူမျှမလုပ်ရဲသော ၊ မလုပ်နိုင်ခဲ့သော အလုပ်ကို ခဲရာခဲဆစ် ကြံဆောင်နိုင်ခဲ့ခြင်းဖြစ်ေ
ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တရာကြည်ညိုတော်မူသဖြင့
သို့ဆိုလျှင် ရန်ကုန်မြစ်သည် ရွှေတိဂုံဘုရားကြီးအလွန်ဝေးက
ထပ်မ
ထိုပြပွဲအတွင်းတွင်ကား ဓားခုတ်လှံခုတ်စက်ရုပ်များ။
သို့သော်
ကိုးကား -- မြန်မာ ဝီကီ
အတီး( ဝါးလုံးရှည်)
မြန်မာ ၊ ဗမာ အခေါ် အဝေါ် ဝေါ်ဟာရ
ဒီသီချင်းကို နားထောင်ကြည့်လိုက်ကြပါ၊ အဲလောက်ဆိုရင်တော့ အဖြေပေါ်မယ်ထင်ပါတယ်။ သီချင်းထဲက ကျွန်တော်တို့ မြန်မာတွေနဲ့ ခွဲမရအောင် ရုပ်ကော၊ စကားကော တူနေတဲ့ လူမျိုးတွေဟာ ဘင်္ဂလားဒေ့ရှ်၊ အာသံ နဲ့ အိန္ဒိယ နယ်အချို့မှာ နေထိုင်ကြတဲ့ မာရမာ လူမျိုးစုတွေပါ။
မာရမာတွေဟာ ဘုရင့်နောင် ဤမြေးတော် ဗိုလ်မင်းလက်ထက်မှ အဲဒီဒေသတွေကို ပြန်လည် ဝင်ရောက် အခြေချခဲ့ကြတယ်လို့ အများက သိထားခဲ့ကြပေမဲ့ တကယ်တော့ ဒီဒေသမှာ မာရမာလူမျိုးတွေရဲ့ အခြေချမှူဟာ အေဒီ ၂ ရာစုမှ ၃ ရာစုအတွင်း (ပုဂံခေတ်ပင် မထွန်းကားသေး)မှာပင်ရှိနှင့်နေပြီးဖြစ်ပါသည်။ နောက်ပိုင်း ဟိန္ဒု ဘာသာ ကိုးကွယ်သော ဘုရင်များနှင့် ရှင်ပြိုင်ကာ အရေးနိမ့်ပြီး မြန်မာနိုင်ငံအရပ်ကို ရွှေ့ပြောင်းလာခြင်းသာဖြစ်ပါတယ်။
မာရမာလူမျိုးများ မြန်မာနိုင်ငံကို ဝင်ရောက်လာခြင်းနဲ့အတူ ဗုဒ္ဓ ဘာသာဟာလည်း အဲဒီဒေသမှာ ချုပ်ငြိမ်းကွယ်ပျောက်သွားပါတော့တယ်။ကျွန်တော့ အမြင်ကတော့ ယနေ့ မြန်မာလူမျိုး ဆိုပြီး ဖြစ်လာမဲ့ ရှေး မာရမာ လူမျိုးတွေဟာ နဂိုရှိနှင့်ပြီး ဖြစ်တဲ့ ပျူ၊မွန်၊ သက် အစရှိတဲ့ တိုင်းရင်းသား များနဲ့ သွေးနှောပြီး ဖြစ်ပေါ်လာတယ်လို့ ယူဆလို့ မြန်မာဆိုတာ လူမျိုးတမျိုးကို ကိုယ်စားပြုပြီး၊ ဗမာဆိုတာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတယ်လို့ ပြောပါရစေ။ အခုလောလောဆယ်တော့ အမြင်နဲ့သာ အရင်တင်ပြခြင်းဖြစ်လို့ ဒီလောက်ပဲပြောပါရစေ။ အထောက်အထား ကျမ်းကိုး ကို ပြန်ရှာပြီးတင်ပြနိုင်မှပဲ အလုံးစုံကို ခိုင်ခိုင်မာမာပြောပါရစေခင်မျာ။
တကယ်တော့ မြန်မာပဲခေါ်ခေါ်၊ ဗမာပဲ သုံးသုံး ဝေါဟာရ သည် ဝေါဟာရ စကားလုံးသာဖြစ်ပြီး တကယ်လက်တွေ့လုပ်ရပ်များဟာ တိုင်းရင်းသား အားလုံးကိုလဲ ကိုယ်စားမပြုနိုင်၊ တိုင်းရင်းသား များက လဲ သူတို့ အခွင့်အရေး ပြည့်ပြည့်ဝဝ မရရှိဘူးလို့ ခံစား ချက်ဖြစ်ပေါ်နေသမျှ တော့ ပြဿနာတွေက ရှိဦးမည်ဖြစ်တယ်လို့ယူဆပါတယ်။ အဓိက ပြောချင်တာကတော့ ဝေါဟာရ သက်သက်နဲ့တော့ အချိန်ကုန်၊လူပန်း၊ ခေါင်းရှူပ်ပြီး ဖေ့ဘုတ်ပေါ်မှာ ပွဲဆူရုံလောက်ပဲ မလုပ်ကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။
အတီး( ဝါးလုံးရှည်)