Monday, February 11, 2013

on Leave a Comment

အဆိပ်ရှိသောမှိုများ

The photo of the german children reading The Poisonous Mushroom (The Toadstool) published by Julius Streicher, prominent Nazi
အလွန်သာယာလှပသော နွေဦးရာသီကာလကျရောက်လာခါစအချိန် တောအုပ်ကြီးတခုရဲ့ အလယ်မှာ ကလေးငယ်လေးတယောက်နဲ့ သူ၏ မိခင် ဖြစ်သူတို့ ဟာ မှိုရှာထွက်လာခဲ့ကြသတဲ့။ တောအုပ်ကြီးရဲ့ တနေရာလဲ အရောက်မှာတော့ အလွန်ကြီးမားတဲ့ မှိုကျင်းတကျင်းကို ဘွားခနဲ့ တွေ့လိုက်ရတော့အချိန်မှာတော့ ကလေးငယ်ဟာ အလွန် အားရဝမ်းသာဖြစ်ပြီး ဟစ်အော်မိလိုက်သတဲ့။ ” အို မေမေရေ၊ ကြည့်စမ်းပါဦး၊ မှိုကျင်းကြီးမှ အကြီးကြီးပဲ။ သားတို့တော့ပွတာပဲ၊ ကဲ အခုပဲ သွားတူးလိုက်ရအောင်နော်” ထို အခါ မိခင် ဖြစ်သူမှ သားငယ်ကို တချက်ဟန့်တားလိုက်ကာ “သားငယ်၊ ဒီမှိုတွေဟာ လူတွေစားဖို့ မသင့်တော်တဲ့ မှို ၊အဆိပ်ရှိတဲ့ မှို အမျိုးအစားတွေကွဲ့။ ဒီလို မှိုမျိုးကိုစားမိရင်တော့ အသက်အန္တရယ်ကိုစိုးရိမ်ရတတ်တယ်။ လာလာ ဒီနေရာကနေ အမြန်သွားကြရအောင်” ဒီလိုနဲ့ သားအမိ နှစ်ယောက်ဟာ အိမ်အပြန်လမ်းကို တိတ်ဆိတ်စွာနဲ့ ပြန်လာခဲ့ကြတာပေါ့။ အတန်ကြာတဲ့ အခါမှာတော့ မိခင်ဖြစ်သူက တိတ်ဆိတ် ငြိမ်သက်မှူကို စတင် ဖြိုခွဲလိုက်ပြီး ” သားငယ် ဖရန့်၊ မေ့မေ့ကို ကြည့်စမ်း၊ သိလား သား။ လူ့လောကကြီးထဲမှာလေ မေမေတို့ အခုနက တွေ့လိုက်ရတဲ့ မှိုလိုမျိုးနဲ့ တူတဲ့ လူမျိုးတွေ အများကြီး ရှိတယ် သား။သား တွေ့တယ်မဟုတ်လား၊ တောနက်ထဲမှာလေ အင်မတန်မှစားလို့ ကောင်းတဲ့ မှိုမျိုးရှိသလို ကိုယ့်ကို အန္တရယ်ဖြစ်စေနိုင်တဲ့ မှိုမျိုးတွေရှိတတ်ကြတယ်။ အဲဒီလိုပဲ မေမေတို့ ကျင်လည်နေရတဲ့ လူ့လောကကြီးထဲမှာလည်း ဒီလို လူဆိုးနဲ့ လူကောင်းတွေကို တွေ့ရလေ့ရှိတယ် သား။ မေမေတို့ဟာ အဆိပ်ရှိတဲ့ မှိုမျိုးကိုစားသုံးခြင်းမှ ကာကွယ်ရှောင်ရှားသလို ဒီလို လူဆိုးလူညစ်တွေရဲ့ရန်ကိုလည်းကာကွယ်ရလိမ့်မယ်၊ သား နားလည်တယ်မဟုတ်လား?” “ဟုတ်ကဲ့မေမေ သားနားလည်ပါပြီ၊ အဆိပ်ရှိတဲ့ မှိုမျိုးကို စားမိရင် အန္တရယ်ရှိသလိုမျိုး လူဆိုး လူညစ်တွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အခါ ရှုပ်ထွေးပွေလီတဲ့ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာကို။ ဟုတ်တယ် မဟုတ်လား မေမေ။” “မှန်တယ် ငါ့သား၊ ဒါဆိုရင် ဘယ်သူ ဘယ်ဝါတွေအ အဆိပ်ရှိတဲ့မှိုလိုမျိုး လူတွေလဲ ဆိုတာ ခွဲခြားတတ်ပြီသလား သားငယ်” ထို အခါ ကလေးငယ်လေးဟာ သူရဲ့ လက်ဝါးနှစ်ဖက်ကို ပါးပြင်မှာ ကပ်လိုက်ပြီး တစုံတခုကို သတိရသွားဟန်ဖြင့် ” အို မေမေရေ၊ သား သဘောပေါက်သွားပြီ၊ ဒီ ဒီလို အဆိပ်ရှိတဲ့မှိုတွေဟာ ဂျူးလူမျိုးတွေ မဟုတ်လား၊ ဟာ ဟုတ်တာပေါ့၊ ဒီအကြောင်းကို သားရဲ့ အတန်းပိုင်ဆရာမကလဲ တခါတလေ သားတို့ကျောင်းသားတွေကိုပြောလေ့ရှိတတ်တယ်လေ” ကလေးငယ်၏ စကား အဆုံးမှာတော့ မိခင်ဖြစ်သူဟာ သားငယ်ရဲ့ သဘောပေါက်လွယ်မှူကို ချီးကျူးသည့်အနေဖြင့် ကလေးငယ်၏ ဦးခေါင်းကိုပွတ်သတ်ကာ ” တော်တယ် ငါ့သား၊ မေမေတို့ လူ့လောကမှာလေ ဒီလို မျိုး အဆိပ်အတောက်တွေနဲ့ပြည့်နှက်နေတဲ့ ဂျူး မှိုတွေ အများကြီးပဲ သားရဲ့၊ ဂျူး ဈေးသည်၊ဂျူး သားသတ်သမား၊ ဂျူး မြင်းလှည်းမောင်းသမား၊ ဂျူးဆရာဝန် ၊ အို စုံလို့ပါပဲသားရယ်။ သူတို့ကို ကြည့်လိုက်သား၊ ဒီလို အဆိပ်ရှိတဲ့ လူတွေဟာ သူတို့ဟာသူတို့ ယုတ်မာကောက်ကျစ်နေသည်ဖြစ်စေ၊ ခင်မင် နှစ်လိုဖွယ်ကောင်းတဲ့ အမူအရာတွေကိုပြပြီး ချဉ်းကပ်လာသည်ဖြစ်စေ ဘယ်သော အခါမှ မယုံလိုက်မိစေနဲ့ ငါ့သား၊ ဘာဖြစ်လို့လဲဆိုတော့ ဂျူးဟာ ဂျူးတွေပဲဖြစ်လို့ပါပဲ၊” “ဟို တောနက်ထဲက အဆိပ်ရှိတဲ့မှိုတွေလိုမျိုးပေါ့ ဟုတ်လားမေမေ” “မှန်တာပေါ့ သားငယ်၊ အဆိပ်ရှိတဲ့ မှိုလေး တပင်ဟာ မိသားစုတခုလုံးကိုသေစေနိုင်တယ်၊ ဒီလိုပဲ ဂျူး ရှေ့နေ တယောက်ဟာ ရွာတရွာလုံး၊မြို့တမြို့လုံးကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တယ်။နောက်ဆုံး မေမေတို့ ဂျာမန် အမျိုးသားတရပ်လုံးကို ဒုက္ခရောက်သွားစေနိုင်တယ် ငါ့သား” “ဟာ ဟုတ်လား မေမေ၊ ဒါဆို သားကိုပြောပြပါဦး၊ ဒီလို အဆိပ်ရှိတဲ့ ဂျူးတွေအကြောင်းကို ကျန်တဲ့ တခြား ဂျူးမဟုတ်တဲ့လူမျိုးတွေက မသိကြဘူးလားမေမေ ၊သားကိုအမြန်ပြောပြပါဦး” ထိုအခါတွင်တော့ မိခင်ဖြစ်သူမှ ခေါင်းကို ဖြေးညင်းစွာ ခါယမ်းကာ “ကံဆိုးစွာနဲ့ပဲ သူတို့တွေ မသိကြသေးဘူး ငါ့သား၊သန်းပေါင်းများစွာသော ဂျူးမဟုတ်တဲ့ လူမျိုးတွေဟာ သူတို့တွေရဲ့ အကြောင်းကို မသိကြသေးဘူး၊ ဒါကြောင့် မေမေတို့၊သားတို့ဟာ လူတွေကို အလင်းရောင်ပေးရမယ်။ လူတွေကို ဂျူးတွေရဲ့ အကြောင်းကို အသိပေးရမယ်၊ အထူးသဖြင့် သားတို့လို ငယ်ရွယ်တဲ့ ဂျာမန် ကလေးငယ်တွေဟာ ဂျူးတွေရဲ့အကြောင်းကို သိကိုသိထားရမယ်၊ကြည့်စမ်းပါဦး၊ နွေဦးရာသီရောက်လာတာနဲ့ ဒီလို အဆိပ်ရှိတဲ့ မှိုမျိုးတွေဟာ တောအုပ်ရဲ့နေရာအနှံ့မှာ တွေ့ရသလို ဂျူးတွေဟာလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာတွေ့ရတတ်တယ်၊ဒီလို ဂျူးတွေဟာ လူသားတွေအတွက် ဖျားနာမှူ၊နာကျင်မှူတွေနဲ့ စိတ်ပျက်ဝမ်းနည်းဖွယ်ရာတွေကို ဆောင်ယူလာခဲ့ကြတဲ့အတွက် မေမေတို့ ဂျာမန်အမျိုးသားတရပ်လုံးအတွက်သာမဟုတ်ဘူး၊ တကမ္ဘာလုံးအတွက် အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့ မှိုလိုလူမျိုးတွေပဲ သားငယ်”
အထက်ပါ စာကြောင်းတွေကတော့ “ဂျူးလီယက် စတစ်စ်ချာ” ရေးသားပြီး ၁၉၃၈ ခုနှစ်မှာ ဂျာမန်ဘာသာနဲ့ပုံနှိပ်ထုတ်ဝေခဲ့တဲ့ အဆိပ်ရှိသောမှိုများ လို့ အမည်ရှိ ကလေးသူငယ်ဖတ် ပုံပြင်စာအုပ်အစပိုင်း ကို စာရှူသူများ ဖတ်ရှူလို့ကောင်းအောင်၊အဆင်ပြေအောင် ကျွန်တော် ဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ်။ ဒီစာအုပ်ထုတ်ဝေရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နာဇီပါတီ ရဲ့ ဝါဒဖြန့် နည်းမျိုးစုံထဲက တမျိုးဖြစ်ပြီး အောက်ခြေပြည်သူများအထိ အမုန်းတရားများ ပိုမိုပြန့်ပွါးလာအောင် ၊ မိမိတို့နာဇီပါတီကို လူကြိုက်များလာအောင် တနည်းပြောရရင် လူပြိန်းကြိုက်အောင်၊ ထိလွယ်ရှလွယ်ဖြစ်အောင် အယူအဆအမှားတွေကိုလက်ခံပြီး ပါတီကို လူထု ထောက်ခံမှူ ပိုမိုရရှိလာအောင် စနစ်တကျ ပုံနှိပ်ထုတ်ဝေခဲ့ခြင်းသာဖြစ်ပါတယ်။ နာဇီတို့ရဲ့ ဒီဝါဒဖြန့်နည်းဟာ အတော်လေးကို ထိရောက်ခဲ့တယ်လို့ပြောနိုင်ပါတယ်၊ အဲ စစ်ကြီး အပြီးမှာလည်း ဒီစာအုပ်ဟာ ဂျာမန်တို့ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှူတွေအတွက် ခုံရုံးတင်စစ်ဆေးရာမှာ အကောင်းဆုံးနဲ့ အထောက်အထား အခိုင်မာဆုံး သက်သေ တခုအဖြစ် တင်ပြနိုင်ခဲ့သလို ထူးခြားမှူအနေနဲ့ ဒီစာအုပ်ကိုရေးသားသူ ဂျူးလီယက် စတစ်စ်ချာ ကိုယ်တိုင်ဟာလည်း ကလောင် လက်စွမ်းလက်န ထက်မြက်မှူကြောင့် နာဇီဗိုလ်ချုပ်တွေရဲ့ ကောင်းကောင်းမြှောတ်စားခြင်း ခံခဲ့ရသလို နုရင်ဘတ် တရားရုံး မှာလည်း သူ၏ ချစ်လှစွာသော ဗိုလ်ချုပ်ကြီးများ နဲ့ အတူ ကြိုးပေးကွပ်မျက်တာကိုခံခဲ့ရပါတယ်။ ကျွန်တော်ဖော်ပြထားတဲ့ စာကြောင်းတွေက စာအုပ်ရဲ့အစပိုင်းပဲရှိပါသေးတယ်၊ စာအုပ်ရဲ့ နောက်ပိုင်းတနေရာမှာတော့ ဂျူးတွေရဲ့ ကျမ်းစာလာ စာသားတချို့ကို ကောက်ချက်ချ လိုရာဆွဲပြီး ဂျူးတွေရဲ့ယုံကြည်မှုဟာ တခြားလူမျိုးတွေအတွက် မျက်စိ စပါးမွှေးစူးစရာဖြစ်ကြောင်းကို ဒီလို ဖော်ပြထားပါသေးတယ်။ “တခြား တခြားသော လူမျိုးတွေဟာ ဂျူးလူမျိုးတွေအတွက် အစေခံဖို့ဖန်ဆင်းထားခြင်းဖြစ်တယ်။ ဂျူးတွေသာလျှင် လူသားဧကန်ဖြစ်တယ်၊ ဂျူးဝါဒကို မယုံကြည်သော လူများကို လူဟုပင် မခေါ်ဆိုထိုက်၊ ထိုသူများမှာ တိရိစ္ဆာန်ဟူ၍ခေါ်ဆိုကြရမည်” ဟု မူရင်း ဟီဘရူး ဘာသာမှ ဂျာမန်ဘာသာသို့ပြန်ဆိုပြီး ကိုယ်လိုရာကို ဆွဲရေးခဲ့ပါတော့တယ်။ ဒီစာအုပ်ရဲ့ နောက်ပိုင်းအခန်းတွေမှာတော့ ဂျူးကုန်သည်တွေဟာ ဂျာမန်တွေကို ဘယ်လိုလိမ်လည်လှည့်ဖျားပုံ၊ ကလေးငယ်နှစ်ယောက်ဟာ ဂျူးသားသတ်ရုံတခုကို ရောက်ရှိသွားပြီး ဂျူးသားသတ်သမားတွေ ဟာ သားကောင်ကို ဘယ်လိုရက်စက်စွာ သတ်ဖြတ်ပုံ စသည်တို့ကိုအခန်းလိုက် အခန်းလိုက် ရေးသားထည့်သွင်းပြီး စနစ်တကျနဲ့ ဝါဒဖြန့်ခဲ့ပါတယ်။ ဒီစာအုပ်ဟာ နာဇီတို့ရဲ့ စစ်အတွင်းက ဝါဒဖြန့်ရာမှာ အသုံးပြုခဲ့တဲ့ ရုပ်ရှင်၊ရေဒီယို၊စာအုပ်၊စာပေ စတဲ့ မီဒီယာလက်ကိုင်တုတ်များစွာထဲက ထင်ရှားတဲ့ သင်္ကေတတခုပါ၊ နာဇီတို့ တန်ခိုးထွားစဉ်က ထင်ရာစိုင်းခဲ့သလောက် စစ်ကြီးအပြီးမှာတော့ သူတို့ရဲ့ ကြမ်းခဲ့၊ရမ်းခဲ့တဲ့ ခြေရာ၊လက်ရာတွေကပဲ သူတို့ လည်ပင်းကိုကြိုးကွင်းစွပ်စေခဲ့ပါတော့တယ်။ ဒီစာအုပ်ကိုရေးသားခဲ့သူ ဂျာမန်လူမျိုး နိုင်ငံရေးသမားနဲ့ ဂျာနယ်လစ် တယောက်ဖြစ်သူ Julius Streicher နဲ့ နာဇီဗိုလ်ချုပ်ကြီးများရဲ့ မရှူမလှ ဇာတ်သိမ်းခဲ့ရပုံ မှတ်တမ်းထင်ထားတဲ့ဗီဒီယိုဖိုင် ကိုလေ့လာဖို့လင့်ပါ တခါတည်ပေးလိုက်ပါ့မယ်။


ရုန်းရင်းဆန်ခတ်ပုံများ မပါဝင်လို့ လူအတော်များများကြည့်ရှူဖို့သင့်တော်မယ်လို့ယူဆပါတယ်

အတီး( ဝါးလုံးရှည်)

0 comments:

Post a Comment