Monday, September 16, 2013

on Leave a Comment

ဂြီ နမော ဗုဒ္ဓဿ

သိုးဆောင်း ကုလား သက္ကရာဇ် ၂၀၀၀ နဲ့မှ ၁၃ ခုနှစ်၊၊ စက်တင်ဘာ လဆုတ်ရက်၏အလယ်ခေါင်တည့်တည့် ၁၅ရက်၊ ဆန်းဒေး။

ကော်နက်ရှင် မကောင်းသောဆင်းရဲ၊ ကားလမ်းပိတ်ကာ ထရက်ဖစ် မိရသော ဆင်းရဲ၊ မီးမလာ ရေပြတ် သောဆင်းရဲ၊ ခြင်ကိုက်သောဆင်းရဲ ၊ မြောင်းပိတ် ရေလျှံရသော ဆင်းရဲ၊ ဖုန်း ဘီလ် မလောက်မဌ ဖြစ်ရသော ဆင်းရဲ၊ လိုင်းကား ကြပ်ကာ ထောက်လှမ်းရေး အလုပ်ခံရသော ဆင်းရဲ၊ ဘောပွဲ ရှုံးရသော ဆင်းရဲ၊ အကြွေ မအမ်းနိုင်၍ သကြားလုံး၊တစ်ရှူးများ လက်ခံရသော ဆင်းရဲ၊ပိုက်ပိုက် ပြတ်၍ မာဆတ် ပုံမှန်မသွားရသောကြောင့် ကိုယ်လက်ညောင်းနာကိုက်ခဲ၍ အကြော အခြင်များ တောင့်တင်းရသော ဆင်းရဲ၊ လယ်မြေများ အတင်း အဓမ္မအသိမ်းခံရသော ဆင်းရဲ၊ဘွဲ့ရပြီးသော်လည်း အလုပ်လက်မဲ့ဖြစ်နေရသေးသောဆင်းရဲ၊၊ ထစ်ခနဲရှိ ဆန္ဒထပြကြသော ဆင်းရဲ၊ ကြက်ဥ အတု၊နို့မှုန့်အတုငရုတ်သီးမှုန့် အတုတို့ကို အတုမှန်း သိသိကြီးနဲ့ စားသုံးနေရသော ဆင်းရဲ၊ ဖေ့ဘုတ်ပေါ်တွင် ကြိုက်မှန်းမသိ မကြိုက်မှန်း မသိ ပို့စ်များတွင် အတင်းတဂ် လုပ်ခံရသော ဆင်းရဲ၊ဆိုင်ဆိုင်မဆိုင်ဆိုင် အတင်းဆရာကြီး ဝင်လုပ်ခံရသော ဆင်းရဲ၊ ဈေးများအား ပြောင်းရွှေ့ချင်၍ ချက်ချင်းလက်ငင်း ဝါယာရှော့ဖြစ်ကာ မီးလောင်၍ စီးပွါးပျက်ရသော ဆင်းရဲ၊ အမျိုးဘာသာ သာသနာ အတွက် ဘုမသိ ဘမသိ စိတ်ဆင်းရဲရသော ဆင်းရဲ၊ ကိုယ့်ဖင်ပြောင် ကိုယ်မမြင်ပဲ လူများဖင်ပေါက် လက်ညှိုးထိုးကာ ဟားတိုက်ရသော ဆင်းရဲ အစရှိသဖြင့် ဟိုဆင်းရဲ ဒီဆင်းရဲတို့ မျိုးစုံ နှိက်စက်ရသော ဤခေတ်ပျက်ကြီးအား စွန့်ထားခဲ့၍ စည်းကမ်းပြည့်ဝ၍ ခေတ်မှီ ဖွံ့ဖြိုးတိုးတက် သော သာပေါင်းညာစား ဒီမိုကရေစီ ဖက်ဆစ် နိုင်ငံတော် သစ်တရပ်ကြီး ပေါ်ထွန်းလာစေရန်နှင့်အတူ တိုင်းရင်းသားများ ငြိမ်းချမ်းစွာ အသက်ဇီဝိန် ချုပ်ငြိမ်းစေရန် အလို့ငှါရည်ရွယ်၍ ငါ၏ ချွေးနှဲစာမှ ဖြစ်ရသော စာရင်းပျောက် ဒေါ်လာ အစိမ်း ၁၁ ဘီလျှံ အား ကမ္ဘာ့ဘဏ် သို့ အကြွေးဖြင့် ငါပေးသွင်း၏။

ဤသို.လျှင် ငါပေးသွင်းသော ကောင်းကျိုးကုသိုလ် အဖို့ဘာဂ တို့အား စာဖတ်နေသူကြီးနှင့်တကွ သစ်ခွပန်းစိုက် ကော်ဖီရောင်း ပန်းချီပြခန်းဖွင့် ပြီး ဝမ်းစာရှာနေရသူတို့လဲ ရစေသတည်း။

တပ်ချုပ်ကြီး အစ လွှတ်တော် အဲယားကွန်းလေအေးအေး၌ စက်တော်ခေါ် နေကြသော တစ်မတ်သားတို့ အလယ်၊ အမဲရိုးကိုက်ကာ ငပိစား တိုက်ရသော မြန်မာ့ တပ်မတော်ဟု ဖေ့ဘုတ်ပေါ်တက် ကြုံးဝါးနေတတ်သော အဆဲ သခင် ဖင်ပိတ်ငြင်းနိုင်ကြသော ခွေးပေါက်စလေးများပါ မကျန် ရစေသတည်း။

လွှတ်တော် အတွင်းရှိ အွတ်ကထ ကြီးနှင့် တကွ လက်ညိုးထောင် ခေါင်းညိတ် ဘောင်းဘီဝတ် ဘောင်းဘီခ္ဈတ် ဖင်တုံးလုံး အမတ်မင်းများပါ မကျန် ရစေသတည်း။

အမေစုနှင့် တကွ သားသမီးများ၊ ဒီမိုသာကူး အူနုက္ဈဲခတ် နှင့်အတူ ရှစ်ပူး မျိုးဆက်များပါ မကျန် ရစေသတည်း။

ယခု လက်ရှိ သံမဒကြီး မိဘပြည်သူ ဦးသေးစိမ်နှင့် တကွ တော်လေးဝ ဝင် တနပ်စား ဝံကြီး၊ ဖယောင်းတိုင် ဝံကြီးတို့ အမှူးပြုသော ကြံ့ဖွတ် ဝံကြီး၊ ဝံလေး များပါ မကျန် ဖေ့ဘုတ်ဝံကြီး ဝူး ရဲထုဋ် မှတဆင့် ရစေသတည်း။

ကွကိုယ် ပြန်ပေးထားသော စတုထ္တ မဏ္ဍိုင် ထိုင်ကုန်း ထုံးကိုင် မီဒီယာ၊ လေဖန်းဒန်းစီး မီဒီယာ၊ မီးလောင်ရာ ဓာတ်ဆီလောင်း မီဒီယာ၊ ဖေ့ဘုတ်ပေါ်တတ် သတင်း လိုက်သလိုလိုနှင့် တင်သမျှ ကဗျာ၊သတင်း ဓာတ်ပုံများကို ခပ်တည်တည်နှင့် ခိုးချပြီး အလီဘာဘာ ၏ ခိုးနည်းလေးဆယ်ကို တဖက်ကမ်းခတ် တတ်မြောက်ထားသော ငတက်ပြား မီဒီယာ အပေါင်းတို့ လည်း အုံးအုံးကြွတ်ကြွတ် ရစေသတည်း။

ငါသည် လည်း အလှူရေစက် လက်နှင့် မကွာ ဤသို့ ပက်ပက်စက်စက် လှူဒန်း ရသော အကျိုးအား ကြောင့် စော်ကြည်၊ ထီပေါက်၊ သက်ရှည်၊ ကျန်းမာ၊ အလုပ်မလုပ်ပဲ ပိုက်ဆံဝင်၊ ဖေ့ဘုတ်ပေါ် ဘာပဲ တင်တင် လိုက်ခ် များများ ရစေလိုပါ၏။

အနှီ ငါ ရေးထိုးအပ်သော ဖေ့ဘုတ် ကျောက်စာကို ဣသာ မစ္စရိယစိတ်ထား ရှိကာ မနာလို မရူဆိတ် အခံဖြင့် အောက်က ကွန်မန့်ဘောက်တွင် ဆဲဆိုအံ့။ အမြင်မတူသော ကောမန့်များဖြင့် ဖင်ပိတ်ငြင်းအံ့။ ထို အကြင်သူသည် ယခု ဘွမှစ၍ ဘွ ဆက်တိုင်း ဆက်တိုင်း ဖေ့ဘုတ်ပေါ်တွင် ပို့စ်များ ရှယ်ခြင်း၊ ရေးခြင်း၊ မက်စေ့ပို့ခြင်း၊ ဖရန့်ရီကွတ် အသစ်ပို့ခြင်း အစရှိသည်များ အပြီးတိုင် ပိတ်၍၊ အပျိုကြီး ၊ လူပျိုကြီးများဖြစ်ကာ ငှက်ပျောတုံးဖက်၍ ရှောရပါစေသား။

ပုံ/
အတီး(ဝါးလုံးရှည်)

0 comments:

Post a Comment